Thursday, July 16, 2026

အိန္ဒိယသံရုံး စီစဉ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်...

နေပြည်တော်၊ ဇူလိုင်-၁၆ နေပြည်တော်ရှိ MGallery Hotel တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲသို့ 7...

တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ...

ရန်ကုန်ရှိ အဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ်...

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်အခြေအနေကို အကဲဖြတ်စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံငလျင်ကော်မတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ Pilot Project အဖြစ် ဇူလိုင်လ...

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော...
HomeNewsLocal News၂၀၂၇ ခုနှစ် ယူ-၁၇...

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းအုပ်စု (G)တွင်ကျရောက်၊

အုပ်စု (G)ပွဲစဥ်များ  ရန်ကုန်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၀၂၇ ခုနှစ် ယူ-၁၇ အမျိုးသမီး အာရှဖလားပြိုင်ပွဲ (AFC U17 Women’s Asian Cup China 2027)အတွက် ပထမအဆင့် ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယနေ့ ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာ ယူ-၁၇ အမျိုးသမီးလက်ရွေးစင်အသင်းသည် အုပ်စု (G)တွင် ဟောင်ကောင်နှင့် ဂူအမ်အသင်းတို့နှင့်အတူ ကျရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ခြေစစ်ပွဲတွင် စံချိန်တင်အဖြစ် အသင်းပေါင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၈ စုခွဲကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာအသင်း ပါဝင်သည့် အုပ်စု (G) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အောက်တို ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၇ ယူ-၁၇ အမျိုးသမီး အာရှဖလား နောက်ဆုံးအ ဆင့်ပြိုင်ပွဲသို့ အိမ်ရှင်တရုတ်အသင်းအပါအဝင် တိုက်ရိုက်ဝင်ခွင့်ရရှိထားသည့် အသင်းလေးသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရရန် ခြေစစ်ပွဲ အုပ်စုတစ်စုချင်းစီ၏ ဗိုလ်စွဲအသင်းများသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး Young Lionesses FC အမည်ဖြင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အသင်းစွမ်းဆောင်ရည် မြှင့်တင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယသံရုံး စီစဉ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် အလုပ်ရုံဆွေးနွေးပွဲသို့ 7 EAO Alliance တက်ရောက်

နေပြည်တော်၊ ဇူလိုင်-၁၆ နေပြည်တော်ရှိ MGallery Hotel တွင် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပလျက်ရှိသည့် Constitutionalism and Federalism အလုပ်ရုံဆွေးနွေးပွဲသို့ 7 EAO Alliance အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ်စနစ်၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာပုံများနှင့် သက်ဆိုင်ရာ အတွေ့အကြုံများကို လေ့လာဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နေသည့် 7...

တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ ဒေါ်လာ ၂၂၀ သန်းကျော် ဝင်ငွေရရှိ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ စာရင်းများအရ သိရသည်။ အဆိုပါဘဏ္ဍာနှစ်အတွက် သစ်သီးဝလံတန်ချိန် ၈ သိန်းနီးပါး တင်ပို့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၆၃ သန်းရရှိရန် လျာထားခဲ့သော်လည်း လက်တွေ့တွင် သစ်သီးဝလံတန်ချိန် ၄ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၀ ဒသမ...

ရန်ကုန်ရှိ အဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် အကဲဖြတ်စစ်ဆေးရေး Pilot Project စတင်ဆောင်ရွက်

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်အခြေအနေကို အကဲဖြတ်စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံငလျင်ကော်မတီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ Pilot Project အဖြစ် ဇူလိုင်လ ပထမအပတ်အတွင်း စတင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအရ ရန်ကုန်မြို့ရှိ မြို့ နယ်သုံးခုမှ ရပ်ကွက်သုံးခုကို ရွေးချယ်ကာ အဆောက်အအုံများ၏ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေအနေများကို ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့ကြောင်း ကော်မတီက ယနေ့ အသိပေးထားသည်။ ထို့ပြင် စီမံကိန်းဆောင်ရွက်နေစဉ် အတွင်း သက်ဆိုင်ရာရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများကို တွေ့ဆုံကာ စီမံကိန်း၏ ရည်ရွယ်ချက်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071