၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လမှ စတင်၍ စိစစ်ခွင့်ပြုပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၈၅၉ ဦး၊ထုတ်ဝေခြင်းလုပ်ငန်း ၃၆၈၉ ဦး နှင့် သတင်းအေဂျင်စီလုပ်ငန်း(၅၂၃)ဦး စုစုပေါင်း(၆၀၇၁) ဦးကို စိစစ်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလတွင် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း(၆၂)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် လျှောက်ထားသူဂျာနယ်(၃)ဦး၊မဂ္ဂဇင်း(၅)ဦး၊ အထွေထွေ ၄၉ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၂၇ ဦး စုစုပေါင်း (၁၁၀)ဦးကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်ခွင့်ပြုထားကြောင်း သိရသည်။
