Wednesday, May 27, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeCelebrities' Newsဟော့ပေါ့ဆိုင် ဖွင့်ဖို့ ရည်ရွယ်ထားတဲ့...

ဟော့ပေါ့ဆိုင် ဖွင့်ဖို့ ရည်ရွယ်ထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

မွေးနေ့မှာ Birthday Show တွေကို ရန်ကုန်၊ မန္တလေးမှာ လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန် Birthday Show အတွက် သီဆိုဖျော်ဖြေခဲ့ သလို ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ မန္တလေးမှာသွားဆိုဖို့အတွက် ပြင်ဆင် နေတယ်လို့ ခုလိုပြောပြခဲ့ပါတယ်။

“မန္တလေးပွဲအတွက်က အကောင်းဆုံး ပြင်ဆင် နေတယ်။ မန္တလေးကိုစသွားပြီးတော့ သီချင်းတွေ တိုက်မယ်။ စတိတ်စင် အတွက် လိုအပ်တာတွေ ပြင်ဆင်နေ တယ်။ တခြားအပိုင်းတွေကိုလည်း အခုကတည်းကစပြီး ပြင်ဆင်နေတယ်။ သီချင်းတွေကိုလည်း အမြူးတွေနဲ့ အနှေးတွေ ဘယ်လိုဖန်တီး ဖြစ်မလဲ ဆိုတာလည်း စဉ်းစားနေတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး တော့ ဒီဇိုင်နာ Waibilay က ချုပ်ပေးတယ်။ နောက် ထပ်ဝိုင်းစုကို BKK  ကနေပြီးတော့ ပိတ်စစပွန်ဆာပေးတယ်ပေါ့။ အဝတ်အစား တွေလည်းအသစ်ပေါ့။ အကုန်လုံးကိုအကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ ပြောပါတယ်။  သီချင်းဆိုတဲ့ အပိုင်းကိုသွားလိုက်၊ သရုပ်ဆောင်ပိုင်းကိုသွား လိုက်နဲ့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတဲ့ ဝိုင်းစု ခိုင်သိန်းက အနုပညာတစ်ခုတည်းမဟုတ်ဘဲ စီးပွားရေးလည်းလုပ်ဖို့ရှိ ပါ တယ် လို့ ခုလိုပြောခဲ့ပါတယ်။

“စီးပွားရေးလုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဒီနှစ်ကတော့ သီချင်း တွေဆိုပြီး အနုပညာအလုပ်ကိုပဲ လုပ်ဖို့အချိန်ပေးထားတယ်။ လုပ်ဖြစ်ရင် နောက်နှစ်ထဲမှာ လုပ်ဖို့ရှိတယ်။ ဝိုင်းစုအများကြီးလည်း စီးပွားရေးကိုမလုပ်ရဲဘူး။ ဖြည်းဖြည်းချင်းသွားမှရမယ်။ စီးပွားရေးလုပ်ဖြစ်ရင်လည်း အစား အသောက် ဆိုင်ပဲဖွင့်ပစ်မယ်။ ကိုယ်ကအစကတည်းက အစားအသောက် ဆိုဝါသနာပါ တယ်။ အစားအသောက်ဆိုင်ဖွင့်ဖြစ်ရင်လည်း ဟော့ပေါ့ဆိုင်ဖွင့်ချင်တယ်။ ဟော့ပေါ့ဆို ဝိုင်းစုက အကုန်ကြိုက်တယ်။ အဲဒါကြောင့်ဟော့ပေါ့ဆိုင်လေး ဖွင့်ချင်တယ်”လို့ ပြောပါတယ်။  လက်ရှိမှာတော့ အနုပညာလှုပ် ရှားမှုအနေနဲ့ အဆိုတော်ဝိုင်းစုက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ငြမအိ့ပှေ့သတ အတွက် အကောင်းဆုံး ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071