Friday, September 4, 2026

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇)...

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန်...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက်...

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ...

ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍...

ဗန်ကောက်၊ စက်တင်ဘာ ၄ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်...
HomeNewsLocal News၂၀၂၄ ခုနှစ်အတွက် မော်တော်ယာဉ်...

၂၀၂၄ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ခုနှစ် သတ်မှတ်ချက်များကို စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၄ ခုနှစ်အတွင်း ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်များကို ဒီဇင်ဘာ (၂၁) ရက်စွဲဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်/လူနာတင်ယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ ယန္တရားများအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ထုတ်လုပ်ထားသ ည့် လက်ဝဲစတီယာရင် မော်တော်ယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်းသုံးယန္တားများအား လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် (၂၀၁၀ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

စီးပွားကူးသန်းဝန်ကြီးဌာနမှ ယခုထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လု ပ်သည့် ခုနှစ်သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြ စ်ကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများကို ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်းလည်း အသိပေးထားသည်။

နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်၍ ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်များကို လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်ပမှ ကားအစိတ်အပိုင်းများတင်သွင်းပြီး ပြန်လည်တပ်ဆင်ရောင်းချသည့် SKD စနစ်ဖြင့် ကားတင်သွင်းခွင့်ကိုသာ ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇) ရက် အထူးတရားစခန်း ဖျ-က်သိမ်း

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဝါတွင်းကာလ (၇)ရက် အထူးတရားစခန်းကို လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေ အနေများကြောင့် ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ လက်ရှိတွင် ယောဂီနားနေဆောင်များမှာ ရေလွတ်နေသော်လည်း ယောဂီဆောင်များ၏ မိလ္လာကန်များ ရေဝင်ပြည့်လျှံနေခြင်းနှင့် ရိပ်သာပတ်ဝန်းကျင်တွင် ရေများဝန်းရံနေခြင်းတို့ကြောင့် တရားစခန်းဖွင့်လှစ်ရန် အဆင်မပြေတော့သဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားစခန်းသို့ ညအိပ်ယောဂီများနှင့် အချိန်ပိုင်းနေ့ယောဂီများအဖြစ် ဝင်ရောက်ရန် စာရင်းပေးသွင်းထားသူများအား တရားစခန်း...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက် ပိုက်ဆံ ပြန်တောင်းမယ်လို့ ထရမ့် ပြော

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ အခမဲ့ ပေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​နည်းနည်းတော့ နောက်ကျသွားပေမဲ့ ယူကရိန်းနဲ့ နေတိုး(NATO) အဖွဲ့ဆီ ပေးခဲ့တဲ့ ခဲယမ်းတွေအတွက် အမေရိကန်က ပိုက်ဆံ ပြန်တောင်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ​ဘိုင်ဒင် အစိုးရဟာ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းက အမေရိကန် သုံးခဲ့တာထက် အများကြီး ပိုများတဲ့ ခဲယမ်းတွေကို ယူကရိန်းဆီ...

ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံး၊နစ်နာကြေးရရှိရေး သံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ

ဗန်ကောက်၊ စက်တင်ဘာ ၄ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးသန်းမင်းထွန်း (ခ) သဲမင်းထွန်း ဖြစ်သည်။ ၎င်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ လိုက်ပါလာစဉ် ကွန်ကရစ်လမ်းပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အကူအညီတောင်းခံလာသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071