လော့ဆန်းဂျလိစ်၊ဇန်နဝါရီ ၁၇
နာဆာမှ သိပ္ပံပညာရှင်များဦးဆောင်သော လေ့လာဆန်းစစ်မှုတစ်ခုအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ၏ ပျမ်းမျှမျက်နှာပြင်အပူချိန်သည် စံချိန်တင် အပူဆုံးကာလဖြစ်ခဲ့သည်ဟုသိရသည်။
၂၀၂၄ ခုနှစ်၏ ကမ္ဘာ့အပူချိန်သည် နာဆာ၏ ၂၀ ရာစုအခြေခံသတ်မှတ်ချက်အထက် ၁ ဒသမ ၂၈ ဒီဂရီစင်တီဂရိတ်ဖြစ်သည်ဟုလည်းသိရသည်။အပူချိန်စံချိန်သစ်အား ၁၅ လဆက်တိုက် အပူချိန်မြင့်တက်မှုများအပြီး၌ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၄ တွင် ကမ္ဘာကြီးသည် ၁၉ ရာစုအလယ်ပိုင်းကာလများထက် ၁ ဒသမ ၄၇ ဒီဂရီစင်တီဂရိတ်ခန့်ပိုမိုပူနွေးလာသည်ဟုသိရပြီး သိပ္ပံပညာရှင်များကမူ မကြာသေးမီနှစ်များအတွင်း ကမ္ဘာကြီးပူနွေးလာမှုသည် ကာဗွန်ဒိုင်အောက်ဆိုဒ်၊မီသိန်းနှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်ဟုယူဆကြသည်။
၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် ကမ္ဘာမြေ၌ ရုပ်ကြွင်းလောင်စာများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု စံချိန်တင်တိုးလာကြောင်း မကြာသေးမီကပြုလုပ်ခဲ့သည့် နိုင်ငံတကာဆန်းစစ်ချက်တစ်ခုအရသိရသည်။
Source : ရှင်းဟွာ