Wednesday, May 27, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeCelebrities' Newsအောင်ရဲလင်း၊ ဇေရဲထက် တို့နဲ့ပဲ...

အောင်ရဲလင်း၊ ဇေရဲထက် တို့နဲ့ပဲ ပက်ထရစ်ရှာ ဘာကြောင့် ဇာတ်ကားတွေရိုက်ကူးဖြစ်နေလဲ

သရုပ်ဆောင် ပက်ထရစ်ရှာရဲ့ ဇာတ်ကား ရိုက်ကူးမှု တော်တော်များများမှာတော့ မင်းသား ရွေးချယ်ရိုက်ကူးတဲ့အခါ အောင်ရဲလင်း၊ ဇေရဲ ထက်တို့နဲ့ပဲ တွဲဖက်ရိုက်ကူးဖြစ်တာကိုတွေ့ရပါတယ်။ ဒီလိုတွဲဖက်သရုပ်ဆောင်တဲ့အခါမှာ လည်း ပရိသတ်တွေက မင်းသားရွေးချယ်မှု နဲ့ပတ်သက်လို့ အားပေးလက်ခံကြ တယ်လို့ ပက်ထရစ်ရှာ ကဆိုပါတယ်။

ဒီလို ရွေးချယ် ရိုက်ကူးဖြစ်တဲ့အပေါ်မှာလည်း ပက်ထရစ်ရှာ က “လတ်တလောမှာ ညီမကိုဇာတ်ကား ရိုက်ဖို့ ရုပ်ရှင်ကားကြီးတွေပဲ လာကမ်းလှမ်း တာများတယ်။ ဗီဒီယိုတွေလည်းရိုက်တော့ ရိုက် ထားပါတယ်။ ဇာတ်ကားသုံးလေး ကားလောက်တော့ထွက်ဖို့ရှိပါတယ်။ ကိုဇေရဲထက်နဲ့ ကိုအောင်ရဲလင်းနဲ့ နှစ် ယောက်တည်းပဲပေါ့နော်။ ညီမရဲ့ အရပ် ကရှည်တော့ ကိုအောင်ရဲလင်း နဲ့တွဲပြီး ပရိသတ်တွေကကြည့်ရင် လိုက်တယ် လို့ပြောကြတယ်။ အစ်ကိုနဲ့ အတွဲညီ တယ်။ နောက်ပြီး အစ်ကိုကလည်း ဖက်ရှင်ပိုင်းတအားဦးစားပေးတယ်။

ညီမကလည်း ဖက်ရှင်ပိုင်းကို အလေး ထားတဲ့လူဆိုတော့  နှစ်ယောက်က လိုက်ဖက်တယ် ပေါ့ နော်။ ဒါကြောင့် လည်းရုပ်ရှင်ရိုက်ဖို့ကို ညီမတို့ နှစ်ယောက်ကိုတွဲပြီး ကမ်းလှမ်းကြ တာလို့ထင်ပါတယ်။ နောက်ပြီး အစ်ကိုကလည်း ညီမနဲ့လိုက်ဖက်မယ့် ဇာတ်မျိုးဆိုရင် လှမ်းပြီးပြောပေးတာ မျိုးတွေရှိတယ်။ ဒီလိုမျိုးသူ့ဘက်ကရွေးချယ် ပေးတာမျိုးတွေလည်းရှိပါတယ်။ ကိုဇေရဲထက် နဲ့လည်း ဒီလိုပါပဲ။ အဓိကက ဇာတ်ရွေးတာကြောင့်ပဲလို့ ညီမထင်ပါ တယ်” လို့ ပြောပြပါတယ်။ လတ်တလောအချိန်မှာတော့ Facebook ပရိသတ်များ အကြားမှာ ပက်ထရစ်ရှာကို သိပ်မတွေ့ကြရတော့ ဘူးလို့ ပရိသတ်တွေက ပြောကြပါတယ်။ ပက်ထရစ်ရှာကိုယ်တိုင် ကလည်း နောက်ပိုင်း Facebook ကိုယ်ပိုင်အကောင့်ကို မသုံးဖြစ် တော့တဲ့အကြောင်းကို အခုလိုဖွင့်ဟပါတယ်။

“ညီမက အခုနောက်ပိုင်း Facebook ကို ကိုယ်ပိုင် အကောင့်နဲ့ မသုံးဖြစ်တော့ဘူး။ ဒါကြောင့် Facebookပရိတ် သတ်တွေကြားမှာ ပျောက်နေတယ်လို့ထင်ရတာပါ။ အရင်ကဆို ညီမဘာလုပ်လုပ် ပရိသတ်တွေ သိရအောင် တင်ပေးလေ့ရှိတယ်။ နောက်ပိုင်း Fan Page ပဲ သုံးဖြစ်တာရယ်၊ ညီမကရိုက်ကွင်းပုံတွေ မတင်ဖြစ်တာတွေ ရယ်ကြောင့်ပါ။Personal Account အသုံးတဲ့ အချိန်ကစပြီး ရိုက်ကွင်းပုံတွေသိပ်ပြီး မတင်ဖြစ်ခဲ့ပါဘူး။ အလှပုံလေး တွေကိုပဲ သေချာရွေးပြီးတင်ဖြစ်တယ်။ ကိုယ်ပိုင်အကောင့်နဲ့ Page နှစ်ခုကို တစ်ယောက်တည်းသုံးနေတော့ကြာတော့ Control လုပ်ဖို့က ခက်သွားတယ်။ နှစ်ခုလုံးမှာ Follower တွေရှိတာ ဖြစ်တဲ့အတွက် Fan Page တစ်ခုတည်းကိုပဲ သုံးဖြစ်တော့တဲ့ သဘောပါ။ ဒါပေမဲ့လည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင်တော့ ညီမနေပါတယ်”လို့ ပက်ထရစ်ရှာ ကဆိုပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071