Home News Local News တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ ဒေါ်လာ ၂၂၀ သန်းကျော် ဝင်ငွေရရှိ

တစ်နှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်​ငွေ ဒေါ်လာ ၂၂၀ သန်းကျော် ဝင်ငွေရရှိ

0
79

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ စာရင်းများအရ သိရသည်။

အဆိုပါဘဏ္ဍာနှစ်အတွက် သစ်သီးဝလံတန်ချိန် ၈ သိန်းနီးပါး တင်ပို့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၆၃ သန်းရရှိရန် လျာထားခဲ့သော်လည်း လက်တွေ့တွင် သစ်သီးဝလံတန်ချိန် ၄ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သစ်သီးဝလံတင်ပို့မှုသည် မူလလျာထားချက်၏ ၆၃ ဒသမ ၉၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အသင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြည်ပဈေးကွက်များသို့ တစ်သျှူးငှက်ပျော၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ဝဥ၊ ချင်း (ဂျင်း)၊ ချဉ်ပေါင်ဖာလာ၊ သီဟိုဠ်စေ့၊ မန်ကျည်းသီး၊ ထောပတ်သီးနှင့် နနွင်းတက်တို့ကို အဓိကတင်ပို့လျက်ရှိပြီး ဝဥနှင့် သီဟိုဠ်စေ့မှာ တင်ပို့မှုပမာဏနှင့် ပို့ကုန်ဝင်ငွေ နှစ်မျိုးစလုံးတွင် အမြင့်ဆုံးအုပ်စုဝင် သီးနှံများဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့သစ်သီးဝလံဈေးကွက်၏ အလားအလာ ပိုမိုကောင်းမွန်လာစေရန် တောင်သူများနှင့် MSME လုပ်ငန်းရှင်များအနေဖြင့် လတ်ဆတ်သစ်သီးဝလံတင်ပို့မှုအပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တိုက်တွန်းထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here