Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeMyanmar Theatrical Traditionရိုးရာတွေ ပျောက်ကွယ်မှာစိုးရိမ်သူ မြန်မာပြည်...

ရိုးရာတွေ ပျောက်ကွယ်မှာစိုးရိမ်သူ မြန်မာပြည် ကျောက်စိမ်း

မြန်မာပြည်ကျောက်စိမ်းက သဘင်ပညာရှင်များအစည်း အရုံး(ဗဟို)ရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင် လျက်ရှိပါတယ်။ ဒါ့အပြင်သူဟာ ဆိုင်းပညာရှင်တစ်ဦးဖြစ် တဲ့အတွက် ဆိုင်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ပညာရပ်မြှင့်တင် ရင်းကော်မတီမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ သဘင်အစည်းအရုံး(ဗဟို)မှ ဆိုင်း ပညာရပ်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်း ၁ဝချက်ထုတ်ပြန် ချက်အပေါ်မှာတော့ ဆိုင်းပညာရှင်တစ်ဦးဖြစ်တဲ့သူအနေနဲ့ အထူးတလည်ပြောစရာမရှိဘဲ ဒီစည်းကမ်းချက်တွေကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ တတ်သိနားလည်တဲ့ဆိုင်းပညာရှင်ကြီးတွေရဲ့ သြဝါဒကို ခံယူပြီးမှသာလျှင် သူတို့ရဲ့ဆန္ဒကို ပြန် လည်ဖော်ထုတ်ပေးရတာပဲဖြစ်ကြောင်း၊ ဒါကလည်းရိုးရာယဉ် ကျေးမှုတွေ ပျောက်ကွယ်မှာလည်း စိုးရိမ်ခြင်းကြောင့်ဖြစ် ကြောင်း၊ မြန်မာပြည်ကျောက်စိမ်းကပြောပါတယ်။

“အခုကကျွန်တော်တို့ရဲ့ ရိုးရာတွေကို တီးချိန်ကနည်းလာ တယ်။ ခေတ်ဆန်တယ်ဆိုတာကလည်း ဆန်သင့်သလောက်တော့ ဆန်ရမှာပေါ့။ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနဲ့ ပရိသတ်တွေ ကို ဖျော်ဖြေရမှာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့မိရိုးဖလာတူရိယာ ပစ္စည်းတွေက ပျောက်ကွယ်လုဖြစ်ပြီးတော့ တိုင်းတစ်ပါးပစ္စည်း တွေက အပေါ်ကိုရောက်နေတယ်။ မြန်မာ့ဆိုင်းဝိုင်းကြီးနောက်မှာ အတိုအပြတ်တွေနဲ့လေ။ အခုဟာကအ နောက်မှာတောင် မဟုတ်တော့ဘူး။ ဆိုင်းရှေ့ကိုတိုးလာပြီ။ အဲဒါမျိုးလေး တွေဖြစ် လာတယ်။ အဲဒီတော့ ကျွန်တော်တို့ ရိုးရာတွေပျောက်မှာ စိုးလို့ ကြာရင်လည်းတကယ်လည်း ပျောက်ကွယ်တော့မယ်။ မဟာဂီတ သီချင်းကြီးတွေဆိုတာက ပြတိုက်ထဲ ရောက်တော့မယ်။ အဲဒီလို ဖြစ်နေတယ်။သီချင်းတွေလည်းလေ့လာမှု အားလည်းနည်းလာ တယ်။ ကြာရင် လုံးဝကိုပျောက်ကွယ် သွားတော့မယ်လို့ ယူဆပါ တယ်။ ဒါကြောင့်အစ်ကိုတို့အနေနဲ့ တစ်ဖက်တစ်လမ်းကနေ  အုတ်တစ်ချပ်သဲတစ်ပွင့်ထိန်းသိမ်းရမယ့် အချိန်ကာလလည်းဖြစ် တယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု မပျောက် ပျက်အောင်ထုတ်ပြန်တဲ့ စည်းကမ်း(၁ဝ)ချက်ကို အားလုံး လိုက်နာနိုင်မယ်လို့ ထင်ပါတယ်” လို့ ဆိုင်းပညာရပ်နဲ့ပတ်သက်လို့ မြန်မာပြည်ကျောက်စိမ်းကပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071