Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeMusicGym ဆော့တာထက် အစားအသောက်ကို...

Gym ဆော့တာထက် အစားအသောက်ကို အဓိကရှောင်ပြီး ဝိတ်မတက်အောင်ထိန်းတဲ့ Sophia

 ကျန်းမာရေးအတွက် Gym ပုံမှန်ဆော့ဖြစ်သလို အလှအပအတွက်ကိုလည်း အစားအသောက်ကို ရှောင်ပြီးစားဖြစ်ကြောင်း အဆိုတော် Sophia က ပြောပါတယ်။ ကျန်းမာရေးအတွက် Gym  ပုံမှန်ဆော့ဖြစ်သလို အလှအပအတွက်ကိုလည်း အစားအသောက်ကို ရှောင်ပြီးစားဖြစ်ကြောင်း အဆိုတော် Sophia က ပြောပါတယ်။

“သီချင်းဆိုတာကလည်း သက်လုံ ကောင်းမှရမှာလေ။ အဲဒီအတွက်လည်း Gym ဆော့ပါတယ်။ အခု နောက်ပိုင်း ဒီရက်ပိုင်း တွေတော့ မဆော့ဖြစ်ပါဘူး။ ဆိုဖီနေသိပ် မကောင်းတာနဲ့ ခဏလေးနားထားတာ ပေါ့နော်။ အဓိကကတော့အစား အသောက် ကို ရှောင်ပါတယ်။ ဆီကြော်တော့ လုံးဝ မစားပါဘူး။အတတ်နိုင်ဆုံးတော့ အပြုတ် တွေစားဖြစ်တာများပါတယ်။ Gym ထက်စာရင်တော့ အဓိကက အစား အသောက် ရှောင်နိုင်ဖို့ပါပဲ”လို့ သူမရဲ့ ခန္ဓာကိုယ်အလှအပ ထိန်းသိမ်းခြင်းရဲ့ လှို့ဝှက်ချက်အကြောင်း Sophiaက ပြောပါတယ်။

ဂီတနဲ့ ပတ်သက်ပြီး   ဒုတိယတစ်ကိုယ်တော် အခွေ မထွက်ခင် Music Video တစ် ပုဒ်ရယ်၊ သီချင်းအသစ်တစ်ပုဒ်ရယ်တင်ဖို့ရှိတဲ့ Sophia က စက်တင်ဘာလ ၂၃ရက်နေ့၊ Rose Garden Hotel မှာ ကျင်းပ မယ့် Romantic Opera ပွဲမှာလည်း ပါဝင်ဖျော် ဖြေဖို့ရှိပါတယ်။ ဆံပင်ပုံစံနဲ့ ပတ်သက်လို့ အမြဲတမ်းပြောင်းလေ့ရှိတှဲ့သစ့ငေ ကို လက်ရှိထားဖြစ်နေတဲ့ ဆံပင်ပုံစံ အကြောင်းကိုလည်း မေး ဖြစ်တဲ့အခါ…

“လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက် ကတည်းက တစ်လကို ၄ရောင်၊ ၅ရောင် ပြောင်းဆိုးတယ်။ ဆိုးပါများတော့ ဆံပင်တွေက ပြတ်ကျတာတွေဖြစ် တယ်။ ဒဏ်ကို မခံနိုင်တော့ဘူးပေါ့ နော်။ အပူတွေနဲ့ အမြဲတမ်းထိနေရ တာကိုး။ အဲဒီတော့ နောက်ဆုံး ဆံပင် အတုတွေပဲ စွပ်တော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။ အဲဒါကျတော့   ကြိုက်တဲ့ အရောင် ကောက်တပ်လိုက်ရင် အဆင် ပြေတယ်ပေါ့နော်။ ပွဲတွေတက်ရင်လည်း အဲဒီလိုလုပ်ဖြစ်တယ်။ ဆံပင်ကတော့ ဆိုဖီကိုယ်တိုင်က အနက်ရောင်ပဲထားချင် တော့တယ်”  လို့ သူမကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071