Friday, May 23, 2025

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...
HomeCelebrities' News၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော်...

၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် အိပ်မက်ဆုံရာ ရာသက်ပန် Season -5 အဆိုတော်ထက်အိမ်

အိပ်မက်ဆုံရာ ရာသက်ပန် Season -5  မှ တစ်ဆင့်ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ အဆိုတော် ထက်အိမ် ကတော့ လတ်တ လောမှာ သူရဲ့ တစ်ကိုယ်တော် တေး စီရီးလည်း ထွက်ရှိတော့မှာ ဖြစ်ကြောင်းသိရပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးမှာရှေ့အဆိုတော်ကြီးများရဲ့ သီချင်းများကို ပြန်လည်သီဆိုထားတဲ့ ပြန်ဆိုတေး များလည်း ပါဝင်ကြောင်း သိရပါတယ်။ ပြန်ဆိုးတေးများကို သီဆိုရတာက တာဝန်ကြီးပါတယ်လို့ ပြောလာတဲ့ အဆိုတော် ထက်အိမ်က . . . . .

“ကျွန်တော် ဇန်နဝါရီလ ၁ ရက်နေ့ ဒါမှမဟုတ် ၄ရက်နေ့လောက်ထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် တစ်ကိုယ်တာ် အခွေထဲမှာ ပြန်သီဆိုထားတဲ့ သီချင်းတွေလည်း အများကြီးပါဝင်တော့ တေးရေးဆရာတွေလည်း အများကြီးပါပဲ။ ဦးစောဘွဲ့မှူးတို့၊ ဆရာစောခူဆဲတို့လည်းပါ တယ်။ သီချင်းအသစ်ကတော့အရာစောခူဆဲရေးပေးထားတဲ့ သီချင်းနှစ်ပုဒ်ပါ ဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ သီချင်းဟောင်းတွေ ပြန်သီဆိုတဲ့အခါမှာတော့ အလွန် ကိုတာဝန်ကြီးပါတယ်။ အရင်တုန်းက ကျွန်တော်တို့ရဲ့ ဂီတဆရာကြီးတွေဆိုခဲ့တဲ့ သီချင်းတွေကိုသီဆိုတဲ့အခါမှာမူရင်းလည်း မပျက်အောင်သူတို့သီဆိုခဲ့တဲ့ ခံစားချက်ကို လည်းပျက်မသွားအောင်လို့ပြန်ထိန်းပြီးသီဆိုရတယ်။ ပြီးတော့ ဒီခေတ်မှာ ပြန်တီးထား တဲ့အတီးပုံစံမျိုးနဲ့ သီဆိုရတာဖြစ်တဲ့အတွက်လိုက်ဖက်အောင်လည်းကြိုးစားပြီး သီဆိုရပါတယ်။ သီချင်းပုံစံတွေကတော့အများကြီးပါဝင်ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်မတူအောင်တော့လုပ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အနုပညာအလုပ်တွေ လုပ်ဆောင်နေတာ ခြောက်နှစ်လောက် ရှိ နေပြီ ဖြစ်တဲ့သူက အိမ်မက်ဆုံရာ ရာသက်ပန်သီချင်းဆိုပြိုင်ပွဲ မှစပြီး ပရိသတ် အားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ သီချင်းဆို ပြိုင်ပွဲတွေ ကျင်းပ လာကြတဲ့ အပေါ်သူရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကျွန် တော်တို့လိုနယ်က လူတွေအတွက် ရန်ကုန်ကိုဒီအတိုင်းလာပြီး အနုပညာ အလုပ်တွေလုပ်ကိုင်ဖို့ ဆိုတာမလွယ်ပါဘူး။ အဆိုတော်တွေလည်း အများကြီးရှိတဲ့ အခါကျတော့ နည်းနည်းတော့အခက်အခဲ ရှိတာပေါ့။ အခုလိုသီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်လာတဲ့ အခါကျတာ့ ကျွန်တော်တို့ အတွက်လမ်းစလည်းပွင့်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုလည်း ခြောက်လလောက် အပင်ပန်းခံပြီး ကြိုးစားပြလိုက်တာနဲ့ပရိ သတ်တွေ သိလာတယ်။ လက်ခံလာတယ်ပေါ့။ ပြီတော့ ပြိုင်ပွဲမှာ ဆရာ တွေဆီက ပညာတွေ အများကြီးရတယ်” လို့ ပြောပြခဲ့ပါတယ်

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071