Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomePopular Academy2017 Academyမြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်ရေးအဖွဲ့ဝင်တို့ရဲ့ ...

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်ရေးအဖွဲ့ဝင်တို့ရဲ့ ၂ဝ၁၇ အကယ်ဒမီစာရင်းဝင် ဇာတ်ကားများအပေါ် စကားသံများ

၂ဝ၁၇ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားရှိပြီး မြန်မာ့ရုပ်ရှင်စိစစ်အကဲဖြတ်ရေးအဖွဲ့ကအကဲဖြတ်အမှတ်ပေးနေတာ တော်တော်လေးခရီးရောက်နေပါပြီ။ မြန်မာ့ရုပ်ရှင်စိစစ် အကဲဖြတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးဆောင်အမှုဆောင်အဖွဲ့မှ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပေးခဲ့ပြီး သရုပ်ဆောင်များ၊ ဇာတ်ညွှန်းပညာရှင်များ၊ ဓာတ်ပုံပညာရှင်များ၊ အသံပညာရှင်များ၊ တေးဂီတပညာရှင်များ၊ တည်းဖြတ်ပညာရှင်များ၊ ဒါရိုက်တာပညာရှင်များဆိုတဲ့ အလွှာအသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များစွာ ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဘယ်အနုပညာရှင်၊ အတတ်ပညာရှင်တွေက ထူးချွန်ဆုကို ဆွတ်ခူးပြီး ဘယ်အနုပညာရှင်၊ အတတ်ပညာရှင်တွေက ထူးချွန်ဆုနဲ့ လွဲသွားကြလေမလဲဆိုတာ စောသေးပေမယ့် အကဲဖြတ်နေကြတဲ့ အဖွဲ့ဝင်လူကြီးတွေကို ပေါ်ပြူလာက ဦးစွာသွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်…

ဦးကြည်စိုးထွန်း

ဇာတ်ကားတွေတော်တော်များ များတော့ ကြည့်ခဲ့ကြပြီ။ နောက်ထပ် လည်းတော်တော်များများလိုသေး တာပေါ့။ တချို့ကားလေးတွေလည်း ကောင်းတယ်။ သဘောကျတယ်။ အများပြည်သူအတွက် အကျိုးပြုမယ့် ကားလေးတွေပေါ့။ တချို့ကားတွေကျ တော့လည်း စိတ်ညစ်တာပေါ့။ ၂ နာရီပြီးအောင်သာကြည့်ရတာ။ စိတ် ညစ်တယ်။ သို့သော်လည်း ကိုယ့် တာဝန်ရှိတော့ ပြီးအောင်ကြည့်ရတာ ပေါ့။ တချို့ကားလေးတွေက ကောင်း ပေမယ့် ရည်ရွယ်ချက်ကျတော့ မကောင်းပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ၅၃ ကားကိုတော့ ပြီးအောင်ကြည့်ပြီးတော့ နောက်ထပ်ရွေးတဲ့ကားတွေကို အထပ် ထပ်ပြန်ကြည့်ရဦးမှာပေါ့လေ။ သူ့အ မြင်၊ ကိုယ့်အမြင်ပြောကြရမှာပေါ့ လေ။ တစ်ခုရှိတာက ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟပေါ့လေ။ အဂတိ ၄ပါးနဲ့ကင်းအောင်ဆိုတဲ့ စိတ်မွေးပြီး တော့အတတ်နိုင်ဆုံး အနုပညာမြောက် တဲ့၊ အများပြည်သူ အကျိုးပြုနိုင်တဲ့ အကယ်ဒမီရှင်တွေကိုရွေးထုတ်ပေး နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

x x x x x x x x x x x x x x x x x x 

ဦး မြင့်ဦးဦးမြင့်

ဇာတ်ကား ၅၃ကားကို အလွှာ လိုက်ကြည့်တာပေါ့။ ၁၁လွှာလုံး ကြည့်တဲ့အခါကျတော့ ပြန်ကြည့်သင့် တဲ့ကားကို ဝမ်း၊ မကြည့်သင့်တဲ့ ကားကို ဇီးရိုး၊ အဲဒီလိုသတ်မှတ်ချက် ခွဲပြီးတော့ ကြည့်နေပါတယ်။ အသံ က အသံအလွှာ၊ တည်းဖြတ်က တည်းဖြတ်အလွှာ၊ ဓာတ်ပုံက ဓာတ် ပုံအလွှာ၊ ဇာတ်ညွှန်းက ဇာတ်ညွှန်း အလွှာ၊ သရုပ်ဆောင်က သရုပ် ဆောင်အလွှာ အဲဒီလိုခွဲထားပါတယ်။ အခုက Digital ခေတ်ဆိုတော့ အရုပ် တွေ၊ အသံတွေပိုကောင်းလာတယ်။ အိုက်တင်တွေလည်း တော်တော်တိုး တက်လာပါတယ်။ အကယ်ဒမီဆိုတာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စောင့်ကြည့်ကြတဲ့ပွဲဆိုတော့ အကယ် ဒမီမရသေးတဲ့သူတွေကို အကယ်ဒမီ ရစေချင်တယ်။ တကယ်ထူးချွန်တဲ့ သူကိုပေးမှာဖြစ်တဲ့အတွက် တကယ် ထူးချွန်တဲ့သူကိုထိုက်ထိုက်တန်တန်ရစေချင်ပါတယ်။ အကယ်ဒမီရတဲ့ အတွက် မိမိဘဝလည်းပြောင်းသွား တာပေါ့။ ဂုဏ်ရှိတယ်။

x x x x x x x x x x x x x x x x x x 

Dr-Andrew Kong

ရုပ်ရှင်နောက်ခံတေးဂီတနဲ့ ပတ် သက်လို့ ဆရာနည်းနည်းပြောချင် တာက အခုလက်ရှိဆရာတို့ကားတွေ တော်တော်များများကြည့်တယ်။ ကြည့်ခဲ့တဲ့အထဲမှာ နိုင်ငံခြားက သူ တို့ပြောပြောနေတဲ့ Original Song Track တွေဆိုရင် Music တွေနဲ့ ဇာတ်ကိုပို့တဲ့နေရာမှာ တအားကွာ ခြားနေတယ်။ အားနည်းချက်တစ်ခု ကတော့ မလိုဘဲတီးတဲ့နေရာတွေ၊ ရုပ်ရှင်ကားကြီးတစ်ခုလုံး နောက်ခံ တေးဂီတလုပ်နေတာကို ကီးဘုတ် လေးတစ်လုံးနဲ့ ကွန်ပျူတာနဲ့ချိတ်ပြီး တော့ အသံလေးပါရင်ပြီးရောဆိုတဲ့ ဟာတွေ အများကြီးတွေ့ရတယ်။ ဒါ ဟာရုပ်ရှင်နောက်ခံတေးလို့မခေါ် ဘူး။ ရုပ်ရှင်နောက်ခံတေးဆိုတာ သူ့ရဲ့ Subject က ဘာသာရပ် တစ်ခုအနေနဲ့ သပ်သပ်ရှိတယ်။ ဒါ တွေကို လေ့လာဖို့၊ အများကြီးလိုတယ် ပေါ့နော်။

x x x x x x x x x x x x x x x x x x 

ဒါရိုက်တာ ဟိန်းစိုး

အခုကတော့ ပထမအဆင့်ပေါ့။ ဇာတ်ကား ၅၃ကား။ ဒီအပေါ်မှာ ကောင်းသည်၊ ဆိုးသည် ကြည့်ပြီး ကောင်းတဲ့ကားဆိုရင် နောက်တစ် ဆင့်တက်ဖို့ ဆန်ခါစစ်နေတာပေါ့ လေ။ အကဲဖြတ်အဖွဲ့ဝင်တွေအနေနဲ့ ကတော့ ပြန်ကြည့်သင့်တဲ့ကား၊ မကြည့်သင့်တဲ့ကားဆိုပြီး အကြောင်း အရာလေးတွေနဲ့ ထောက်ပြီးတော့ ဒီကားကအသံတွေကောင်းတယ်။ နောက်ခံတေးဂီတကောင်းတယ်။ ဒီ သရုပ်ဆောင်က မဆိုးဘူး။ ဒါရိုက် တာကဘယ်လိုစသဖြင့် အမှတ်ပေး ပြီးတော့ ရွေးထားတာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင် ပိုင်းမှာ ရသ ၉ ပါးမှာ ၆ ပါးလောက် နိုင်နိုင်နင်းနင်းလုပ်နိုင်လို့ရှိရင် ဒါ ဟာ Actor ကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရတာပေါ့။ ရသတစ်မျိုး တည်းပေးသွားတာတို့၊ နှစ်ခုနဲ့ယူသွား တာတို့မဟုတ်ဘဲနဲ့ ရသစုံပေးနိုင်ရ မယ်။ အဲဒီအထဲဝင်သွားရင်တော့ အကယ်ဒမီရမှာပေါ့။ ကျွန်တော်တို့ ဒါရိုက်တာအနေနဲ့ ပေးတဲ့အချိန်မှာ ဘာရှိသလဲဆိုတော့ ဒီမှာကတော့ ကဏ္ဍခွဲထားတာပေါ့။ ဒါရိုက်တာ တစ်ယောက်က ဒါရိုက်တာနဲ့ ဇာတ် ကားဆုပဲပေးရမယ်။ ဒါပေမဲ့ အောက် ပိုင်းမှာတော့ ဘယ်ကားလေးက ပြန်ကြည်သင့်တယ်။ ဘယ်ကားလေး မှာ သရုပ်ဆောင်ကမရှင်းဘူး။ အသံ လေးကဖမ်းထားတာကောင်းတယ်။ လိုင်းအစုံထဲမှာအခုထိတော့ အမှတ် ပေးတယ်။ အပေါ်အဆင့်ရောက် သွားတဲ့အခါမှာ ကိုယ့်တာဝန် ကိုယ် ယူရမှာပေါ့။

x x x x x x x x x x x x x x x x x x 

ဒါရိုက်တာ မောင်သီ

ကျွန်တော်တို့ Rules and Regulations ကို ပြင်ဖို့ ကျွန်တော် တို့ ရှေ့လကလုပ်တဲ့ ရုပ်ရှင်ညီလာခံ မတိုင်ခင်ကတည်းက ပြောတယ်။ စည်းရုံးတယ်။ အချိန်မမီတော့ဘူး။ သိပ်ကပ်သွားပြီ။ နောက်နှစ်မှ ကိုသီ တို့လုပ်ပါ။ အရင်နှစ်က မူဝါဒအတိုင်း ပေးပါဆိုတော့ ကျွန်တော်တို့ ဒီနှစ် မှာ အရင်ဆွဲထားတဲ့ Rules and Regulations အတိုင်းပဲပေးရမှာ ပေါ့။ နောက်နှစ်မှ ကျွန်တော်တို့ စိတ်တိုင်းကျ ပြန်လုပ်လို့ရမယ်။ ကျွန်တော်တို့ အဓိက Take Care လုပ်တာက ဒီနှစ်က ရှေ့နှစ်တွေလို မျိုးပွဲပြီးသွားရင် ပြဿနာတွေ မဖြစ်အောင် ကျွန်တော်တို့ထိန်းဖို့ ပေါ့။ ဇာတ်ကားတွေမှာ၊ ဆိုရင်လည်း ဟာသရှိမယ်။ အက်ရှင်ရှိမယ်။ သရဲရှိမယ်။ ရိုမန့်ရှိမယ်။ ဒရာမာရှိ မယ်။ မျိုးစုံပေါ့။ သို့သော် ပေးတဲ့ အပေါ်ကတော့ဆိုကြပါစို့။ သရုပ် ဆောင်ပေါ့။ သူ့ရဲ့ အိုက်တင်ကိုပဲ ကြည့်ပေးရမှာလေ။ ဟာသမို့လို့ မပေးဘူးလို့တော့ ရှေ့ကလူတွေ လည်းလုပ်ခဲ့မယ်မထင်ဘူး။ တကယ့် တကယ် နင်လားငါလားလုပ်လာတဲ့ အခါမှာPlus Acting နဲ့ Minus Acting အခြေခံဖြစ်နေတဲ့အတွက် ကြောင့် ဒရာမာတို့က Plus တွေလုပ် ရတာကိုး။ အဲဒီတော့ အားသာသွား တာဖြစ်မှာပါ။ တကယ့်တကယ် ဇာတ်လမ်းသဘောသဘာဝအရဟာ သပဲ။ ဒါပေမဲ့ ကောင်းနေလို့ရှိရင် ပေးခဲ့တဲ့ အစဉ်အလာတွေရှိပါတယ်။ ဦးစိန်မြင့်တို့ရခဲ့တယ်။ ဖိုးပါကြီးရခဲ့ တယ်။ ဒီနှစ်ကတော့ လူကိုမူတည် ပြီးပေးမှာမဟုတ်ဘူး။ မူနဲ့ပဲ သွား မှာပေါ့။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ အဓိကထိန်းတဲ့ဟာက ၄ ချက်ပဲရှိပါတယ်။ အဲဒါဘာလဲ ဆိုတော့ ကိုယ်ချစ်လို့၊ ရင်းနှီးလို့၊ ကိုယ်နဲ့ အကျွမ်းဝင်လို့ပေးတာမဖြစ် စေရဘူး။ ကိုယ်မကျေနပ်လို့၊ မကြိုက် လို့၊ ကိုယ်နဲ့မရင်းနှီးလို့ မပေးတာ ကျွန်တော်တို့မဖြစ်စေရပါဘူး။ ဒီ ကောင့်ကိုပေးလိုက်လို့ ငါဘာတော့ ရမှာပဲကွာဆိုတဲ့ မျှော်ကိုးပြီးပေးတာ လည်းမဖြစ်စေရပါဘူး။ ရိုးရိုးရှင်း ရှင်းပြောရရင်တော့ အဂတိလေးပါး ပေါ့။ ချစ်လို့၊ မုန်းလို့၊ လာဘ်လာဘ မျှော်ကိုးလို့၊ ကြောက်လို့ ဒီ၎ခုကို တော့ ဒီနှစ်မှာ သေချာအောင် Control လုပ်တယ်လို့ပြောချင်ပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071