လွှမ်းပိုင်နဲ့အတူ High Skool Clothing ဖက်ရှင်ဆိုင် လေးဖွင့်လှစ်ပြီး စီးပွားရေးလုပ်ကိုင်နေပြီဆိုတော့ အနုပညာ ဘက်နဲ့ ဘယ်လိုသမမျှတအောင် လုပ်ကိုင်နေရလဲဆိုတဲ့ အမေးကို Bobby Soxer (ထက်ထက်) က . ….
” အခုက ညီမတို့ လုပ်ငန်းသစ်ကို စပြီးတော့လုပ်ကိုင် တဲ့အချိန်ဆိုတော့ ဒီဘက်ကို နည်းနည်းလေးတော့ အချိန်ပို ယူနေတာပေါ့နော်။ အခုလို ပွဲတွေရှိတဲ့အချိန်နဲ့ ဆိုင်နဲ့ ဆိုရင် ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက်နဲ့ ရူးနေတာ ပဲ။ ဒါပေမဲ့ ထက်တို့ တစ်ခုကံကောင်းတာက အိမ်က လူတွေက ဆိုင်ကို ကြီးကြပ်ပေးနိုင်တော့ ညီမ တို့ဘက်က နောက်ဆိုရင် ပစ္စည်းအသစ်ထွက်ရင် လိုက် ဝယ်ရတာလောက်ပဲ လုပ်ရတော့တာပေါ့။ အဲဒီလိုတော့ ရှိပါတယ်” လို့ဆိုပါတယ်။
FG Entertainment နဲ့ စာချုပ်ချုပ်လိုက်ပြီ ဖြစ်တဲ့အတွက် ၂ဝ၁၈ ခုနှစ်ထဲမှာ သူမရဲ့အခွေ Music Video တွေ ၊ Audio CD တွေနဲ့ လှုပ်ရှားမှု တွေ ဆက်တိုက်လာတော့မှာပါလို့ ထက်ထက်က ဆက် လက်ပြောပြပါတယ်။ ထက်ထက်နဲ့ လွှမ်းပိုင်နဲ့ကို ဖေ့စ် ဘုတ်ခ်မှာ ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်တို့ စုံတွဲနဲ့နှိုင်းယှဉ်ပြောကြတယ်နော်လို့ဆိုတော့ …
”အမယ်လေး…နှိုင်းလို့ မရ ပါဘူး။ ညီမတို့က ဘယ်နာပါ့မလဲ နော်။ ပြောရမယ်ဆိုရင် ဂျက်စတင် ဘီဘာဆိုတာ ညီမ အရူးအမူး ကြိုက်တဲ့အဆိုတော်ပါ။ ဆယ်လီ နာဂိုးမက်စ်က သူငယ်ငယ်လေး ကတည်းက တီဗီစီးရီးတွေ ရိုက် ကတည်းက ကြိုက်ခဲ့တာပါ။ အမှန်ကတော့လေ။ မတူပါဘူး။ ဘယ်လိုတူမလဲ။ ညီမရုပ်နဲ့ ဆယ်လီနာဂိုးမက်စ် နဲ့။ အကွာကြီးကို။ ဘာပဲပြောပြော ပြောတဲ့သူက ဒီလိုပါပဲ။ ညီမတို့က ကောင်းတဲ့ Comment ဖြစ် ဖြစ်၊ ဆိုးတဲ့ Comment ပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ အများကြီးမထားပါဘူး” လို့ Bobby Soxer က ပြောပြခဲ့ပါတယ်။
မျိုးမောင်