Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeArticlesမြန်မာသံစဉ် သီချင်းများကြား လူငယ်တွေရဲ့...

မြန်မာသံစဉ် သီချင်းများကြား လူငယ်တွေရဲ့ ခံစားချက်များ

အခုတစ်ပတ်မှာတော့  ပေါ် ပြူလာစာဖတ်ပရိသတ်များအတွက်   မြန်မာသံစဉ်သီချင်းတွေနဲ့ ပတ်သက်ပြီး လူငယ်တွေနဲ့  လူလတ်ပိုင်းတွေရဲ့ အမြင်များကို   စုစည်းပြီး”မြန်မာသံစဉ်သီချင်းများ ကြား လူငယ် တွေရဲ့ခံစားချက်များ”ဆိုပြီး  စုစည်းမေးမြန်းဖော်ပြလိုက်ရပါတယ်။

မိုးကဗျာစိုးပိုင်

မြန်မာသံစဉ်သီချင်းတွေကို    ကြိုက်ပါတယ်။ ခေတ်ပေါ်သံစဉ်နဲ့    မြန်မာသံစဉ်မှာဆိုရင် မြန်မာသံစဉ်က ပိုပြီးနားဝင်ချိုတယ်။ မြန်မာသံစဉ်အဆိုတော်တွေထဲမှာဆိုရင်အကြိုက်ဆုံး ဆိုတာတော့မရှိပါဘူးအကုန်လုံးကို ကြိုက်ပါတယ်။ သီချင်းဆိုရင်လည်း တော်တော်များများနားထောင်ဖူး တယ်။ မြန်မာသံစဉ်တိုးတက်ဖို့အ တွက်ဆိုရင် နောင်လာမယ့်ဂီတမျိုးဆက်သစ်လေးတွေမြန်မာသံစဉ်ကိုတကယ်နှစ်သက်ပြီးကြိုးစားဖို့လိုအပ် မယ်ထင်ပါတယ်။

***********

ခိုင်သဇင်ဦး

မြန်မာသံစဉ်သီချင်းတွေကို   ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့    မြန်မာသံစဉ်တွေက တစ်ခါတလေ လူတွေရဲ့စိတ်ကိုတည်ကြည်အေးချမ်း စေတယ်လေ။ မြန်မာသံစဉ်သီချင်း တွေထဲမှာဆိုရင် တွံတေးသိန်းတန် ရဲ့ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ်ဆိုတဲ့သီချင်းကိုကြိုက်ပါတယ်။ ခေတ် ပေါ်သီချင်းတွေနဲ့ မြန်မာသံစဉ်သီ ချင်းတွေကြားမှာကွာခြားချက်တွေ ကတော့အများကြီးရှိပါတယ်။ မြန်မာ သံစဉ်သီချင်းတွေကတော့ ဘယ်အ ချိန်ပဲဖြစ်ဖြစ်ရိုးမသွားပါဘူး။ မြန် မာသံစဉ်တွေ တိုးတက်ဖို့အတွက်ဆို ရင်တော့ ဝါသနာပါတဲ့လူငယ်တွေ ကိုသေချာလေ့ကျင့်သင်ကြားပေး သင့်ပါတယ်။

***********

အောင်ထွန်းလင်း

ကျွန်တော်တို့က နားဆင်သူတွေ ဆိုတော့ ကိုယ့်ခံစားချက်နဲ့ကိုက်ရင် မြန်မာသံမှ ခေတ်ပေါ်သံမှဆိုတာ မဟုတ်ပါဘူး။ အကုန်လုံး နားထောင် ပါတယ်။ အဓိကကဖန်တီးမှုကောင်း ရမှာပေါ့။ လမ်းကြောင်းအသစ်  ဖောက်တယ်ဆိုတဲ့ နေရာမှာခေတ် ကာလဆိုတာ အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပေမယ့်ကိုယ်နဲ့ ဘယ်လောက်ရင်ဘတ်ချင်းနီးလဲဆိုတာကိုကြည့်ပြီးတော့မှ ရွေးချယ်ဖြစ် တယ်။ ဂီတလောကတိုးတက်ဖို့ဆိုရင် လိုအပ်တာက တစ်ခုတည်းပါ။ လူ တွေရဲ့ဘဝနဲ့ ဘယ်လောက်နီးနီးစပ် စပ်ဖန်တီးနိုင်လဲဆိုတဲ့အချက်ပါပဲ။

***********

စိုင်းဝမ်း

ကျွန်တော်ကတော့မြန်မာသံနဲ့ခေတ်ပေါ်သံဆိုရင် မြန်မာသံစဉ်သီချင်းတွေကိုပိုပြီးတော့ ကြိုက်ပါတယ်။ခေတ်ပေါ်သီချင်းတွေကိုဘာလို့မ   ကြိုက်လဲဆိုရင် သူကဘယ်လောက် ကောင်းကောင်း ခဏတစ်ဖြုတ်နား ထောင်ပြီးသွားရင် ကြာလာတော့နား ငြီးလာတယ်။ ကြာကြာဆက်ပြီး နားမထောင်ချင်တော့ဘူး။ ရိုးသွား တာပေါ့။ မြန်မာသံစဉ်တွေကတော့ ဘယ်အချိန်ပဲ နားထောင်နားထောင် အမြဲတမ်း ရင်ထဲရောက်တယ်ပေါ့။ အရင်တုန်းက မြန်မာသံစဉ်အဆို တော်တွေဆိုရင် တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် ကိုကြိုက်ပါတယ်။ အခုအဆို  တော်တွေထဲမှာဆိုရင်တော့ ဗညားဟန်နဲ့ မနောကိုကြိုက်ပါတယ်။ မြန်မာဂီတ တိုးတက်ဖို့အတွက်ဆိုရင် သီချင်းတွေတစ်ခွေပြီးတစ်ခွေများ   များထွက်မယ်ဆိုတာထက် အရည် အသွေးကို ဦးစားပေးပြီးသီချင်း တွေကို တကယ့်ခံစားချက်အစစ်အ မှန်နဲ့ဆိုတာတို့ရေးတာတို့လုပ်မယ် ဆိုရင်တော့ နားထောင်တဲ့သူတွေ ရဲ့ရင်ထဲကိုရောက်ပြီး သီချင်းတွေ လည်း ပိုပြီးတော့အောင်မြင်မယ်လို့ထင်ပါတယ်။

***********

ပွင့်ဧကရီကျော်

မြန်​မာသံစဉ်​​တွေကိုကြိုက်​ပါ တယ်။ ဘာ​ကြောင့်​လဲဆို​တော့မြန်​မာ သံ​စဉ်​​တွေက အသံချိုချို​အေး​အေး လေး​တွေဆို​တော့ နား​ထောင်​ရတာ နားဝင်​ချိုလို့ပါ။ ခေတ်​​ပေါ်ဂီတနဲ့ မြန်​မာသံစဉ်​ဘယ်​လိုကွာခြားလဲ ဆို​တော့ တစ်​မျိုးစီ​ပေါ့​နော်​။ အ​သေး စိတ်​​တော့မ​ပြောတတ်​ပါဘူး။ မြန်​မာသံစဉ်​သီချင်း​တွေမှာဆိုရင် ဘွား ဘွား​ဒေါ်တင်​တင်​မြရဲ့သီချင်း​တွေကို ကြိုက်​ပါတယ်​။ မြန်​မာဂီတတိုးတက်​ဖို့ဆိုရင်​​တော့ မြန်​မာသံစဉ်​ပြိုင်​ပွဲ​တွေကို များများလုပ်​​ပေးခြင်းက အ​ထောက်​အကူဖြစ်​မယ်​လို့ထင်​ပါတယ်​။

***********

စည်သူထွန်း

မြန်မာသံစဉ်သီချင်းတွေကို ကြိုက်နှစ်သက်ပါတယ်။ ဓိရာမိုရ် ဖန်တီးထားတဲ့ တချို့ သီချင်းလေးကို နားထောင်ရတာ နှစ်သက်တယ်။ မြန်မာသံစဉ်မှာ အားသာချက်က      စာသားတကယ်ကောင်းတယ်။ အဓိ ပ္ပာယ်တွေက ထိမိတယ်။ တစ်ခါတ လေမြန်မာသံစဉ်သီချင်းအေးအေး လေးတွေ နားထောင်ဖြစ်သလို အား လည်းပေးပါတယ်။ ခေတ်ပေါ်ဂီတနဲ့ ကွာခြားတာက ခေတ်ပေါ်ဂီတက Copy တွေများတယ်။ စာသားတွေ ကလည်း သီချင်းဖြစ်ပြီးရောရေး ထားတာ။ စာသားအလွန်အားနည်း တယ်။ ကိုယ်ပိုင်ဖန်တီးမှုတွေနည်း တယ်။

အောင်ပြည့်စုံ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071