Friday, September 18, 2026

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...
HomeCelebrities' Newsဘေးမှာရှိကြတဲ့ သူငယ်ချင်း၊...

ဘေးမှာရှိကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကြောင့် Jewel ဆိုပြီး ဖြစ်လာတာပါ အဆိုတော်မလေး ဂျူဝယ်(Jewel)

ဂျူဝယ်(Jewel) ) ရယ်ဆိုပြီး ဖြစ်လာတာ ‘Message’သီချင်းလို့ ပြောရင်ရ မလား။ ဒါမှမဟုတ် ဖြိုးပြည့်စုံနဲ့ တွဲဆိုထားတဲ့ သီချင်းတွေကြောင့်လား။ သေချာ တာကတော့ ဒီဘက်နှစ်ပိုင်းတွေမှာ ဂျူဝယ်ဆိုတဲ့ အဆိုတော်မလေးဟာ ဖျော်ဖြေ ပွဲတွေမှာလည်းတွေ့ရ၊ ပရိသတ်ကလည်း နှစ်သက်ကြဆိုတော့ သူမရဲ့ ကံ၊ ဥာဏ်၊ ဝီရိယ ၃ ခုလုံးစုံတဲ့အချိန် ရောက်လာပြီလို့ ပြောရမယ့်အနေအထားဖြစ်လာပါပြီ။

“အများကြီး ဝမ်းသာပါတယ်။ ကျွန်တော်လုပ်ခဲ့တာလည်း ကြာပါပြီ။ တဖြည်း ဖြည်းနဲ့ သိလာခဲ့တာဖြစ်မှာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဆို၊ က၊ ရေး၊ တီး လည်းပြိုင်တယ်။ ဂီတမိတ်မှာလည်း အများကြီးတက်ဖူးတယ်။The Four နဲ့လည်း ဃသလနမှသညါ တွေဆိုတယ်။ တစ်ယောက်တည်းတွေလည်း Melody World  တွေလည်း ဝင်ပြိုင်ဖူးတယ်။ အဲဒီလိုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အခုဒီနောက်ပိုင်းမှာမှ ပရိသတ်တွေ သိလာ တာဟာ ကိုယ့်ရဲ့ သူငယ်ချင်းတွေကြောင့်လည်းပါတယ်။ ကိုဖြိုး ပြည့်စုံ၊ သီချင်းရေးပေးတဲ့ ကိုဝေကြီး၊ အကုန်လုံးပေါ့။ ကျွန်တော့် ရဲ့ ဘေးမှာရှိကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကြောင့်လည်း Jewel ဆိုပြီးဖြစ်လာတယ်။ ပြီးတော့ အကုန်လုံးကလည်း အခုထက်ထိ အားပေးနေတယ်ဆိုတော့ အများကြီးဝမ်းသာပါ တယ်” လို့ ဂျူဝယ်က သူမရဲ့ ခံစားချက်ကိုပြောပြပါတယ်။ မျှော် နေကြတဲ့ ဂျူဝယ်ရဲ့ တစ်ကိုယ်တော်အခွေကရောလို့ ဆိုတော့…

“ဒီနှစ်ထဲထွက်ဖြစ်နိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။ အခွေ ကိုလည်း ကိုယ့်ရဲ့ စိတ်ကြိုက်လေးပေါ့။ ကျွန်တော်ဆိုကြည့်တယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက်မရမချင်း ပြန်နားထောင်ကြည့်တယ်။ ကိုယ့် စိတ်ကြိုက်လေးရမှပဲ ပရိသတ်အတွက် ပေးချင်ပါတယ်” လို့ သူမက ပြောပါတယ်။ ဂျူဝယ်က ယောက်ျားလေးဆန်တယ်နော်၊ အခုလိုထဘီ ဝတ်တာ ရှားတယ်လို့ ဆိုရမှာပေါ့လို့ဆိုတော့…

“ကျွန်တော်ကြိုက်တာကတော့ နည်းနည်းFree  ဖြစ်တဲ့ ပုံစံကြိုက်တာပေါ့။ ဒါပေမဲ့ ပွဲအနေအထားအရ တစ်ခါတလေကျ ရင် မိန်းကလေးဆန်ဆန်နဲ့ ဝတ်ဆင်ရတယ်။ ကျွန်တော်ကတော့ ထဘီဝတ်ရင်လည်း ဒီအတိုင်းပါပဲ။ ကားကားကားကားနဲ့ လျှောက် သွားနေတာပဲ။ အဲဒီလိုပုံစံမျိုးပေါ့” လို့ ဂျူဝယ်က ပြောပြခဲ့ပါတယ်။

     မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071