Saturday, May 2, 2026

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြု...

လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ နှစ်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်...

ပဲခူးတိုင်းမှလူရည်ချွန်များကို တိုင်းဝန်ကြီးချုပ်ကထောက်ပံ့ငွေကျပ် (၁၃၂) သိန်း...

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းမှလူရည်ချွန်ကျောင်းသား/သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ ၁ ရက်နံနက်ပိုင်းတွင် ထောက်ပံ့ငွေကျပ် (၁၃၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း...

IBEC ဆရာတော်နှင့် Taiwan Nibbâna...

အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၏ IBEC ဆရာတော်နှင့် Taiwan Nibbâna Society တို့စုပေါင်း၍ စစ်ကိုင်းတိုင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၅၅)...
HomeCelebrities' Newsနှစ်တိုင်း Birthday Show...

နှစ်တိုင်း Birthday Show လုပ်ချင်တယ်ဆိုသူ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းက ‘ဂါ’ အခွေမှာ တေးသီချင်း ၁၃ပုဒ်ခန့် ပါရှိပေမယ့် Music Video ကိုတော့ ၈ပုဒ်ပဲ ရိုက်ကူး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။   အဆိုတော်တွေ အနေနဲ့ အခုနောက်ပိုင်းမှာ ပေါက်တဲ့ သီချင်းတွေကိုသာ Music Video ရိုက်ကူးတာများလာပေမယ့် သူ့အနေနဲ့ သီချင်း ၈ပုဒ်ကိုပဲ ရိုက်ကူးဖြစ်ခဲ့ပြီး အကောင်းဆုံးကြိုး စားထားတာဖြစ်လို့မို့ တတ်နိုင်တဲ့သူတွေ အနေနဲ့ မူရင်းအခွေသာ ဝယ်ယူ အားပေးကြစေလိုကြောင်း ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

‘ဂါ’အခွေထဲက သီချင်း ၈ပုဒ်ပဲMusic Video ရိုက်ကူးဖြစ် တယ်။ ဝိုင်းစုက ‘မက်လောက်စရာ’ စရိုက်ကူးကတည်းက သရုပ်ဆောင် ဘက်ကနေလာတာဖြစ်တော့အရုပ်ကိုရူးသွပ်တယ်။ နိုင်ငံခြား MTV တွေ ကြည့်ပြီး ကိုယ်လည်း ရိုက်ကူးချင်တယ်။ အဲဒီလောက် မရိုက် ကူးနိုင်ပေမယ့် ကိုယ့်အတိုင်းအတာနဲ့ကိုယ် အ ကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးချင်တယ်။ ဟိုး အရင် မက်လောက်စရာဆို ဘယ်သူမှ သိပ် မရိုက်ကူးသေးခင် ခေတ်ကတည်းက တစ် ပုဒ် ကို ငွေကျပ် ၃ ၊ ၄ သိန်းကုန်ကျခံ ရိုက် နေရတဲ့ ခေတ်က ဝိုင်းစု စရိုက်ကူးတာငွေ ကျပ် ၁၅သိန်းကုန်ကျတယ်။

Title သီချင်း ပဲ ရှိသေးတယ်။’မျက်လှည့်’ကျတော့ အဲဒီ ထက် ၂ဆကျော်တက်သွားတယ်။ ‘အာ ဘွား’ကျတော့ မျက်လှည့်ရဲ့ နှစ်ဆကျော် တက်သွားတယ်။ အခု ဝိုင်းစုက ‘မယ် သီတာ’က ခြောက်ခွေဖြစ်သွားပြီဆိုတော့ တက်တဲ့စရိတ်က တော်တော်များသွားပြီ။ အရင်တုန်းကဆိုရင် ဝိုင်းစုတို့ အခွေ ရောင်းရသေးတယ်။  ဘာပဲဖြစ်ဖြစ် နည်း နည်းခံသာသေးတယ်။ အရင်တုန်းက ဆိုရင်လည်း ကော်ပီတွေ ရှိပေမယ့် ကော်ပီရောင်းတဲ့ ဆိုင်ကို သွားဝယ်ရ တာ နည်းနည်း ခက်သေးတယ်။ အခုကျတော့Download Link က ဖေ့စ်ဘုတ်ခ်ပေါ် တက်လိုက်တာနဲ့ ဒေါင်းလို့ရပြီ။ အဲဒီလိုဆို တော့ပိုဆိုးသွားတယ်။ဘယ်အနုပညာရှင် မဆို အားစိုက်ထုတ်ပြီး လုပ်ထားတယ်။ အကုန် လုံး ကနိုင်ငံခြားကလိုပဲပေါက်တဲ့သီချင်းလောက်ပဲ ရိုက်ကူးကြတော့တယ်။အဲဒီအပေါ်မှာတော့ ဝိုင်းစု က ဇွဲမလျှော့သေးဘူး။ ၈ပုဒ် လောက်တော့ ရိုက် လိုက်သေးတယ်” လို့ ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

  ‘ဂါ’ Music Video ကို ဒီဇင်ဘာလ ၁၆ရက် နေက လှည်းတန်း စင်တာမှာ Promotion ပွဲပြုလုပ်ခဲ့ ပြီး Birthday Show လက်မှတ်တွေကို ကံစမ်းမဲ ဖောက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဝိုင်းစုခိုင်သိန်း က ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ပြုလုပ်မယ့် Birthday Show ပွဲကိုလည်း အ ကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ကြောင်းကို…

“Birthday Show မှာဆိုရင် ထူးထူးခြားခြား Theme တွေခွဲထားတယ်။ မပျင်းရအောင် လုပ်ထား တယ်။ ဝိုင်းစုပွဲကိုလာပြီးကျေနပ်သွားတယ် ဆိုရင် ကျေနပ်ပါပြီ။ ဝိုင်းစု လုပ်ချင်တာတော့ ဝိုင်းစုမွေးနေ့ မှာပဲ ရှိုးပွဲလုပ်ချင်တယ်။ နှစ်တိုင်း Birthday Show လုပ်ချင်တယ်။ ဒီနှစ်ကတော့ စမ်းသပ်ပြီး လုပ်ရမှာပေါ့” လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။

ခိုင်ဝေလွင် 

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071