Wednesday, June 17, 2026

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...

ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်...

ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်ရေးအဆို ချင်းပြည်နယ်လွှတ်တော်...

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...
HomeNewsLocal News(၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား...

(၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲနှင့်ပြိုင်ပွဲကို ကျင်းပမည်

(၂၁) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ယခုလ (၁၂) ရက်မှ (၁၅) ရက်အထိ မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို (၇၈) လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲ၊ ရာသီပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ရွက်လှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီးယားပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(စင်ဘီးဒီးယမ်းပြိုင်ပွဲ)၊ ပြည်ပသစ်ခွ(ဗန်ဒါပြိုင်ပွဲ)၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ များပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အလားတူ ရှားဇောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်(ဘွန်ဆိုင်း) ပြိုင်ပွဲ၊ အသီးပါတဲ့ အလှအပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အရွက်ပြိုင်ပွဲ(ဥပမာ-မုန်ညင်းရွက်)၊ ဟင်းသီးဟင်းရွက် အထုပ်ပြိုင်ပွဲ(ဥပမာ-ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်)၊ ဟင်းသီးဟင်းရွက် အသီးအပါအဝင် ပြိုင်ပွဲ(ဥပမာ-ခရမ်း၊ ငရုတ်)၊ ဟင်းသီးဟင်းရွက် ဥပြိုင်ပွဲ(ဥပမာ-မုန်လာဥ)၊ သစ်သီးပြိုင်ပွဲ(ဥပမာ-သင်္ဘောသီး၊ ဖရဲသီး)၊ ဟင်းသီး အသီးအလုံးလိုက်ပြိုင်ပွဲ(ဥပမာ-ဘူးသီး)၊ သစ်သီးဝလံအခိုင်လိုက်ပြိုင်ပွဲ (ဥပ မာ-ငှက်ပျောခိုင်၊ အုန်းသီးခိုင်)၊ သစ်သီးဝလံဥပြိုင်ပွဲ (ဥပမာ-စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)၊ ဟင်းသီးအသီး အနှံအတွဲလိုက်ပြိုင်ပွဲ (ဥပမာ-ခရမ်းချဉ်သီး)နှင့် သစ်သီးပုံဖော်အလှဆင်ခြင်း ပြိုင်ပွဲများ စုစုပေါင်းပြိုင်ပွဲပေါင်း (၂၃) ပွဲမျိုးကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၃) ဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်း ကွပ်ကဲရေးရုံးသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် ရုံးချိန်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားအများစုသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပြီး မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သည့် ဓာတ်တော်မွေတော်များကို အထူးတန်ဖိုးထားကြကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၌ ထိန်းသိမ်းပူဇော်ထားသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်ခွင့်ရရှိစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုသို့ မြတ်ဗုဒ္ဓ၏...

ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏ ခေတ်မီမြို့ပြညအလှကို လေ့လာကြည့်ရှုခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ ဟွမ်းဖု (Huangpu) မြစ်ကြောင်းတစ်လျှောက်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများ၊ မြစ်ကမ်းနံဘေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။ ထို့ပြင် ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုများ၊ လူမှုဘဝလှုပ်ရှားသွားလာနေမှုများနှင့် မြို့ပြလူနေမှုဘဝပုံစံများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။ ဟွမ်းဖုမြစ်သည် ရှန်ဟိုင်းမြို့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071