Miss Universe Myanmar 2017 ဆုရှင် ဇွန်သံစဉ်ကတော့ အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေတယ်လို့ ပြောပြပါတယ်။ ခရီးတွေထွက်ဖြစ်နေတာနဲ့ပတ်သက်ပြီး ဇွန်သံစဉ်က . . .
”အခုဆောင်းရာသီ ရောက်လာပြီဖြစ်တော့ ခရီးတွေ ထွက်ဖြစ်နေတယ်။ ခရီးတွေက ပြည်တွင်းတွေ အများဆုံးထွက်ဖြစ်နေတယ်။ ညီမ မာမီရဲ့အလုပ်တွေက နယ်မှာရှိတဲ့အတွက် မာမီ့အလုပ်တွေ ကူလုပ်ပေးရင်းနဲ့ အမျိုးတွေကို လည်း တွေ့၊ သွားချင်တဲ့နေရာတွေကိုလည်း လျှောက်သွားဖြစ်နေပါတယ်။ အရမ်းအေးတဲ့နေရာတွေတော့ အဆင်မပြေဘူး။ ပုံမှန်အေးတဲ့နေရာမျိုးလေး တွေကို သဘောကျပြီး ခရီးတွေဆက်တိုက်ထွက်ဖြစ်နေပါတယ်”လို့ ပြောပြပါ တယ်။ အမေ့အလုပ်တွေကူလုပ်ပေးနေတာဆိုတော့ စီးပွားရေးဘက်ကို ဦး တည်ပြီးလုပ်သွားတော့မှာလား ဆိုတာကို ”အမေကတော့ ညီမကို လောလော ဆယ် ဘာမှတော့ခိုင်းတာ မရှိဘူး။ ညီမကသာ အဖော်အဖြစ်နဲ့လိုက်ပြီး ဝိုင်း လုပ်ပေးဖြစ်နေတာ။ အသက်ကြီးလာရင်တော့ လုပ်ရမယ်ဆိုရင်တော့ လုပ်ဖြစ်မှာပါ”လို့ ဇွန်သံစဉ်က ပြောပြပါတယ်။ သီချင်းလုပ်ဖို့ စီစဉ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဇွန်သံစဉ်က….
” အခုသီချင်းလေးတစ်ပုဒ်ထွက်ဖို့ စီစဉ်နေတယ်။ ၂ဝ၁၉ ထဲမှာ ပရိသတ်တွေ တွေ့ရမှာပါ။ ဆိုထားတာကလည်း တစ်ယောက်တည်း။ ညီမအသံပုံစံနဲ့ လိုက်ဖက်မယ့်သီချင်း ပုံစံမျိုးလေးကို ဆရာရွှေဂျော်ဂျော်ဆီမှာ သီချင်းအပ်ပြီးတော့ ဆိုမှာပါ။ ဆိုပြီးသွားရင်လည်း Facebook ပေါ်တင်ပေးမှာပါ”လို့ ပြောပြပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ-မင်းမင်းထွန်း