Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' News၀န်ထမ်းဘ၀ကနေ ဆေးပင်စင်ယူပြီး အနုပညာနဲ့...

ဝန်ထမ်းဘ၀ကနေ ဆေးပင်စင်ယူပြီး အနုပညာနဲ့ ရပ်တည်ခဲ့တဲ့ ဦးချစ်စရာ

Chitsayar

ဝါရင့်ဟာသ လူရွှင်တော်ကြီး ဦးချစ်ရာကတော့ အသက် ၆၉နှစ်အရွယ်ရှိပြီဖြစ်ပြီး အသက်အရွယ်ကြောင့် လည်း အနုပညာလှုပ်ရှားမှုလေးတွေ ကျဲပါးလာခဲ့ပါတယ်။ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ အရိုက်နည်းလာပေမယ့် လက်ရှိ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Jocker Variety  ဟာသအစီအစဉ်လေးမှာ ပါဝင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဦးချစ်စရာရဲ့လတ်တလောမှာ အနုပညာ လှုပ်ရှားမှုတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေအကြောင်းကို မေးမြန်းတဲ့အခါ…

“မိုးတွင်းရောက်တော့ အငြိမ့်ကလည်း သိပ်မကရပါ ဘူး။ ဗီဒီယိုတွေကလည်း အခုခေတ်မှာရှားကြတယ်။ ဖြန့်ချိ ရေးအားနည်းတော့ ရိုက်ကူးတာနည်းကြတယ်။ ရုပ်ရှင် ဇာတ်ကားကြီးအနေနဲ့ကလည်း ကျပ်သိန်းထောင်ချီပြီး ကုန်ကျစရိတ်ရှိတော့ ပိုက်ဆံရှိတဲ့သူလောက်ပဲ ရိုက်နိုင်ကြ တယ်။ အရင်လိုလည်း ဇာတ်ကားကားရိုက်က လှိုက်လှိုက်လှဲ လှဲမထူဘူး။ ကားရိုက်ပါးကြတယ်။ ဦးတို့ကို အခုတော့ ဦးသီကခေါ်တဲ့ ဟာသအစီအစဉ်လေးတွေမှာ ခေါ်ရိုက် တယ်။ Jocker Variety တစ်ပိုင်းလေးတွေ ခေါ်ရိုက်ကြ တယ်။ တစ်ခါတလေကျတော့ ကန်ထရိုက်တွေခေါ်ပါတယ်။ ဒါပေမဲ့ နယ်ဘက်တွေကျတော့လည်း အသက်ကြီးပြီဆို တော့ ရာသီဥတုဒဏ်ကို စဉ်းစားရတယ်။ ဥပမာ-အောင် ပန်းတို့ဘာ တို့ဘက်ကျတော့ အေးတဲ့ဒေသဖြစ်တဲ့အတွက် ရှောင်ရတာပေါ့”လို့ ဦးချစ်စရာက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဗီဒီယိုရိုက်ကူးမှုတွေ နည်းပါးတဲ့ အတွက် သက်ကြီးဟာသသရုပ်ဆောင်များ၊ ဇာတ်ပို့ ဇာတ်ရံများတချို့အတွက် စားဝတ်နေရေး အခက်အခဲများ လည်း ရင်ဆိုင်နေကြရပါတယ်။ ဦးချစ်စရာအနေနဲ့က တော့ လက်ရှိမှာ ဇနီးနဲ့အတူ လှည်းတန်း၊ စံရိပ်ငြိမ်မှာ နေထိုင်လျက်ရှီပြီး လင်မယားနှစ်ယောက် ပင်စင်လစာနဲ့ အေးအေးချမ်းချမ်း နေထိုင်နေတယ်လို့ သိရပါ တယ်။ အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

“အငြိမ့်တို့၊ ဇာတ်သဘင်လော ကကလူတွေ ဆိုရင် တချို့လူရွှင်တော်တွေဆိုရင် များသော အားဖြင့် ဗီဒီယို၊ ရုပ်ရှင်အပိုင်းတွေ ရောက်လာ ကြပါပြီ။ သူတို့လည်း တချို့ခက်ခဲတဲ့အခိုက် အတန့်ရောက်နေကြတယ်။ ပွဲကရမှ အဆင်ပြေ မှာလေ။ ဦးတို့ကျတော့ ရုပ်ရှင်မရိုက်ကူးခင်က တည်းက အဝေးသင်တက္ကသိုလ်မှာ ငွေကိုင်ချုပ်၊ တစ်နည်းအားဖြင့် ရုံးအုပ်ပေါ့။ ဦးရဲ့ဇနီးကလည်း အဝေးသင် တက္ကသိုလ်မှာ ဌာနခွဲစာရေးကြီးပါ။ အခုတော့ လင်မယားနှစ်ယောက်လုံး ပင်စင်နဲ့ ပေါ့။ ဦးကတော့ ဆေးပင်စင်ယူပြီး ဒီအနုပညာ ထွက်လုပ်စားခဲ့တာပါ။ ပင်စင်လစာနဲ့ပဲ လင် မယားနှစ်ယောက်အေးအေးဆေးဆေးနေထိုင် နေပါတယ်။ ဦးက ဆီးချိုရှိတယ်။ မျက်လုံးလည်းခွဲ ထားတော့ မျက်လုံးအားနည်းတယ်။ ဆီးချို အတွက်ပဲ အစားအသောက်ချင့်ချိန်နေထိုင် နေပါတယ်”လို့ ဦးချစ်စရာက ပြောပြပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071