Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeCelebrities' Newsရှေ့နှစ်ပိုင်းတွေမှာ သီချင်းတွေ မလုပ်ချင်တော့လောက်အောင်...

ရှေ့နှစ်ပိုင်းတွေမှာ သီချင်းတွေ မလုပ်ချင်တော့လောက်အောင် ဖြစ်ခဲ့ရတဲ့ အဆိုတော် သျှီ

အဆိုတော် သျှီက ဒီနှစ်ထဲမှာ တစ်ကိုယ်တော် အခွေထွက်ဖို့ စီစဉ်နေသလို ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရ အောင်လည်း ဂီတလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အတတ် နိုင်ဆုံး လုပ်ဆောင်သွား မယ်လို့ပြောပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တာ ၇နှစ်လောက်ရှိပြီလည်း ဖြစ်ပါတယ်။ ဒီလိုအခွေမထွက်ဖြစ်တာကလည်း ကြားကာလ တွေမှာ သီချင်းတွေမ လုပ်ချင်တော့လောက်အောင် စိတ်က ဖြစ်သွားရတာတွေကြောင့်လို့ သူကဆိုပါတယ်။

“ကိုယ်ကမလုပ်ချင်ဘဲ လုပ်ရင် ဒါကြီးကလိမ်တာပဲလေ။ ပိုက်ဆံရဖို့လား။ အဲဒါလည်းမဟုတ်သေးဘူး လေ။ ဒါက ကိုယ့်အတွေးပါ။ မှန်တယ်လို့ပြောတာမဟုတ်ဘူးနော်။ မှား ချင်လည်းမှားမှာပေါ့။ ကိုယ်ကနှလုံးသား ဦးစားပေးတတ်တဲ့ လူဖြစ်နေတာပေါ့။ အဲဒီအခါကျတော့ လုပ်ချင်စိတ်မရှိ တော့မလုပ်တော့ဘူးပေါ့။ နောက်တစ်ခုကလည်း ဂီတ လောကရဲ့ ဈေးကွက်လည်း ပါတာပေါ့။ အစ်မတို့ချမ်းသာ ပြီးတော့ အဆိုတော်လုပ်နေတာမဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ် ကြိုးစားပြီးတော့ လာခဲ့တဲ့သူတွေလေ။ အဲဒီ့အခါကျ တော့ အခုခေတ်ရဲ့အခြေအနေအရ ဘယ်လောက် အရှုံး ခံနိုင်သလဲဆိုတာကို အစ်မတို့လုပ်ရတာလေ။ ဘယ်လောက် မြတ်မလဲလို့ တွေးလို့မရဘူး။ အရင်းလေးလောက် ရနိုင်မယ် ဆို ရင်တော့ တအားကျေနပ်ပါတယ်။ အဲဒီလိုမျိုးကြီးဖြတ် သန်းရတာဆိုတော့ အားမရှိ ဘူးလေ။ အဲဒီမှာ ငါမလုပ်တော့ ဘူးဆိုပြီး ဖြစ်တယ်။ အရင်တုန်းကဆို ရင်ခိုးကူးတွေပေါ့။ အခုကျတော့ ခိုးကူးတောင်မဟုတ်တော့ဘူးလေ။ အခုတင် လိုက်တာနဲ့မိနစ်ပိုင်းအတွင်း ပျံ့နှံ့သွားပြီ။ နည်းပညာရဲ့ တိုးတက်မှုမှာ လူတွေကကိုယ်ကျင့်တရား ပျောက်ဆုံးသွား တာလည်းပါတယ်။ တချို့ကကျတော့ ကိုယ် ကျင့် တရားပျောက်ဆုံးတာ။ တချို့က ကျတော့ သူကျွမ်း ကျင်မှုလေးကို ပြချင်တာလေးပါတယ်။

အဝေးကလူ တွေကို နားထောင်ပါစေဆိုတဲ့ စေတနာလည်း ပါမယ် ပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်အရင်းလောက် ရတယ် ဆိုရင်တောင် ဆက်သွားဖို့ အဓိပ္ပါယ်ရှိတယ်လေ။ အဲဒီ လိုမျိုးတောင် မရနိုင်ဘူးဆိုတော့ လုပ်နေလည်းငါဘယ် လောက် အရှုံးခံနိုင်မလဲ ဆိုတာကြီးဖြစ်လာတာပေါ့။ ဒါပေမဲ့ တကယ်တွေးကြည့်ပါ။ အစ်မတို့ အင်တာနက် အပေါ်တင်မယ်ဆိုရင် UpLoad ပဲလုပ်လုပ် ဒေါင်း လုပ်ပဲလုပ်လုပ် ဒေတာကိုသုံးရတာပါ။ ဘယ် သူမှအလကား မရဘူး။ အဲဒီ့အချိန်မှာ ကိုယ်ရဲ့ Ethic လည်း ပျက်သေးတယ်။ အဲဒီ့အစား သီချင်းတစ်ပုဒ် ၃ဝဝနဲ့ ဝယ်လိုက်မယ်ဆိုရင် အနုပညာ သမားကို လည်း သူရေရှည်အသက်ဆက်နိုင်ဖို့အတွက်ကို လည်း လုပ်ပေးရကြတယ်။ နောက်တစ်ခါ ကိုယ် ကိုယ်တိုင်လည်း သိက္ခာရှိတယ်။ အဲဒီလိုမျိုးလေးသွား ပေးနိုင်တယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုသွားရမယ်လို့ မပြောပါဘူး။ ဒါကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ ကိုယ်တိုင်လည်း ဒီအဆိုတော်ဖြစ်ဖို့ ရွေးချယ်လိုက်ပြီပဲ မတတ် နိုင်ပါဘူး” လို့ သျှီက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071