လူပေါင်း ၃၇၀၀ ကျော် ေ-သဆုံးခဲ့ပြီး ပျ-က်စီးဆုံးရှုံးမှု ပ မာဏများခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ဒီကနေ့ဆို (၁) နှစ်တိတိပြည့်ခဲ့ပါပြီ။
အဲဒီ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းနဲ့ မန္တလေးမြို့တွေဟာ အထိအခို က်အပျ-က်အစီး ကြီးမားခဲ့သလို လူေ-သဆုံးမှု အများဆုံးဖြစ်ခဲ့ရပါတယ်။
ငလျင်ဒ-ဏ်ကို အလူးအလဲခံခဲ့ရတဲ့ အဲဒီဒေသတွေက ပြည်သူတွေဟာ ငလျင်လှုပ်ပြီးလို့ (၁) နှစ်ကြာလာတဲ့အချိန်ထိ စိတ်ဒ-ဏ်ရာတွေနဲ့ နေထိုင်နေကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အလုံးစုံ မလုပ်ဆောင်နေသေးဘူးလို့ သိရပါတယ်။
” အခုထိ စိတ်ဒ-ဏ်ရာတွေနဲ့ နေနေရတုန်းပေါ့။ ပြန်လည်ထူထောင်ရေးအတွက်ဆိုတာကလည်း အကုန်လုံး အစကနေပြန်လုပ်နေရတာဆိုတော့ ဘယ်လိုလုပ်ပြည့်စုံနိုင်ဦးမလဲ” လို့ ငလျင်ဘေးသင့် မန္တလေးမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။
ငလျင်ဒ-ဏ် အလူးအလဲခံခဲ့ရလို့ ဒုက္ခပင်လယ်ဝေခဲ့ကြတဲ့ သူတို့တွေအနေနဲ့ အခုလိုငလျင် (၁) နှစ်ပြည့်တဲ့အချိန်မှာလည်း အထွေထွေအကြပ်အတည်းတွေကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ (၂၈) ရက်က လုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေကို ပေါ် ပြူလာနယူးစ်က သွားရောက်ရို-က်ကူးထားတဲ့ ဓာတ်ပုံတချို့ကို ဒီကနေ့မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်
