စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင် ဒီပါအေးဗောဓိကွင်းကို စတင်စိုက်ပျိုးခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခဲ့ကြသည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ကြောင်း သိရသည်။
မဟာဗောဓိတစ်ထောင် နာယကဆရာတော်များ၊ ဝန်ဆောင်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများသည် ဗောဓိပင်များကို စဥ်ဆက်မပြတ်စိုက်ပျိုးပူဇော်လျက်ရှိကြရာ ပြီးခဲ့သည့် ကဆုန်လပြည့်နေ့ကလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဗောဓိပင် (၅၅) ပင် စိုက်ပျိုးပူဇော်ခဲ့ကြကြောင်း သိရသည်။
မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့်ရွှေဆေးသင်္ကန်းကပ်လှူရန်အတွက် ဦးဝိစိတ္တ (နာယကဆရာတော်)၊ မဟာဗောဓိတထောင်ကျောင်းတိုက်၊ 09-9665 27665 နှင့် ဦးကေသရ (ဝန်ဆောင်ဆရာတော်)၊ မဟာဗောဓိတထောင်ကျောင်းတိုက်၊ 09-951801000 တို့ထံဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည်။