မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ မြန်မာ့ ရုပ်ရှင် နှစ် ၁ဝဝ ပြည့်အကြို ရုပ်ရှင် ဇာတ်ဝင် တေးဂီတ ဖျော်ဖြေပွဲ စီစဉ်ကျင်းပ မှာ ဖြစ်တာကြောင့် “မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်အကြို” ဆိုတဲ့စကားကို မသုံးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ Laurel Art ကျောင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့က မေတ္တာ ရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ ဒီလို မေတ္တာရပ်ခံစာ ပေးပို့ပေမယ့် လည်း Laurel Art ကျောင်းက ဖေဖော် ဝါရီလ ၇ ရက်နေ့မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ ခေါင်းစဉ်ကို ဆက်လက် သုံးစွဲသွား မှာဖြစ်တယ် လို့ ရှင်းလင်း ချက် ထုတ်ပြန် ခဲ့တာကြောင့် အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ကိုမေးမြန်းရာ ..
“တကယ်တော့ ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ခံယူတာ ပိုင်ရှင်မဲ့တော့ မဟုတ်ဘူး။ ဒီလို အနှစ် ၁ဝဝ ရောက်လာအောင် ဆိုတာ ဟိုးရှေး အဆက်ဆက်က အမိ၊ အဘ၊ အဘိုး၊ အဘွားတွေ တည် ဆောက်ခဲ့လို့ ကျွန်တော်တို့က အမွေ ဆက်ခံခဲ့လို့ ဒီစကားကို ပြောလို့ရ နိုင်တာ။ လူတိုင်း ကြိုဆိုခွင့် ရှိပါတယ်။ လူတိုင်းနဲ့လည်း ဆိုင်ပါတယ်။ မိမိ အကျိုးစီးပွား အလို့ငှာသုံးမယ် ဆိုရင် တော့ ဒီရုပ်ရှင် လောကကို ကိုယ်စား ပြုတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးကို ခွင့်တောင်းတာမျိုး၊ အသိ ပေးတာမျိုး၊ ညှိနှိုင်းတိုင်ပင်တာ မျိုးတော့ လုပ်သင့်တယ်လို့ ကျွန်တော် တို့က ခံယူတယ်။ အဲဒါကြောင့် အဲဒီမေတ္တာရပ်ခံ စာလေး ပို့တာပါ။ တစ်ခုရှိတာက ကျွန်တော်က ဥက္ကဋ္ဌ အဖြစ် လက်မှတ်ထိုး ရတဲ့ အတွက် ကျွန်တော့် ခေါင်းစည်းပဲ ထွက်တာ ပေါ့လေ။ ဒါပေမဲ့ ဒီ သဘောထားက နာယကချုပ်ကြီးလို့ ပြောလို့ရတဲ့ ဘဘ ဗိုလ်ကလေး တင့်အောင်ရဲ့ သြဝါဒကို ခံယူပြီးမှ ကျန်တဲ့နာယက တွေ စုံညီဆွေးနွေး ပြီးမှ ဒါလေး ကတော့ မေတ္တာရပ်ခံ သင့်တယ် ဆိုပြီး မေတ္တာရပ်ခံစာ ဆိုပြီး လေးလေး စားစား ပေးပို့ခြင်းဖြစ်ပါ တယ်။ Laurel Art ရဲ့ ကျောင်းအုပ်ကြီး ဦးကြည်စိုးထွန်း ကလည်း ကျွန်တော် တို့ နာယကကြီး တစ်ဦး အပါအဝင်ပါ။ ဒါကြောင့် ကျွန်တော် တို့က မေတ္တာ ရပ်ခံစာ ပေးပို့တာပါ။ ကျွန်တော်တို့က ဖေဖော်ဝါရီလ ၂ ရက်နေ့ ကပေး ပို့ပါတယ်။ အဲဒီအပေါ် မှာ ကျွန်တော် တို့ကို ဆွေးနွေးခြင်း၊ အကျိုး အကြောင်း ပြန်ကြားခြင်း လုံးဝမရှိဘဲ နဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ ဆိုတာကြီး အရင် လုပ်လိုက်တယ်။ စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ပြီးတော့ မှ ဆက်သုံးပါ့ မယ် ဆိုပြီး အကြောင်း ပြန်လာတယ်။ ကျွန်တော်တို့ အနေ နဲ့က ဘဘ ဗိုလ် ကလေးတင့်အောင် ရဲ့ သြဝါဒကို ထပ်ပြီး ခံယူပါတယ်။ ပထမလည်း ဘဘကို တင်ပြခဲ့တယ်။ အခုလည်း ဒီလိုဖြစ်ပြီ ဘဘရေ ဆိုတော့ ဘဘက အချင်းချင်းတွေ ရှည်ရှည်ဝေးဝေး မဖြစ်ချင်ဘူးကွာ တဲ့။ ဆက်လည်း ကန့်ကွက် မနေပါနဲ့ တော့တဲ့။ ဘဘက အဲဒီလို ညွှန်ကြား ပါတယ်။ ကျွန်တော် တို့လည်း ဆက်ပြီး ကန့်ကွက်ဖို့ မရှိတော့ပါဘူး” လို့ ပြောပါတယ်။
ခိုင်ဝေလွင်