Saturday, May 9, 2026

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...
HomeEntertainmentမြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ...

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ အခြေခံဂီတ သင်တန်းများ ဖွင့်လှစ်

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ အခြေခံဂီတသင်တန်းများ ကို မေလ ၁၇ ရက်ကနေစတင်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှတ် (၂)၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်ကွက် တာမွေမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အခြေခံဂီတသင်တန်း မှာ ဖွင့်လှစ်သင်ကြားပေးမယ့် ဘာသာ ရပ်များကတော့ အဆိုဘာသာရပ် (မဟာ ဂီတ’ခေတ်ဟောင်း’ကာလပေါ်)၊ အတီးဘာသာရပ် (ဂစ်တာ’စန္ဒရား’ စောင်း’ပတ္တလား’မယ်ဒလင် ဂီတ သင်္ကေတ)တို့ကို သင်တန်းကာ လ ၃ လတိတိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလအတွင်း နာမည်ကြီး အနုပညာရှင်များကလည်း လာရောက်ကာ ဟောပြောပွဲများ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းဖွင့်လှစ်ဖြစ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)မှ ပြန်ကြားရေး မှူး ဦးစိုးထွဋ်ခိုင်က

“အန်ကယ်တို့ ဒီလိုသင်တန်းလေးဖွင့်လှစ်ဖြစ်တာက တော့ နွေရာသီမှာ ကလေးတွေအတွက် ပညာလေးလည်းရမယ်။ ပြီးတော့ ဂီတကို စိတ်ဝင်စားတဲ့သူတွေအတွက်လည်း အဆင်ပြေမယ်။ သင်တန်းကြေးတွေကို လည်း ဘာသာရပ်အလိုက် အတတ်နိုင်ဆုံး သတ်မှတ်ထားပေးထားပါတယ်”လို့ ပြောပါတယ်။ သင်တန်းကာလအတွင်း သင်တန်းဖွင့်ရက်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီ မှ ၁၂ နာရီအထိ တစ်ကြိမ်၊ ညနေ ၁ နာရီမှ ၄ နာရီအထိ တစ်ကြိမ် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071