Wednesday, September 2, 2026

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...

Fire Dragon International Futsal...

ရန်ကုန်၊ စက်တင်ဘာ ၂ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးစီးကျင်းပမည့် Fire Dragon International Futsal Cup 2026...

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇...

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ...
HomePopular Academy၂ဝ၁၆ ခုနှစ် အကယ်ဒမီ...

၂ဝ၁၆ ခုနှစ် အကယ်ဒမီ ပေးပွဲနဲ့ ရေပန်းစားနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ

guessမတ်လ ၁၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်တဲ့ အကယ်ဒမီ အတွက် ကျင်းပမယ့် ရက်စွဲ နီးကပ်လာ လေလေ အကယ်ဒမီ စာရင်းဝင် ဇာတ်ကားထဲမှာ ပါဝင်နေကြတဲ့ အနု ပညာရှင်တွေ အတွက် ရင်ခုန် ရလေလေ ဖြစ်နေရပြီ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ အကယ်ဒမီ ဘုတ် အဖွဲ့ကနေပြီး ရုပ်ရှင်ဇာတ်ကား စာရင်းတွေကို ပြက္ခဒိန်နှစ် အတွင်း ပြသခဲ့တဲ့ ရုပ်ရှင် ၃၃ ကားစာရင်း ကိုသာ ထုတ်ပြန်ခဲ့ပြီး ဆန်ခါတင် စာရင်းဝင် ဇာတ်ကား ဘယ်လောက် ရှိသည် ဆိုတာမျိုးကိုတော့ အခု နှစ်မှာ မထုတ်ပြန်ထားခဲ့ပါ။ အခုနှစ် အကယ်ဒမီ ဘုတ် အဖွဲ့မှာ ဥက္ကဋ္ဌ တာဝန် ယူ ဆောင်ရွက်ပေးခဲ့တဲ့ ရုပ်ရှင်နာယကကြီး ဦးနှင်းမိုးက တော့ အခုလိုဆန်ခါတင် စာရင်း မထုတ်ပြန် လိုက်ခြင်း အားဖြင့် ဇာတ်ကား အားလုံးရဲ့ အနုပညာ ရှင်တွေတိုင်းဟာ အကယ်ဒမီကို ရင်ခုန်ခွင့် ရရှိရမှာဖြစ်ပြီး နှစ်စဉ် ဖြစ်ပေါ်နေကျ အကယ်ဒမီ ဇာတ်ကား စာရင်းပေါက်ကြားသည် ဆိုတဲ့ သတင်းမျိုး အန္တရာယ် ကနေလည်း ကင်းဝေးမှာ ဖြစ်တယ်လို့ မှတ်ချက်ပြု ဆိုထားခဲ့ပါတယ်။

အရင်နှစ်တွေ က အကယ်ဒမီ ဆန်ခါတင် ၆ ကားဝင်ပါက ၆ ကား စာရင်းကို ထုတ်ပြန်လိုက်တာမို့ အကယ်ဒမီ ရရှိနိုင်သူ ဦးရေကို လက်ချိုး မှန်းဆ လို့ ရနိုင်နည်းတူ တစ်ဦး တစ်ယောက်ချင်းစီ ခန့်မှန်း ကြရင်းနဲ့ အကယ်ဒမီ ရရှိမယ့် သူစာရင်းပေါက်ကြား သလိုလို ရှိခဲ့တာ မျိုး ဖြစ်ဟန်တူပါတယ်။

အခုနှစ်အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၃၃ ကားထဲကနေပြီး အကယ်ဒမီ ရရှိဖို့ တစ်ပြေးနေတဲ့ ထိပ်တန်း စာရင်းဝင် ဇာတ်ကား ၁ဝ ကားကို ပေါ်ပြူလာ ဂျာနယ် အကြိုက် တင်ပြပေးလိုပါတယ်။ ချစ်လှစွာ သောအမုန်း၊ ခိုးဆိုးလုနှိုက်၊ မှော် ကျောက်စာ၊ ပရော် ဖက်ဆာ ဒေါက် တာဆိတ်ဖွားနှင့် မြိုင်ရာဇာ တာတေ၊ ငဘ၊ အနူးဘစ်၊ အေဒင်ရဲ့နတ်သမီး၊ အုတ်ကြားမြက်ပေါက်၊ လူးရတနာ သိုက်၊ မနောမြေမှ ကျောက်စိမ်းကမ္ဘာ တို့ကို ရွေးချယ်ထားပါတယ်။

ဇာတ်ကားဆု

ဇာတ်ကားဆုအတွက် ဆိုရင် တော့ “ချစ်လှစွာသောအမုန်း”၊ “အုတ်ကြားမြက်ပေါက်”၊ “အနူးဘစ်” တို့ထဲက အကောင်းဆုံးဇာတ်ကား ဆုကို ပိုင်ဆိုင် သွားနိုင်ဖို့ ရာခိုင်နှုန်း များနေပါတယ်။ “ချစ်လှစွာသော အမုန်း” ကိုတော့ ခရေဖြူရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူး တာဖြစ်ပြီး “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ကတော့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ် ရေးကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ “အနူးဘစ်” ကတော့ အောင်တိုင်း ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ရိုက်ကူး တင်ဆက်တာဖြစ်ပါတယ်။

ဒါရိုက်တာဆု

ဒါရိုက်တာဆု အတွက် ဆိုရင် တော့ “ချစ်လှစွာသောအမုန်း” ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာဝိုင်း က သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင် အဖြစ် ရယူ ပိုင်ဆိုင်သွားနိုင်သလို “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကားနဲ့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်၊ “အနူးဘစ်” ရုပ်ရှင် နဲ့အတူ အကယ်ဒမီ လူမင်းကလည်း သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင် အဖြစ် ရယူ ပိုင်ဆိုင်သွားနိုင်ပါတယ်။

အမျိုးသားဇာတ်ဆောင်ဆု

အမျိုးသား ဇာတ်ဆောင်ဆု အတွက် ဆိုရင်တော့ “အုတ်ကြား မြက်ပေါက်” ရုပ်ရှင်ဇာတ်ကားနဲ့ ထွန်းထွန်းက အကယ်ဒမီဆုကို သိမ်းပိုက် သွားဖို့ ရာခိုင်နှုန်းများနေပြီး “ငဘ” ရုပ်ရှင်ဇာတ်ကား နဲ့ အကယ် ဒမီဦးကျော်သူ၊ “ခိုးဆိုးလုနှိုက်” (သို့မဟုတ်) “မှော်ကျော်စာ” ရုပ်ရှင် ဇာတ်ကားနဲ့ မြင့်မြတ်၊ သူတို့ကထဲက တစ်ဦးဦးကလည်း အကယ်ဒမီဆု ကိုသိမ်းပိုက် သွားနိုင်ပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆု

အမျိုးသမီး ဇာတ်ဆောင်ဆု အတွက် ဆိုရင်တော့ “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားထဲက သက်မွန်မြင့်နဲ့ ဝတ်မှုံရွှေရည်တို့ တစ် ဦးဦးကတော့ အကယ်ဒမီဆုကို သိမ်းပိုက်သွားနိုင်ဖို့ ရာခိုင်နှုန်းအား ဖြင့်များနေပါတယ်။ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား” နှင့် “မြိုင်ရာဇာ တာတေ” ရုပ်ရှင်ထဲက အေးမြတ်သူ ကလည်း အခုနှစ် အကယ်ဒမီကို   သိမ်းပိုက်သွားနိုင် ဖွယ်ရှိနေပါတယ်။

အမျိုးသားဇာတ်ပို့ဆု

အမျိုးသား ဇာတ်ပို့ဆု အတွက် ဆိုရင်တော့ “ခိုးဆိုးလုနှိုက်” ရုပ်ရှင်နဲ့ ထွန်းထွန်းက အကယ်ဒမီကိုသိမ်း ပိုက်သွားနိုင်ဖို့ ရာခိုင်နှုန်း များနေပြီး “ဧဒင်ရဲ့နတ်သမီး”(သို့မဟုတ်) “လူးရတနာသိုက်” ရုပ်ရှင်ဇာတ်ကား နဲ့ သားညီကလည်း အကယ်ဒမီ ဆုကို သိမ်းပိုက် သွားနိုင်ပါတယ်။ “ချစ်လှစွာသောအမုန်း” ရုပ်ရှင် ဇာတ်ကားနဲ့ ဦးဇင်ဝိုင်းက နောက် ထပ်အကယ်ဒမီ တစ်ဆုကိုလည်း သိမ်းပိုက် သွားနိုင်ပါတယ်။

အမျိုးသမီးဇာတ်ပို့ဆု

အမျိုးသမီးဇာတ်ပို့ဆု အတွက် ဆိုရင်တော့ “ငဘ” ရုပ်ရှင်ဇာတ်ကား နဲ့ အေးမြတ်သူ ၊ ဧဒင်ရဲ့ “နတ်သမီး” ရုပ်ရှင်ဇာတ်ကားနဲ့ ပိုင်ဖြိုး သုတို့ဟာ အကယ်ဒမီ ရရှိသွားဖို့ ရာခိုင်နှုန်းများ နေပါတယ်။ ထို့အပြင် “အုတ်ကြား မြက်ပေါက်” ရုပ်ရှင် ဇာတ်ကားနဲ့  ထူးမွန်ကလည်း အကယ်ဒမီဆုကို သိမ်းပိုက်သွား နိုင်ပါတယ်။

ရုပ်ရှင်ဓာတ်ပုံဆု

ရုပ်ရှင်ဓာတ်ပုံဆု အတွက်ဆို ရင်တော့ “ငဘ” ရုပ်ရှင်ဇာတ်ကား နဲ့ ကင်မရာမန်း အပ်ချည်နဲ့ ကင်မရာ မန်း ရဲမွန် ၊ “မနောမြေ မှကျောက်စိမ်း ကမ္ဘာ” နဲ့ ကင်မရာမန်း အောင်နိုင်၊ “ချစ်လှစွာသော အမုန်း”နဲ့ ကင်မရာ မန်း မိုးကျော်တို့က အကယ်ဒမီဆုကို သိမ်းပိုက်သွားနိုင်ပါတယ်။

ရုပ်ရှင်အသံဆု

ရုပ်ရှင်အသံဆု အတွက်ဆိုရင် တော့ “အနူးဘစ်”(သို့မဟုတ်) “မှော်ကျောက်စာ” ရုပ်ရှင်တို့နဲ့ ဦးကြည်မင်းသိန်း ၊ “ခိုးဆိုးလုနှိုက်” ရုပ်ရှင်နဲ့ မင်းမင်းစိုး ၊ “လူးရတနာ သိုက်” ရုပ်ရှင်နဲ့ ကိုကိုလွင်၊ “အုတ် ကြား မြက်ပေါက်” ရုပ်ရှင်နဲ့ ကိုအေး တို့က အကယ်ဒမီဆုကို သိမ်းပိုက် သွားနိုင်ပါတယ်။

ရုပ်ရှင်တည်းဖြတ်ဆု

ရုပ်ရှင်တည်းဖြတ်ဆု အတွက် ဆိုရင်တော့ “အနူးဘစ်” ရုပ်ရှင်နဲ့ အောင်မျိုးဦး၊ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်နဲ့ ကျော်ခိုင်စိုး၊ “ခိုးဆိုးလုနှိုက်” ရုပ်ရှင်နဲ့ နိုင်ဆွေ(အရုဏ်ဦး)၊ “ဧဒင် ရဲ့နတ်သမီး” ရုပ်ရှင်နဲ့ ဥာဏ်ဝင့် တို့က အကယ်ဒမီဆုကို သိမ်းပိုက် သွားနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းဆု

ရုပ်ရှင် ဇာတ်ညွှန်းဆု အတွက် ဆိုရင်တော့ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ ဆဲဗင်းဒေး၊ “ငဘ” ရုပ်ရှင် ဇာတ်ကား နဲ့ နေခြည်အောင်သစ်၊ “ဧဒင်ရဲ့နတ်သမီး” နဲ့ မိုးနီလွင်၊ “လူးရတနာသိုက်” (သို့မဟုတ်) “ခိုးဆိုး လုနှိုက်” ရုပ်ရှင်နဲ့ နေစိုးသော်တို့က အကယ်ဒမီ ဆုကို သိမ်းပိုက်သွား နိုင်ပါတယ်။

ရုပ်ရှင်တေးဂီဆု

ရုပ်ရှင်တေးဂီဆု အတွက် ဆိုရင် တော့ “အနူးဘစ်” ရုပ်ရှင်နဲ့ ဦးမြင့်မိုး အောင်၊ “ချစ်လှစွာသော အမုန်း” (သို့မဟုတ်) “ငဘ”(သို့မဟုတ်) “လူး ရတနာသိုက်” ရုပ်ရှင်နဲ့ ဓီရာမိုရ် တို့ ကအကယ်ဒမီဆုကို သိမ်းပိုက် သွားနိုင်ပါတယ်။

အထူးဆု

အထူးဆု အတွက်ဆိုရင်တော့ အခုနှစ်မှာ ကလေး သရုပ်ဆောင်တွေ သိသိသာသာ သိပ်မတွေ့ခဲ့ရတာမို့ အထူးဆု ဆိုတဲ့အတိုင်း အခုနှစ်မှာ ထူးခြားစွာနဲ့ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား ၂ ကားထွက်ပေါ်ခဲ့ ပါတယ်။ “မနောမြေမှကျောက်စိမ်း ကမ္ဘာ”ရုပ်ရှင်ဟာ ရည်ရွယ်ချက် ကောင်းမွန်းတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အပြင် ကချင်တိုင်း ရင်းသား လူငယ် အနုပညာရှင်တွေ စုပေါင်းပြီး ကချင်ဘာသာ စကားနဲ့ ရိုက်ကူးခဲ့တဲ့ မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား ကောင်း တစ်ကား ဖြစ်တဲ့အတွက် အထူးဆု အကယ်ဒမီ ကို ရယူပိုင်ဆိုင်သွားနိုင်ပါတယ်။

နောက်တစ်ကား ကတော့ From Bangkok to Mandalay  ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံက အနုပညာရှင်၊ အတတ် ပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းဖြစ်တာ နဲ့အညီ ထိုင်းနိုင်ငံ အကယ်ဒမီဆုပေးပွဲရဲ့ နောက်ဆုံး ဆန်ခါတင် ၅ ကား စာရင်းမှာလည်း ဝင်ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ခဲ့တာမို့ အထူးဆု အကယ်ဒမီကို ရယူပိုင်ဆိုင် နိုင်ဖွယ်ရှိ နေပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071