မရီ သူ့အဖေဆုံး ရက်လည် ပြီး အိမ်ပြန်လာတော့ မမရီလက်ထဲ မှာ သူ့အဖေမကွယ်လွန်မီ ကိုင်ခဲ့တဲ့ ‘ကြေးဝါရောင် တုတ်ကောက်လေး+ပါ လာတယ်။ အဲဒီကြေးဝါရောင် တုတ် ကောက်လေးက ပလွေလို အပေါက် ကလေးတွေနဲ့ အတိုအရှည်အနိမ့် အမြင့် ကြိုက်သလိုလုပ်လို့ရတဲ့ တုတ် ကောက်လေးတဲ့။ ကျွန်တော်ကတော့ မမရီသူ့အဖေ တုတ်ကောက်လေးကို ယူလာတာ၊ သူ့အဖေကိုယ်စား အမှတ် တရပစ္စည်းတစ်ခုကို ယူလာတယ်လို့ ထင်တာပေါ့။ တကယ်တော့ ဒီတုတ် ကောက်လေးဟာ မမရီရဲ့ . . .။
(၂)
စာရေးဆရာကြီး ဦးရာစိုး (ရာစိုး-လူမှု) ကွယ်လွန်တော့ မဟာ အောင်မြေမြို့နယ် စာရေးဆရာအ သင်းဟာ သူတို့အားထားရာ ရဲတိုက် ကြီး ပြိုလဲသွားတာနဲ့ တူပါတယ်။ ဆ ရာကြီးဟာ စာပေကို အလွန်တန်ဖိုး ထားမြတ်နိုးသလို၊ သူ့အသင်းဝင် စာ ရေးဆရာကြီးငယ်တွေလည်း အတန်း စာပေမခွဲဘဲ အလေးထားတတ်သူ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စီးပွားရေး လုပ်ငန်းက ရာဇာစိုးသမဝါယမလီမိ တက်လုပ်ငန်းဖြစ်ပါတယ်။ ဆရာကြီး က အဲဒီအသင်းရဲ့ ရာသက်ပန်ဥက္ကဋ္ဌ ပေါ့။ ဆရာကြီးက သူ့အသင်းရုံး အ ပေါ်ထပ် တစ်ထပ်လုံးကို စာရေးဆရာ အသင်းရဲ့ရုံးခန်းအဖြစ်လည်း ခွင့်ပြု ထားတဲ့အပြင်၊ ရုံးအတွက် အသုံးပြု မယ့် ပရိဘောဂပစ္စည်းတွေကိုလည်း သူတစ်ဦးပိုင်ငွေအဖြစ် ပြည့်စုံအောင် ဖန်တီးပေးထားပါတယ်။
ကျွန်တော်ကတော့ ဆရာကြီး ရဲ့သမီးကြီး မမရီရဲ့ ခင်ပွန်းဖြစ်ပေ မယ့် စာရေးဆရာအသင်းမှာ အ သင်းဝင် မဟုတ်တဲ့အတွက် မဟာ အောင်မြေ စာရေးဆရာ အသင်းမှာ အသင်းဝင် ဘယ်နှယောက်ရှိတယ် ဆိုတာ မသိပါဘူး။ ဒါပေမဲ့ မန္တလေး စာရေးဆရာအသင်းတွေထဲမှာ အင် အားကောင်းတယ်ဆိုတာတော့ သိပါ တယ်။ မဟာအောင်မြေမြို့နယ်ဆို ပေမယ့် မန္တလေးအခြားမြို့နယ်က စာရေးဆရာတွေ၊ အမရပူရ၊ အင်းဝ၊ ပုသိမ်ကြီးမြို့နယ်က စာရေးဆရာ တွေလည်း၊ မဟာအောင်မြေမှာ အ သင်းဝင်ကြပါတယ်။
မန္တလေးမြို့နယ်တွေထဲမှာ အထူးခြားဆုံးက နှစ်စဉ်အောင်မြေ မဂ္ဂဇင်းကို တစ်နှစ်တစ်အုပ် ထုတ်ဝေ နိုင်ခဲ့ခြင်းပဲ။ ထုတ်ဝေခဲ့တာလည်း ၁၃ ကြိမ်အထိ ရှိခဲ့ပါပြီ။ နောက်တစ် ခုက နှစ်စဉ်စာပေသက်ကြီးပူဇော် ပွဲ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သက် ကြီးစာပေပညာရှင်များလည်း ထိုက် တန်စွာ ကန်တော့ခြင်းဖြင့် ဆရာကြီး က ဂုဏ်ယူတတ်ကြတယ်။ သက်ကြီး ပူဇော်ပွဲတိုင်းမှာ အကျွေးအမွေး အစီ အစဉ်တွေအပြင် တက်ရောက်သူ စာရေးဆရာများအတွက် ကံစမ်းမဲ အစီအစဉ်ကလည်း နှစ်စဉ်ပဲ ပါဝင်ခဲ့ ပါတယ်။ ဆရာကြီးရဲ့ ဗလာမပါတဲ့ ကံစမ်းမဲမှာ တန်ဖိုးအသင့်အတင့်ရှိ လူသုံးပစ္စည်းကိုပဲ မဲဖောက်ပေးပါ တယ်။ နှစ်စဉ် မဲလာနှိုက်ကြတဲ့ ဦးရေမှာ ငါးဆယ်၊ ခြောက်ဆယ်အထိ အောင် ရှိပါတယ်။ ဒါက တစ်နှစ် တလေ လုပ်ခဲ့တာမဟုတ်။ နှစ်စဉ်၊ ဒါတင်မကသေး။ သူ့စာရေးဆရာ တွေ လေ့လာရေး သွားတတ်တယ် ဆို သူကိုယ်တိုင် ကားလိုသလောက် စီစဉ်ပေးတယ်။ ဘယ်သူမှ တစ်ပြား မှ ထည့်စရာမလိုအောင် စီစဉ်ပေး တတ်တယ်။
အဲဒီစာပေချစ်သူဆရာကြီးဟာ ၈.၂.၂ဝ၁၈ ကတော့ သူချစ်တဲ့ စာရေးဆရာတွေ၊ သူချစ်တဲ့ သူ့ရုံး သူရုံးသားတွေနဲ့ သူ့သားသမီးတွေဖြစ် တဲ့ မမရီတို့ မောင်နှမသုံးယောက်ကို ထားခဲ့ပြီး ဘဝတစ်ပါးသို့ ပြောင်း ရွှေ့သွားပါပြီ။
မှီခိုကြသူများစွာရဲ့ ဆုံးရှုံးမှုပင် . . .။
(၃)
ဟုတ်တယ်။ တကယ်တော့ ဒီတုတ်ကောက်လေးဟာ မမရီရဲ့။ တုတ်ကောက်ကလေး ဘယ်အချိန် အသက်ဝင်လိုက်မှန်း ကျွန်တော်မ သိလိုက်ဘူး။ ၁၂.၃.၂ဝ၁၈ နေ့က ကျွန်တော်အင်တာနက်သုံးနေချိန် မမရီ ကဗျာရွတ်နေတဲ့ ဗီဒီယိုဖိုင် ဖွင့်မိတော့ ကျွန်တော်တွေ့လိုက်ရ တယ်။ အဲဒီနေ့က စာရေးဆရာ အသင်းရုံးမှာ သူတို့ဆရာကြီးကို ကဗျာနှင့် ပူဇော်ပွဲ လုပ်နေကြတာကို ကျွန်တော်သတိရမိတယ်။ ဗီဒီယိုဖိုင် ထဲမှာ မမရီကလည်း သူ့အဖေတုတ် ကောက်လေးနဲ့ ကဗျာပူဇော်မှု ပြုနေ တာကို ကျွန်တော်တွေ့နေရတယ်။ တကယ့်ကို ဆွေးဆွေးမြေ့မြေ့ပါပဲ။
အဖေ
အားလုံးကိုခွဲပြီး
ခရီးအဝေးကြီး အဖေထွက်သွားပါပြီ။
အဖေ
သမီးလောဘကြီးခဲ့တာလား
သမီးညံ့ခဲ့တာလား
ခွဲခြားမသိခင်
သမီးကျန်ရစ်ခဲ့တယ် အဖေ။
အဖေ
အဖေ့အသက် ၈ဝ
သမီးအသက် ၅ဝ ကျော်အထိ
အဖေ့အရိပ်ခိုပြီး
ဘဝခါးတွေ သမီး’ချို’ခဲ့ပါတယ်အဖေ။
အဖေ
အခုတော့ အရိပ်မဲ့ခဲ့ပြီလေ
အားနည်းချက်တွေကြောင့်
မိဘရဲ့
ပိုပြီးစာနာခံခဲ့ရတာလည်း သမီး
မိဘသဘာဝ
ပိုအချစ်ခံခဲ့ရတာလည်းသမီး ဘာမှ မစွမ်းဆောင်နိုင်တာလည်း သမီး
အဖေအားကိုးနဲ့
ညံ့ချင်တိုင်းညံ့ခဲ့ တာလည်းသမီး
အဖေရေ
အခုတော့
အလွမ်းတွေ အများကြီးနဲ့
အဖေ့အရိပ်ကင်းတဲ့
ကောင်းကင်ပူအောက်
အဖေ့တုတ်ကောက်လေးနဲ့
အဖေ့ တုတ်ကောက်လေးနဲ့
သမီး ဖြည်းဖြည်းချင်း
လမ်းလျှောက်နေပါတယ် အဖေ။
သမီးကြီး -ရီရီစိုး
သြော် တုတ်ကောက်လေး တုတ်ကောက်လေး ကျေးဇူးတင် လိုက်တာ . . ။ မမရီ ကိုယ်တိုင် ကလည်း သန်သန်စွမ်းစွမ်းမှ မဟုတ် တာ။
စောဘရန်ငြိမ်း