Thursday, May 21, 2026

ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ကြီးအား အဂ္ဂမ ဟာပရဟိတဓရ‌ဇောတိကဓဇ၊...

ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ကမ္ဘာ့ငြိမ်းချမ်း‌‌ရေးဂုဏ်ထူးဆောင် ဒေါက်တာနာဂဒီပအား မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)က ပရဟိတသာသနာပြု အဂ္ဂမဟာပရဟိတဓရ‌ ဇောတိကဓဇ၊ မဟာနယက ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်ခဲ့သည်။ အဆိုပါ ဆက်ကပ်ခြင်း...

တရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှု အောင်မြင်လာသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သရက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။ စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေဖြင့် ဈေးလျှော့ရောင်းချမှုများ...

ချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုတောင်းပန်

တတိယမြောက် ချားလ်စ်ဘုရင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မတော်တဆ မှားယွင်းကြေညာမိပြီးနောက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုက "စိတ်အနှောင့်အယှက်ဖြစ်ရမှုများ" အတွက် တောင်းပန်လိုက်သည်။ အဆိုပါ မှားယွင်းသော ကြေညာချက်သည် အက်ဆက်စ်ရှိ ရေဒီယို...

ဧရာဝတီတိုင်းထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က...
HomeInternational၁၉၉၆ လေယာဉ်ပ-စ်ချမှုနှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း...

၁၉၉၆ လေယာဉ်ပ-စ်ချမှုနှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်က တရားစွဲ

၁၉၉၆ ခုနှစ်က ပြည်ပြေးအရပ်သားများ တင်ဆောင်လာသော လေယာဉ်နှစ်စင်းကို ကျူးဘားဂျက်တိုက်လေယာဉ်များက ပ-စ်ချခဲ့ပြီး လူလေးဦး ‌ေ-သဆုံးခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုနှင့် အခြားတာဝန်ရှိသူများကို ရာဇဝတ်ပြစ်မှုများဖြင့် တရားစွဲဆိုလိုက်ကြောင်း အမေရိကန် တရားရေးဌာနက မေ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် စွဲချက်များကို မည်သည့်အချိန်တွင်၊ မည်သို့အကောင်အထည်ဖော်မည်ဆိုသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် တာဝန်ရှိသူများက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန်ချီက “ကက်စထရိုအနေဖြင့် မိမိဆန္ဒအလျောက်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အမေရိကန်တွင် တရားရင်ဆိုင်ရမည်ဟု မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

ထို့အပြင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား ဖမ်းဆီးခေါ်ဆောင်ခဲ့သကဲ့သို့ ကက်စထရိုကိုပါ စစ်ဆင်ရေးဖြင့် ခေါ်ဆောင်လာမည်လားဆိုသည့် မေးခွန်းကိုမူ ထရမ့်ပ်က တို-က်ရို-က်ဖြေကြားခြင်း မပြုဘဲ “အဲဒီအကြောင်း မပြောချင်ဘူး” ဟုသာ သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ့်ပ်အစိုးရသည် ကျူးဘားတွင် အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာရေးကို ဖိအားပေးလျက်ရှိပြီး၊ ဇန်နဝါရီလအတွင်း မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် “နောက်တစ်နိုင်ငံမှာ ကျူးဘားဖြစ်လာနိုင်သည်” ဟု သတိပေးပြောဆိုထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကျူးဘားပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများသည် ကွန်မြူနစ်အစိုးရ၏ မူဝါဒများကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း၊ ကျူးဘားသမ္မတ မီဂဲလ် ဒီယက်ဇ်-ကန်နယ်ကမူ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်သူများ ဒုက္ခရောက်နေရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်၏ အရေးယူပိ-တ်ဆို့မှုများသည် “စုပေါင်းပြစ်ဒ-ဏ်ပေးသည့် လုပ်ရပ်” ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆန်သည့် အပြုအမူတစ်ရပ်အဖြစ် မြင်ကြောင်းလည်း ၎င်းက ဆိုသည်။

ရာအူးလ် ကက်စထရိုအပေါ် တရားစွဲဆိုမှုကို ကျူးဘား-အမေရိကန် အသိုင်းအဝိုင်းအချို့က ကြိုဆိုခဲ့ကြသော်လည်း၊ ဟာဗားနားဒေသခံအချို့ကမူ မိမိတို့အစိုးရဘက်မှ ရပ်တည်ကြောင်းနှင့် အမေရိကန်က ကျူးကျော်လာပါက တန်ပြန်တိုက်ခိုက်ရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ကြသည်။

Ref: CBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ကြီးအား အဂ္ဂမ ဟာပရဟိတဓရ‌ဇောတိကဓဇ၊ မဟာနယက ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်

ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ကမ္ဘာ့ငြိမ်းချမ်း‌‌ရေးဂုဏ်ထူးဆောင် ဒေါက်တာနာဂဒီပအား မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)က ပရဟိတသာသနာပြု အဂ္ဂမဟာပရဟိတဓရ‌ ဇောတိကဓဇ၊ မဟာနယက ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်ခဲ့သည်။ အဆိုပါ ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ မေ ၂၁ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ဆင်ယင်ကျင်းပခဲ့ခြင်းဖြစ် သည်။ ထို့ပြင် ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ကြီး၊ နဂါးရစ်တောင်ဆရာတော်ကြီးနှင့် သံလျင်မြို့နယ်သံသနာသတအဖွဲ့ ဥက္ကဋ္ဌဆရာတော်တို့အား အဂ္ဂမဟာပရဟိတဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်၊ ဆရာတော်၊ သံဃာတော်(၁၄)ပါးအား ပရဟိတသာသနာပြု ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်တို့ ဆက်ကပ်ခဲ့ကြသည်။ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသည့်ဆရာတော်ကြီးများ၊ မဟာနာယကဆရာတော်ကြီးများ၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို...

တရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှု အောင်မြင်လာသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သရက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။ စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေဖြင့် ဈေးလျှော့ရောင်းချမှုများ ပြုလုပ်ခဲ့ရသော်လည်း၊ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိလာပြီးနောက် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ “အစပိုင်းမှာ ဈေးမရလို့ ဈေးပြိုင်လျှော့ရောင်းခဲ့ရတယ်။ အခု တရုတ်ဘက်ကို တင်ပို့နိုင်တော့ ဈေးနည်းနည်းပြန်တက်လာတယ်။ ပေါ်ဦးပေါ်ဖျားမှာ ဈေးမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဈေးကောင်းရလာနိုင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှ စိန်တလုံးသရက်စိုက်တောင်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့စိန်တလုံးသရက်သီး တန်ချိန် ၈၀ ကျော်ကို...

ချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုတောင်းပန်

တတိယမြောက် ချားလ်စ်ဘုရင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မတော်တဆ မှားယွင်းကြေညာမိပြီးနောက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုက "စိတ်အနှောင့်အယှက်ဖြစ်ရမှုများ" အတွက် တောင်းပန်လိုက်သည်။ အဆိုပါ မှားယွင်းသော ကြေညာချက်သည် အက်ဆက်စ်ရှိ ရေဒီယို ကာရိုလိုင်း (Radio Caroline)၏ ပင်မစတူဒီယိုတွင် ကွန်ပျူတာချို့ယွင်းမှုတစ်ခုကြောင့် အင်္ဂါနေ့မွန်းလွဲပိုင်းက ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အသံလွှင့်ဌာန မန်နေဂျာ ပီတာ မိုးရ်က ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားရာ၌ “ကျွန်တော်တို့ရဲ့ ပင်မစတူဒီယိုက ကွန်ပျူတာချို့ယွင်းမှုကြောင့် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနအားလုံး အဆင်သင့်ပြင်ဆင်ထားရပြီး တကယ်အသုံးမပြုရပါစေနဲ့လို့ ဆုတောင်းနေကြတဲ့ ‘ဘုရင်/ဘုရင်မ ကွယ်လွန်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း’ (Death of a Monarch...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071