Wednesday, June 10, 2026

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad...

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင်...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...
HomeArticlesအောင်နက်ကြီးရဲ့ ခွေးနင်္ဂ ဗျူဟာ

အောင်နက်ကြီးရဲ့ ခွေးနင်္ဂ ဗျူဟာ

ဒီနေ့ အောင်နက်ကြီးဆိုးတယ်။ နားရက်ဆိုတော့ အောင်နက်ကြီး အေးဆေးပေါ့။ ဒီနေ့အဖို့ ပလတ်စ တစ်ကောက်တဲ့ ကလေးတွေက လည်မျိုတက်နင်းရင်တောင် အောင် နက်ကြီး ထကိုက်မှာမဟုတ်။ အောင် နက်ကြီးကတော့ သူ့ဟောလီးဒေးရဲ့ ရသကို ဘယ်တော့မှ ထိပါးမခံ။

စံတော်အိမ်ကြီးရဲ့ အတွင်း တော်မှာ အမှုထမ်းရတဲ့ ရှကီရာတို့၊ ဝက်မတို့ကိုလည်း အောင်နက်ကြီး အရေးစိုက်စရာ မလို။ သူတို့က ဥရောပနွယ်တွေပေမယ့် တကယ် တော့ ခွေးခွေးချင်းပဲမဟုတ်လား။ စံတော်အိမ်ခြံဝင်းကြီးအနီး လူစိမ်းကပ်လာရင် အိမ်ခြံဝင်းထဲက ရှကီရာနဲ့ဝက်မတို့ တဝုန်းဝုန်း ထိုးဟောင်ကြတာ အမြဲလိုဖြစ် ကြောင်း အောင်နက်ကြီး ကောင်း ကောင်းသိသတဲ့။ ဒီနေ့ အောင်နက် ကြီး အနားရနေတာကလည်း စံတော် အိမ်ကြီးထဲကလူတွေ မိသားစုလိုက် အပြင်ကို သွားနေကြလို့ပါပဲ။ နို့မဟုတ်ရင် ဒီလူတွေ ကျေ နပ်အောင် အောင်နက်ကြီး အမြဲပဲ မျက်နှာလုပ်ရတာလေ။ ဟောင်ပေး ရတယ်လေ။ ခွေးဖားဖားတယ်ဆိုတာ ဒါမျိုး။ ခုနကပဲ အိမ်ဝင်းနားလူကပ် လာလို့ ဟိုကောင်မနှစ်ကောင်ထံ တံခါးပုတ်ပုတ်ပြီး တဝုန်းဝုန်း ဟောင် ကြသေးတယ်။ သူတို့နှစ်ယောက် ဘယ်လိုဟောင်ဟောင် အောင်နက် ကြီး ထမကြည့်။ နားရက် အိပ်ရေး ပျက်မခံဘူး။

အဲ စံအိမ်တော်ကြီးမှာ လူစုံ တက်စုံ ရှိကြပြီဆိုရင်တော့ အောင် နက်ကြီး အခုဖီလင်ယူလို့မရတော့။ အိမ်ထဲကောင်မနှစ်ကောင်ထက် ပိုပို သာသာ ဟောင်ပေးရတယ်။ အမှန် တော့ အိမ်ထဲကကောင်မနှစ် ကောင်က ဘာမှအရာ မရောက်ပါ ဘူး။ သူတို့အပြင်ထွက်ခွင့်လည်း မရ ကြဘူး။ အရွယ်အစားတွေကလည်း ပုပုသေးသေး မွှေးပွပွလေးတွေပါ။ ဒါပေမဲ့ စံအိမ်တော်မှလူတွေက သူတို့နှစ်ကောင်မအတွက်တော့ ခွေးစာကောင်းကောင်းကျွေးကြ တယ်။ အိပ်တော့လည်း လေလုံမိုး လုံ အိပ်ရတယ်။ အောင်နက်ကြီးက တော့ ဒီအိမ်က တရားဝင် မွေးစား ထားတဲ့ ခွေးမဟုတ်တာရယ်။ ခွေး လေခွေးလွင့်တစ်ကောင် ဖြစ်တာ ရယ်ကြောင့် သူ့အတွက် ခွေးစာဆို တာမရှိ။ ဟိုဟာနှစ်ကောင် စားလို့ဝမှ ပိုမှ၊ လျှံမှ စားရတာ။ အိပ်တော့ လည်း ခြံဝင်းတံခါးပေါက်မှာ အောင် နက်ကြီး အိပ်ရတယ်။

အဲ အောင်နက်ကြီးက အရွယ် လည်းကောင်း၊ ဗလလည်းကောင်းဆို တော့ ခြံဝင်းနား တော်ရုံလူ မကပ်ရဲ ပါဘူး။ ဒါကိုလည်း ခြံထဲကလူတွေ သဘောပေါက်ပုံရပါတယ်။ ဒါ ကြောင့်လည်း ထမင်းကျန်၊ ဟင်း ကျန် စွန့်ကြတာပေါ့။ တစ်ခုတော့ ရှိတယ်။ အောင်နက်ကြီးက လမ်း ဘေးခွေးဆိုတော့ သူ့လည်းတစ်ခါတ လေ အိမ်နဲ့ယာနဲ့ နေချင်တာပေါ့။ စံတော်အိမ်ကြီးကလည်း အောင်နက် ကြီးကို အဝင်မခံဘူး။ တစ်ခုတော့ ရှိ တယ်။ စံတော်အိမ်ကြီးမှာ သာရေး နာရေး လူမှုရေးကိစ္စမျိုးတွေရှိရင် တော့ ခြံတံခါးဖွင့်ထားတတ်ပါ တယ်။ ဒီအခါမျိုးမှ အောင်နက်ကြီး အိမ်တော်အတွင်း ဝင်ခွင့်ရတယ်။ ဒီလို အပြင်လူစိမ်းတွေ အိမ်မှာစုံတဲ့ နေ့ဆိုရင် တွေ့ရာမြင်ရာ လိုက်ကိုက် တတ်တဲ့ ရှကီရာနဲ့ ဝက်မလည်း ခွေး လှောင်အိမ်ထဲက ထွက်ခွင့်မရှိတော့ ဘူး။ အိမ်ဝင်းထဲမှာတော့ အောင် နက်ကြီး တစ်ကောင်တည်း။ ဒါ တောင် အိမ်ထဲကလူတွေက မကြာ မကြာ မောင်းထုတ်လို့ အောင်နက် ကြီး ထွက်ပြေးရသေးတယ်။

အမှန် တော့ အောင်နက်ကြီးက ခွေးပျင်းတစ်ကောင်ပါ။ အိမ်ရှေ့ခြံ ဝင်းတံခါးမှာ တစ်နေကုန်အိပ်တာ။ သူကိုယ်တိုင်ကတော့ တစ်နေကုန် ဘယ်သူ့ မှ ထမဟောင်ဘူး။ အဲ အတွင်းတော် က ရှကီရာနဲ့ ဝက်မတို့ က အပြင်က လူတစ်ယောက်ယောက် ကို ဟောင်ပြီဆိုရင် အောင်နက်ကြီးက အဲဒီလူကို ဘာမသိညာမသိ အိပ်ချင် မူးတူးနဲ့ လိုက်ဟောင်တော့ တာပဲ။ အိမ်ရှေ့ လမ်းလျှောက်သွား သူဖြစ် ဖြစ်၊ ဆိုင်ကယ်စီးသွားသူ ဖြစ်ဖြစ် အောင်နက်ကြီးက ကျားစီး ဝါးစီး လိုက်ဟောင်တော့တာပဲ။ အမှန် တော့ အောင် နက်ကြီးမှာ အမုန်းမရှိပါဘူး။ ဟို အိမ်ထဲက ခွေးမနှစ်ကောင်ကိုယ်စား သူက လိုက်ဟောင်ပေးတာ။ ဒီလို ကူညီဟောင်ခအဖြစ်တော့ သူတို့ ခွေးစာပိုရင် အောင်နက်ကြီး ပွဲတော် ကျ “အုပ်” ရပြီလေ။ အဲအထဲက နှစ် ကောင်မ ဟောင်လို့ကတော့ အောင် နက်ကြီးက ခြံဝင်းပေါ်လူကျော်တက် လည်း အိပ်ရေးပျက်မခံဘူးဆိုတဲ့ အစားထဲကပါ။

တကယ်တော့ အောင်နက်ကြီး က လူပါးရော ခွေးပါးရော ဝတဲ့ခွေး လို့ ပြောရမှာပါ။ လူကိုမျက်နှာလုပ် သလို၊ ခွေးခွေးချင်းလည်း မျက်နှာ လုပ်တာပဲ။ တကယ်ဆို မလွယ်ဘူး အောင်နက်ကြီးက။ ခွေးဖြစ်ပြီး စာတတ်နေတာ အောင်နက်ကြီးက။ ညဆိုလည်း ခြံလုံခြုံမှုအတွက် အိမ် ရှင်စိတ်ချမ်းသာအောင် တစ်ရေးနိုး တဲ့အခါ ခြံအနီးဘယ်သူမှ မကပ် လည်း ဟောင်သံလေး တစ်ချက်နှစ် ချက် တွန်ကျူးပြီးမှ ဆက်အိပ်တာ အောင်နက်ကြီးက။

စောဘရန်ငြိမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071