ကျိုက်ထီးဆောင်း ဒုတိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဂုဏ်ထူးဆောင် ဒေါက်တာနာဂဒီပအား မြန်မာ့ပရဟိတအလင်းရောင်ဗုဒ္ဓသာသနာပြုအသင်းကြီး(ဗဟို)က ပရဟိတသာသနာပြု အဂ္ဂမဟာပရဟိတဓရ ဇောတိကဓဇ၊ မဟာနယက ဂုဏ်ထူးဆောင်ဘွဲ့များဆက်ကပ်ခဲ့သည်။
အဆိုပါ ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ မေ ၂၁ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ဆင်ယင်ကျင်းပခဲ့ခြင်းဖြစ် သည်။
ထို့ပြင် ကျိုက်ထီးဆောင်း ဒုတိယဆရာတော်ကြီး၊ နဂါးရစ်တောင်ဆရာတော်ကြီးနှင့် သံလျင်မြို့နယ်သံသနာသတအဖွဲ့ ဥက္ကဋ္ဌဆရာတော်တို့အား အဂ္ဂမဟာပရဟိတဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်၊ ဆရာတော်၊ သံဃာတော်(၁၄)ပါးအား ပရဟိတသာသနာပြု ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်တို့ ဆက်ကပ်ခဲ့ကြသည်။
ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသည့်ဆရာတော်ကြီးများ၊ မဟာနာယကဆရာတော်ကြီးများ၊ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များလောင်းလှူပူ ဇော်ခဲ့ကြသည်။
