Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeCelebrities' News၂ဝ၁၈ခုနှစ်မှာ ကတ္တီပါဖိနပ်ဒီဇိုင်းအသစ်များ ထွက်ရှိလာမယ်ဆိုတ...

၂ဝ၁၈ခုနှစ်မှာ ကတ္တီပါဖိနပ်ဒီဇိုင်းအသစ်များ ထွက်ရှိလာမယ်ဆိုတ စန္ဒီမြင့်လွင်

လူငယ်ပရိသတ်များကြားမှာ ရေပန်းစားနေတဲ့ အဆိုတော် စန္ဒီမြင့်လွင်ဟာ နယူးရီးယားနဲ့ ခရစ္စမတ် ပွဲတော်သီချင်းလေးကို ဒီဇင်ဘာလ ၁၅ရက်မတိုင်မီ အွန်လိုင်းပေါ်ကို တင်ပေးသွားမယ်လို့ ခုလိုပြောပြခဲ့ပါတယ်။လူငယ်ပရိသတ်များကြားမှာ ရေပန်းစားနေတဲ့ အဆိုတော် စန္ဒီမြင့်လွင်ဟာ နယူးရီးယားနဲ့ ခရစ္စမတ် ပွဲတော်သီချင်းလေးကို ဒီဇင်ဘာလ ၁၅ရက်မတိုင်မီ အွန်လိုင်းပေါ်ကို တင်ပေးသွားမယ်လို့ ခုလိုပြောပြခဲ့ပါတယ်။

” ဒီးဒီး အွန်လိုင်းပေါ်မှာ ပရိသတ်တွေ အတွက် ခရစ္စမတ်နဲ့ နယူးရီးယား ပွဲတော် သီချင်းလေးကို တင်ပေးဖို့ ရှိပါတယ်။ အပျော် သီချင်းလေးပေါ့။ ဒီးဒီး ခုခရီးသွားမယ်။ ခရီးက ပြန်လာတာနဲ့ ဒီသီချင်းလေးအတွက် ပြင်ဆင်မှာပါ။ မြူးဇစ်ကို မိုးထက်က စီစဉ်ပေးထားမှာပါ” လို့ ပြောပါတယ်။ အွန်လိုင်းပေါ်မှာ သီချင်းတွေတင်တာက အဆိုတော်အသစ်တွေအနေနဲ့ ကောင်းကျိုးတွေရှိနေပေမယ့် သူတို့အတွက်တော့ ခက်ခဲတယ်လို့ စန္ဒီမြင့်လွင် က….

“အခုဆို အွန်လိုင်းပေါ်မှာ သီချင်းတွေ တင်ကြတယ် ပေါ့နော်။ အဲဒီလိုတင်တဲ့အပေါ်မှာ အဆိုတော်အသစ်တွေ အနေနဲ့တော့ ပိုပြီးလူသိတယ်။ သူတို့အတွက်တော့ အဆင် ပြေတယ်။ တက်လမ်းလည်း ရှိတာပေါ့။ ဒီးဒီးတို့အတွက် ဆိုရင်တော့ သီချင်းသစ်တွေကို အွန်လိုင်းမှာ ဖြန့်တော့ ကောင်းတယ်။ ဒါပေမဲ့ အဲဒါက အလကားအနေနဲ့ပဲ ကောင်းတာလေ။ ဒီသီချင်းကို ပိုက်ဆံနဲ့ ဝယ်ရမယ်ဆိုရင် ဘယ်သူမှ မဝယ်ချင်ကြတော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဒီးဒီးတို့ အွန်လိုင်းကနေပြီး တော့ သီချင်းတွေကိုဝယ်တာ တအား အားနည်း တယ်။ အဲဒီတော့ သူတို့က အလေ့အကျင့်မရှိ တဲ့အတွက် ဒီးဒီးတို့အတွက် နည်းနည်းလေး တော့အခက်အခဲဖြစ်တယ်”လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်က Koeko Fashion   ဖိနပ်ဆိုင်လေးကို သူငယ်ချင်းနဲ့ ပူးပေါင်း ပြီး ဖွင့်ထားသလို ကတ္တီပါ ဖိနပ်ဒီဇိုင်းသစ် များကိုလည်း ၂ဝ၁၈ ခုနှစ်မှာ ထွက်ဖို့ရှိ တယ်လို့ စန္ဒီမြင့်လွင်က အခုလို ပြောပြခဲ့ ပါတယ်။

” မြန်မာမိန်းကလေးတွေက ကတ္တီပါဆို စိတ်ဝင်စားကြတယ်။ ဒီးဒီးလည်း ကြိုက်တယ်။ အခုထွက် မယ့် ပုံစံလေးက ကတ္တီပါ ပုံတော် အမြင့်ကိုမှ ဒီဇိုင်းလေးက ဆန်းဆန်း လေးထွင်ထားတယ်။ ဒီးဒီးတစ်ယောက် တည်း မဟုတ်ဘဲနဲ့ ဒီဇိုင်နာတစ်ယောက်ရဲ့ အကူအညီလေးနဲ့ ဖိနပ်လေးတွေ ထွက်ဖို့ ရှိတယ်။ ဖိနပ်ထွက်ရင်လည်း ပရိသတ် တွေ အတွက် ဈေးနှုန်းအသင့်တင့်လေးနဲ့ အဆင်ပြေအောင် လုပ်ပေးမှာပါ”လို့ ပြော ခဲ့ပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071