Tuesday, April 21, 2026

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...
HomeCelebrities' Newsရုပ်ရှင် ထုတ်လုပ်ရေး လုပ်ဖို့...

ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ဖို့ ရှိ၊မရှိဆိုတဲ့အမေး လွင်မိုး ရဲ့ အဖြေ

ရုပ်ရှင်ရုံနဲ့ ပတ်သက်လို့ Paradiso ရုပ်ရှင်ရုံတွေကို နယ် အနှံ့လိုက်လံဖွင့်လှစ်နေတဲ့ ရုပ်ရှင် မင်းသားကြီးလွင်မိုးက ရုပ်ရှင်ဇာတ် ကားတွေတိုးတက်ဖို့၊ ရုပ်ရှင်ရုံစနစ် တိုးတက်ဖို့၊ ရုပ်ရှင်လောကတိုးတက်ဖို့ စတာတွေနဲ့ ပတ်သက်ပြီး သူ့အမြင် ကို အခုလိုပြောပြလာပါတယ်။

“ကျွန်တော့်ရဲ့ ရှေ့မှာရှိတဲ့ ဘကြီးတွေ၊ ဦးလေးတွေ၊ အစ်ကိုကြီးတွေ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ဒီဘက်မှာ ဦးကျော်သူကို ပြမယ်ဆိုရင် ဟိုဘက်မှာ ဦးဝင်းဦးကား။ ဦးဝင်းဦး ဇာတ်ကား ကောင်းရင် ဦးဝင်းဦးဇာတ်ကားလူပြည့်သွားမယ်။ ဦးကျော်သူဇာတ်ကားလူ တစ်ယောက်မှ မရှိဘူးဖြစ်သွားမယ်။ အဲဒီတော့ လူတွေကရုပ်ရှင်ကို စိတ်ပူလာမယ်။ စိုးရိမ် စိတ်တွေများ လာမယ်။ ပရိသတ်ကြိုက်အောင်ဘယ်လိုရိုက်ကူးမလဲဆိုတာဖြစ်လာ ကြပြီ။

ဒါဟာရုပ်ရှင်တိုးတက်မှုပဲ။ နေ့စဉ်နဲ့အမျှ ဘာဇာတ်ကားပဲဖြစ်ဖြစ် ရိုက်ကူးနေတဲ့ပုံစံမျိုး နဲ့တော့မရဘူး။ ပြသတဲ့ပုံစံအပိုင်းမှာလည်း ဇာတ်ကားကောင်းရင်ကောင်းသလို အပြင်မှာ သတင်းထွက်လာမယ်။ ဘယ်သူတွေကတော့ ဘာဇာတ်ကား ရိုက်နေပြီ။ ဒီလိုသတင်းတွေထွက် လာပြီဆိုလို့ရှိရင် ပြသမှုအပိုင်းမှာ လည်း ကျွန်တော် တို့ကနေပြီးတော့ ဦးစားပေးပြသတဲ့အပိုင်းတွေဖြစ်လာမှာ။ အဲဒီတော့အရေးကြီးတာကဇာတ်ကားကောင်းဖို့ဆိုတဲ့အပိုင်း တွေဖြစ်လာပြီ။ ပရိသတ်လက်ခံနိုင်အောင်ကြိုး စားရမယ့်အပိုင်းတွေဖြစ်လာပြီ။ အနု ပညာအရည်အသွေးတွေ အများကြီးထည့်ရမယ့် တာဝန်တွေကြီး လာ ပြီ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ရုပ်ရှင်လောကတိုးတက်လာ မှာ ပါ”လို့ လွင်မိုးထံမှသိရပါတယ်။ ရုပ်ရှင်ရုံတွေတည်ဆောက်နေတာ ဆိုတော့ ရုပ်ရှင်ဇာတ်ကား တွေမှာပြန်လည်သရုပ်ဆောင်ဖို့ကော ရှိဦးမလားဆိုတော့……

“ဒီရုပ်ကြီးက ကိုယ့်ကိုယ်ကိုယ်တောင် မနည်းပြန်ကြည့်နေရ တော့လေ။ ပရိသတ်ကိုလည်း မပြချင်တော့ပါဘူး” လို့ပြောပါတယ်။ ဒါဆိုရုပ်ရှင်ထုတ်လုပ်ရေးဘက်ကိုကော ခြေဦးလှည့်ပါဦးမလားလို့ မေး ပြန်တော့”ကိုယ်တိုင်လည်း ထုတ်လုပ်ရမှာပေါ့။ ကိုယ့်မှာလည်း သူငယ်ချင်းအပေါင်းအသင်းတွေရှိပြီးသား။ ဒီလုပ်ငန်းကိုလည်း ကျွမ်းကျင် ပြီးသား။ ဘယ်လိုဇာတ်ကားမျိုးကိုရိုက်ကူးရင်အခုချိန်မှာပေါက်မလဲဆိုတာကို လည်းကိုယ့်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာလေးနဲ့ စဉ်းစားတတ်နေပြီဆိုတော့ ကိုယ်လည်းထုတ်လုပ် ရေးအပိုင်းတွေလုပ်ရမှာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071