Tuesday, May 20, 2025

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လို

နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စီးပွားရေးအား ကောင်းရန်လိအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "...

လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့ မေ (၂၂)...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် ကျောင်းအပ်လက်ခံမှုများကို ယခုလ မေ (၂၂)ရက်မှ စတင်၍ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဒေသအခြေစိုက် ကိုယ်ပိုင်အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို...

ပင်းပက် သံမဏိစက်ရုံလည်ပတ်ရေး အပြီးသတ်လုပ်ငန်းဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် စက်များတပ်ဆင်ရေးလုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံ...

ပဋိပက္ခဖြေရှင်းရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်း ဇယ်လင်စကီးအတည်ပြု

ယူကရိန်းသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ကြောင်းနှင့် ၎င်း၏အမြင်ကို တင်ပြရန် ရုရှားဖက်မှ အဆိုပြုချက်များကို စောင့်မျှော်နေကြောင်း သမ္မတဗလာဒီမီဇယ်လင်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်...
HomeCelebrities' News(၁၆) နှစ်သား ပြန်ဖြစ်သွားလိုက်၊...

(၁၆) နှစ်သား ပြန်ဖြစ်သွားလိုက်၊ အသက် (၈ဝ) လောက် အဘိုးကြီး ဖြစ်လိုက်နဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေသူ ဇော်ဝင်းထွဋ်

အခုနှစ်ဇန်နဝါရီ ၂၁ရက်နေ့ကတော့  ဦးညီထွဋ် လို့ ချစ်စနိုးခေါ်ကြတဲ့ တေးသံရှင်ကြီး ဇော်ဝင်းထွဋ်ရဲ့ အသက် ၅၄နှစ် ပြည့်မွေးနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝလောက်က ၁၆နှစ်သား အတွေးနဲ့ အသက် ၅ဝကျော်လူကြီး တစ်ယောက်ရဲ့ အတွေးက ဘာတွေ ကွာခြားသွားပြီလဲဆိုတာ ဦးညီထွဋ်က…

“အမှန်အတိုင်းပြောရရင် အခု ၅ဝပြည့်ပြီး သတိရလို့ တစ်ခေါက် ပြန်ကြည့်လိုက်ရင် ဘယ်လိုဖြစ်လို့ ၅၄နှစ်ကို ရောက်လာခဲ့မှန်းမသိဘူး။ ၁၆နှစ်သားတုန်းကလည်း ၁၆နှစ်  သားအတွေးနဲ့ ဖြတ်သန်းရတာပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်နေတဲ့ ရက်တိုင်း၊ ရက်တိုင်းကို ပျော်ရွှင် ဖွယ်ရာဖြစ်အောင်၊ တန်ဖိုးရှိအောင် နေဖို့ကြိုးစားရမှာ ပေါ့။ အဲဒီလိုမျိုးပဲ အမြဲနေတယ်။ ဒီတစ်ရက်မှာ ကောင်းတာလည်း လုပ်မိမယ်။ မကောင်းတာလည်းလုပ်မိမယ်။ ဒါပေမဲ့ အဲဒီ တစ်ရက် ကတော့ ညဘက်ရောက်ရင် အဓိပ္ပာယ်ရှိရှိနဲ့ နိဂုံးချုပ် တာပေါ့ နော်။ အဲဒီလိုပဲ ဖြတ်သန်းလာရင်းနဲ့ အသက် ၅၄နှစ်ကို ရောက် လာတယ်လေ။ စိတ်ထဲမှာ တစ်ခါတလေ ၁၆နှစ်သား ပြန်ဖြစ် သွားလိုက်၊ တစ်ခါတလေတော့လည်း အသက် ၈ဝလောက် အဘိုးကြီးဖြစ်လိုက်နဲ့ပေါ့။ အဲဒီလိုပါပဲ”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၇ခုနှစ်ထဲမှာ The Journey အခွေထွက်ရှိခဲ့သေးသလို ၂ဝ၁၈ခုနှစ်ထဲမှာရော အခွေ သစ် ထပ်ထွက်ဖြစ်ဦးမလားလို့ မေးတဲ့အခါ… “အသစ်တစ်ခွေလုပ်နေပါတယ်။ အသစ်ကတော့Blues တွေပါပဲ။

Commertial ရောင်းတန်း အတွက် ဟုတ်ချင်မှဟုတ်မှာပေါ့။  ကိုယ်လုပ်ချင်တာလေးတွေကိုယ် လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Blues တွ ဆိုနေ၊ တီးနေမှလည်း အသက်ကဆက်လို့ရတာကိုး။ The Journey ဆိုတာကျတော့လည်း ကိုယ်ဖြတ်သန်းခဲ့တဲ့ ကိုယ့်မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ ငါတို့ ဒါတွေကို အတူတူနားထောင်ခဲ့ ကြပါလား၊ ဒီခရီးကို အတူတူ သွားခဲ့ကြပါလားဆိုတဲ့ အမှတ်တရ လေးတွေပေါ့။ Journey ပထမကတော့ ၄ချပ်ထုတ်မလို့။ ၃၊ ၄ ၂ချပ် ရှိသေးတယ်။ အဲဒါက ဆက်တိုက် ထွက်ချင်လည်းထွက်မယ်။ မထွက်ရင်လည်း နောက်မှ ထွက်မယ်။ တီးပြီးသားတွေရှိတယ်။ အဓိကကတော့ ဒီနှစ်သင်္ကြန်ပြီး သွားရင်တော့ စတူဒီယိုထဲပြန်ဝင်ပြီးတော့ သီချင်းတွေ ဆက်သွင်းသွားဖို့ရှိ ပါတယ်” လို့ဇော်ဝင်းထွဋ်ကပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071