Home International ချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုတောင်းပန်

ချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုတောင်းပန်

0
70

တတိယမြောက် ချားလ်စ်ဘုရင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မတော်တဆ မှားယွင်းကြေညာမိပြီးနောက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုက “စိတ်အနှောင့်အယှက်ဖြစ်ရမှုများ” အတွက် တောင်းပန်လိုက်သည်။

အဆိုပါ မှားယွင်းသော ကြေညာချက်သည် အက်ဆက်စ်ရှိ ရေဒီယို ကာရိုလိုင်း (Radio Caroline)၏ ပင်မစတူဒီယိုတွင် ကွန်ပျူတာချို့ယွင်းမှုတစ်ခုကြောင့် အင်္ဂါနေ့မွန်းလွဲပိုင်းက ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အသံလွှင့်ဌာန မန်နေဂျာ ပီတာ မိုးရ်က ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားရာ၌ “ကျွန်တော်တို့ရဲ့ ပင်မစတူဒီယိုက ကွန်ပျူတာချို့ယွင်းမှုကြောင့် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနအားလုံး အဆင်သင့်ပြင်ဆင်ထားရပြီး တကယ်အသုံးမပြုရပါစေနဲ့လို့ ဆုတောင်းနေကြတဲ့ ‘ဘုရင်/ဘုရင်မ ကွယ်လွန်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း’ (Death of a Monarch procedure)ဟာ အင်္ဂါနေ့မွန်းလွဲပိုင်း (မေလ ၁၉ ရက်) မှာ မတော်တဆ ပွင့်သွားခဲ့ပါတယ်။ အဲဒါကြောင့် အရှင်မင်းကြီး နတ်ရွာစံကွယ်လွန်သွားပြီလို့ မှားယွင်းကြေညာမိခဲ့တာပါ။ အဲဒီနောက် လုပ်ထုံးလုပ်နည်းအတိုင်း ရေဒီယို ကာရိုလိုင်းရဲ့ အသံလွှင့်မှုတွေ ဆိတ်ငြိမ်သွားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သတိပြုမိသွားပြီး အစီအစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်လွှင့်တင်ကာ အွန်အဲယား (On-air) ကနေ တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ ရေဒီယို ကာရိုလိုင်းအနေနဲ့ ကွယ်လွန်သူ ဘုရင်မကြီးရဲ့ ခရစ္စမတ်သဝဏ်လွှာ၊ အခုဆိုရင်လည်း ဘုရင်ကြီးရဲ့ ခရစ္စမတ်သဝဏ်လွှာတွေကို ဝမ်းမြောက်ဝမ်းသာ ထုတ်လွှင့်ပေးခဲ့ပြီး နောင်နှစ်ပေါင်းများစွာအထိလည်း ဆက်လက်ထုတ်လွှင့်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အတွက် အရှင်မင်းကြီးနဲ့ ကျွန်တော်တို့ရဲ့ သောတရှင်တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်” ဟု ဖော်ပြထားသည်။

ထိုအမှားကို မည်မျှအကြာတွင် သိရှိခဲ့သည်ဆိုသည်ကို ပို့စ်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင်မူ အင်္ဂါနေ့က ထုတ်လွှင့်ခဲ့သည့် မွန်းလွဲ ၁:၅၈ နာရီမှ ညနေ ၅:၀၀ နာရီအထိ အစီအစဉ်များ၏ ပြန်လည်နားဆင်မှု (Playback) ကို အသံလွှင့်ဌာန၏ ဝဘ်ဆိုက်တွင် ရယူ၍မရတော့ပေ။

ဤဖြစ်ရပ်သည် ဘုရင်ကြီးနှင့် မိဖုရားကြီးတို့ မြောက်အိုင်ယာလန်သို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ထိုနေရာ၌ တိုင်းရင်းသားရိုးရာဂီတအဖွဲ့တစ်ခု၏ ဖျော်ဖြေပွဲတွင် ပါဝင်ဆင်နွှဲနေခဲ့ကြသည်။

၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရေဒီယို ကာရိုလိုင်းကို ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အင်္ဂလန်ကမ်းလွန်ရှိ သင်္ဘောများပေါ်မှနေ၍ လွှင့်ထုတ်ခဲ့သော ရေဒီယိုအသံလွှင့်ဌာနဟောင်း(Pirate radio station) တစ်ခု ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here