Home News Local News ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား ဇွန် ၁ မှ ထပ်မံပြေးဆွဲမည်

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား ဇွန် ၁ မှ ထပ်မံပြေးဆွဲမည်

0
84

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားသည်။

ထပ်မံပြေးဆွဲမည့် ရထားများမှာ အမှတ်(၉) အဆန်နှင့် အမှတ်(၁၀) အစုန် DEMU Spain လူစီးအမြန်ရထားများဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအကြား ခရီးသွားလာမှု ပိုမိုမြန်ဆန်အဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၉) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

ထို့အတူ အမှတ်(၁၀) အစုန်ရထားသည် မန္တလေးဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားခရီးစဉ်များတွင် တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်နှင့် သာစည် ဘူတာများ၌ ရပ်တန့်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ခရီးသည်များအနေဖြင့် ORTP Website မှတစ်ဆင့် Online လက်မှတ်များကို မေ ၂၅ ရက် ည ၁၂ နာရီမှစတင်၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားက အသိပေးထားသည်။

ယခု DEMU Spain လူစီးအမြန်ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲခြင်းကြောင့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ခရီးသည်များ ပိုမိုအဆင်ပြေမြန်ဆန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here