ၾကြိဳးမဲ့ bluetooth နားကြပ်ကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိပါသလား
အက်ပဲလ် လို အကြီးစားစမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီက AirPods ခေါ် ကြိုးမဲ့နားကြပ်ကို ကမ္ဘာအနှ့ံ မိတ်ဆက်ရောင်းချခဲ့ပြီးနောက် အနည်း ငယ်သော ကြိုးမဲ့နားကြပ် အသုံးပြုသူ အရေအတွက်ကနေ အခုခါ မှာ တော့ ခေတ်သစ်လူသားတွေရဲ ့ဘဝတွေထဲကို ထိုးဖေါက်ဝင်ရောက် သွားတဲ ့ ဖက်ရှင်ရေစီး ကြောင်းတစ်ခုအဖြစ် ပျ့ံနှံ ့နေတာကြောင့် တခြား ထုတ်လုပ်သူတွေကလည်း Bluetooth နားကြပ် ဈေးကွက်ကို ပိုမိုထိုးဖောက်လာပါတော့တယ်။
အလားတူ ကြိုးမဲ့စနစ်နဲ ့ သီချင်းနားထောင်ခြင်းဟာလည်း ရေပန်း စား လာနေပါတယ်။ အကြောင်းက ကြိုးမဲ့စနစ်နဲ ့ သီချင်းနားထောင်ခြင်းဟာ နားကြပ်ကြိုးရှှုပ်ထွေးခြင်း၊ ကြိုးငြိနေခြင်း စတဲ ့အဖြစ်တွေ ကနေ ကင်း ဝေး စေလို့ပဲဖြစ်ပါတယ်။
နားပေါက်ထဲထည့်သွင်းထားသလိုဖြစ်တဲ့နားကြပ်ဟာ RF(Radio Frequency) လို ဦးခေါင်းတစ်ရှူးက ိုအမြင့်ဆုံးထိခိုက်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန်နိုင်ငံ ကော်လိုရာ ဒိုတက္ကသိုလ်က ဇိဝဓာတုပိုင်းကျွမ်းကျင်သူ ဒေါက်တာ ဂျက်ဖရီ ဖီးလစ်က Airpods Bluetooth နဲ့ပတ် သက်ပြီး စိုးရိမ််ကြောင်းဆိုပါတယ်။
ဒေါက်တာဖီးလစ် တစ်ဦးတည်းမဟုတ်ပဲ အရင််ကလည်း နိုင်ငံ၄၀မှ သုတေတီ၂၅၀ဦးကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သက် သေပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲနဲ ့ ကမ္ဘာ ့ကုလသမဂ္ဂအဖွဲကြီး ဆီသို့ လည်း လက်မှတ်ထိုး အစီရင်ခံပေးပို့ကြပါတယ်။ ဒါပေမယ့်လည်း “Bluetooth-connected devices” ဆိုပြီး စမတ်ဖုန်းနဲ့ Bluetooth Function ရှိတဲ့ပစ္စည်းတိုင်းမှာ တွေ့ရတဲ့ Non-ionizing Radiation လိုသံလိုက်လှိုင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို အတည်ပြု ရန်သာ ဖြစ်ပါတယ်။
ဒါဆိုရင် ကြိုးမဲ့နားကြပ်ထုတ်လုပ်ရောင်းချနေတာ ကျန်းမာရေးအတွက် အန္တရာယ်ရှိမရှိကြိုတင်စစ် ဆေးခြင်းမရှိခဲ့ဘူးဆိုတဲ့သဘောလား ဆိုပြီး မေးခွန်ထုတ်စရာဖြစ်နေပါတယ်။ အဖြေက မဟုတ်ပါဘူး။ စမတ်ဖုန်းမှ တဆင့် ရေဒီယို လိုင်း ကြားခံကာ နားကြပ်ကိုအသုံးပြုခြင်းဟာရေဒီယို အသံလှိုင်းကို နား ထဲ အထိ ပို့ဆောင်နေတာမဟုတ်ပဲ နားအပြင် ဘက် ပတ်ဝန်းကျင်တစ်ဝိုက်မှာပဲရှိတယ်လို့ အမေရိကန် ဗဟိုအစိုးရကစစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် Bluetooth ကနေလွှင့်တဲ့ ရေဒီယိုလှိုင်းဟာ စမတ်ဖုန်းကလာတဲ့ ရေဒီယိုလှိုင်းထက် ၁၀ဆမှာ ၁ဆပဲရှိပါတယ်။ Bluetooth က ရေဒီယို လှိုင်းအပေါ် စိုးရိမ်မယ့်အစား စမတ်ဖုန်းကလာတဲ့ရေဒီယိုလှိုင်း ကို ပိုစိုး ရိမ် သင့်တယ်လို့ အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးယား တက္က သိုလ် က ဇီဝဆေးအင်ဂျင်နှီ ယာ ပရော်ဖက်ဆာ ဒေါတ်တာ ကန် ဖော်စတာက ဆိုပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် သင့်က Bluetooth လိုကြိုးမဲ့နား ကြပ် အသုံးပြုပြီး အချိန်ကြာကြာစကားပြောခြင်းဟာ ဖုန်းကိုနားကပ်ပြီး အချိန်ချိန်ကြာကြာစကားပြောခြင်းလောက် ကျန်းမာရေးအတွက် စိုးရိမ် ဖွယ်မရှိဘူးလို့ တွေ့ရပါ တယ်။