Friday, May 15, 2026

မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန်...

မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန်...

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)...

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...
HomeMyanmar Theatrical Traditionလေလံကြေးမြင့်တိုင်း ရုံဝင်ခတွေ ဈေးနှုန်းမြှင့်လို့...

လေလံကြေးမြင့်တိုင်း ရုံဝင်ခတွေ ဈေးနှုန်းမြှင့်လို့ မရပါဘူး ဇာတ်ပွဲကန်ထရိုက် ကိုကျော်ဇေယျ

ဇာတ်သဘင်များ အဆင်ပြေပြေနဲ့ ကပြနိုင်ဖို့အတွက် ဇာတ်ရုံလေလံကြေး ကလည်း အများကြီးအကျိုးသက်ရောက်မှု ရှိပါတယ်။ ဇာတ်ရုံ လေလံကြေးအနေနဲ့ တော့ မြန်မာပြည်အောက်ပိုင်းထက်စာရင် မြန်မာပြည်အထက်ပိုင်းက ဇာတ်ရုံ လေလံကြေး မြင့်မားမှုရှိတဲ့အတွက် ညှိနှိုင်းရတာမျိုးတွေရှိတယ်လို့ သိရပါတယ်။ လေလံကြေး မြင့်မားမှုနဲ့ ကြုံရတဲ့အခါ ရုံဝင်ကြေးတွေဈေးနှုန်းမြှင့်လိုက်ရတာမျိုး တွေရှိလားလို့ ကိုကျော်ဇေယျကိုဆက်မေးတော့ ” လေလံကြေးများတိုင်းလည်း ရုံဝင်ကြေးကထပ် တိုးတောင်းလို့မရဘူး။ လေလံကြေးများတိုင်း ရုံဝင်ကြေးတိုးမယ် ဆိုရင် အများပြည်သူ မကြည့်ရှုနိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်။ အဲဒီလိုဆိုရင် ရှုံးမှာပဲလေ။ မဖြစ်မနေကြည့်ရမယ်ဆိုတာမျိုးမရှိဘူးလေ။ ကိုယ်တတ်နိုင်မှကြည့်မှာ ကိုး။ အဲဒီတော့ အများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ပဲ လေလံများများ၊ နည်းနည်း အဲဒီလိုပဲ ကျွန်တော်တို့မှာ ချိန်ဆရပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်က ပွဲမိန့်ကုန်ကျစရိတ်က ယခင်နှစ်တွေကထက် ပိုမိုများပြားပြီး မနှစ်က တစ်ရက်ကို ပွဲမိန့်အနေနဲ့ တစ်ညကို ၂ သောင်း ပေးရပြီး အခုနှစ်မှာတော့ တစ်ညကို ၅ သောင်းနှုန်းဖြစ်သွားတယ်လို့ သိရပါတယ်။ ပွဲမိန့်နဲ့ပတ်သက်လို့ အဆင်ပြေလွယ်ကူစေဖို့ ဘယ်လိုဖြစ်စေချင်တာမျိုးရှိမလဲလို့ ပွဲစီစဉ်သူတစ်ဦးအနေ နဲ့ရော၊ ပွဲစီစဉ်သူများအလွှာရဲ့ အမှုဆောင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပါ ကိုကျော်ဇေယျကိုမေးတဲ့အခါမှာတော့ “ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ပွဲတစ်ပွဲ ကျင်းပတယ်ဆိုရင် ကျွန်တော်တို့မှာ တစ်လကြိုတင်ရပါတယ်။ တင်လိုက်တဲ့အချိန်မှာ တင်ပြီးတော့ နီးတော့မှ ဒီနေရာကတော့ ပွဲမိန့်ပိတ်တယ်။ မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့က နောက်တစ်နေရာ ရွှေ့မယ့်အခါကျတော့လည်း ရက်က သူတို့သတ်မှတ်ထားတဲ့ တစ်လမရတော့ဘူး။ တစ်လအတွင်း လျှောက်ရမယ်လို့ သူတို့ကပြောထားတာလေ။ အဲဒီတော့ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်လဲဆိုတော့ ပွဲကလည်း ရပ်နား ထားရမလိုလို ဖြစ်တယ်။ အဖွဲ့အနေနဲ့ကလည်း စားဝတ်နေရေး အခက်အခဲရှိတယ်လေ။ ပွဲမိန့်ရှိမှလည်း ပွဲကလို့ရမှာလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ပွဲမိန့်တွေ အရာရာအဆင်ပြေချောမွေ့ပြီးတော့ ကုန်ကျစရိတ် တွေနည်းပါးစေချင်တယ်။ ပြီးတော့ဒီနေ့ဒီရက်မှာတော့ မြန်မာပြည်တစ်ပြည်လုံး ပွဲမိန့်ပိတ်တယ်ဆိုရင်လည်း အဲဒီရက်မှာ ပွဲကို စီစဉ်စရာမလိုတော့ဘူးလေ။ နားလို့ရတယ်။ အခုတော့ပွဲမိန့်ကို တင်လိုက်တယ်။ တင်လိုက်တော့မှ ပွဲမိန့်မရဘူး ဆိုတဲ့အခါမှာ အကုန်လုံး ကမောက်ကမတွေဖြစ်တယ်။ အဲဒါလေးတွေ အခက်အခဲတွေရှိပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071