Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeMyanmar Theatrical Tradition၁နှစ်ခွဲအတွင်း တစ်နိုင်ငံလုံးရှိ သဘင်လူ/ကူ...

၁နှစ်ခွဲအတွင်း တစ်နိုင်ငံလုံးရှိ သဘင်လူ/ကူ ကော်မတီများမှ သဘင်လောကသားများအား ကျပ်သိန်း ၃ဝဝဝ နီးပါး ထောက်ပံ့ကူညီနိုင်ခဲ့

Tabin-lu-kuu

မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)အနေနဲ့ တစ်နိုင် ငံလုံးရှိ သဘင်ပညာရှင်များအား ကူညီ ထောက်ပံ့နိုင်ရေးအတွက် သဘင်လူမှု ကူညီစောင့်ရှောက်ရေး(ဗဟို)ကော် မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော် မတီမှာတော့ နာယက ဦးချမ်းသာ၊ ဥက္ကဋ္ဌ ဦးတင်မောင်ဆန်း မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဟန်ဇာမိုးဝင်း၊ အတွင်း ရေးမှူး ဒေါ်တင်ဇာမိုးဝင်း၊ တွဲဖက် အတွင်းရေးမှူး ဦးအောင်သော်၊ ဘဏ္ဍာ ရေးမှူး ဒေါ်အေးအေးမော်၊ စာရင်းစစ် ဦးရေချမ်း၊ ပြန်ကြားရေးမှူး (၁) ဒေါ်ပတ္တမြားကေခိုင်၊ ပြန်ကြားရေး မှူး(၂) ဦးကောင်းကျော်နဲ့ အဖွဲ့ဝင် များအဖြစ် ဦးဇံဟိန်း၊ ဦးရဲမင်း သွေး၊ ဦချစ်စွမ်းသာ၊ ဦးဖိုးသင်္ကြန်၊ ဒေါ်နန်း ခင်မွှေး၊ ဒေါ်အေးမမလှိုင်တို့က ဆောင်ရွက်လျက်ရှိပါတယ်။ အခုဆို ရင် သဘင်လူမှုကူညီစောင့်ရှောက် ရေး (ဗဟို) ကော်မတီကို ဖွဲ့စည်းခဲ့တာ ၁နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ်ခွဲအတွင်းမှာပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ သဘင်လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့များ ကို ထပ်မံဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို) အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ဖွဲ့စည်းပြီးခဲ့တဲ့ သဘင်လူမှုကူညီ စောင့်ရှောက် ရေးကော် မတီများအားလုံးရဲ့ တစ်နှစ်ခွဲအတွင်း လှူဒါန်းမှုစုစုပေါင်းမှာ ကျပ်သိန်း ၃ဝဝဝ နီးပါးခန့် လှူဒါန်းပြီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလှူဒါန်းနိုင်မှုနဲ့ ပတ် သက်ပြီး သဘင်လူမှုကူညီစောင့်ရှောက် ရေး(ဗဟို)ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ဇာမိုးဝင်းက..

“ပရဟိတစိတ်တွေ သဘင်လော ကကြီးမှာ ကျယ်ပြန့်လာတာကိုက ကျွန်တော်တို့အတွက် မင်္ဂလာရှိတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ပီတိဖြစ်ရတာပေါ့။တစ်ယောက်တည်း လှူရတာနဲ့ အဖွဲ့ အစည်းနဲ့ လှူရတာက မတူဘူး။ ကိုယ့် ဘာသာကိုယ်တစ်ယောက်တည်း သွားလှူ တာလည်း ကောင်းတာပါပဲ။ ဒါပေမဲ့ ကိုယ်တို့က သဘင်ကို ကိုယ်စားပြုပြီး သဘင်ကလူတွေက ဒီလိုမျိုး အုံလိုက် ကျင်းလိုက်နဲ့ သွားလှူ ကြတယ်ဆို တာက Team Work  ဖြစ်တာပေါ့။အတူတူလှူရတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ဘူးလေ။ ကျွန်တော်တို့ အနေနဲ့လည်း ဆက်လက်ထောက်ပံ့ကူ ညီပေးသွားဦးမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

သြဂုတ်၁၈ရက်နေ့မှာတော့ သဘင်လူကူ၏ ဆောင်ရွက်အောင် မြင်မှုများကို မျှဝေရန်နဲ့ ရှေ့ဆက်ရ မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ အတွက် တစ်နိုင်ငံလုံးရှိ သဘင်လူမှု ကူညီစောင့်ရှောက်ရေးကော်မတီ အမှုဆောင်များ၊ အဖွဲ့ဝင်များ စုံညီအစည်းအဝေးကို မင်္ဂလာဒုံမြို့ နယ်ရှိ သဘင်ခြံမှာပြုလုပ်ခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071