Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeCelebrities' Newsဂျေညီညီရဲ့ Idol က...

ဂျေညီညီရဲ့ Idol က ဘယ်သူလဲ

“ကျွန်တော့်ရဲ့မြင်ဆရာ၊ သင်ဆရာ၊ကြားဆရာက ဂျေမောင်မောင်ပဲ။ ပြီးတော့ သူ့စတိုင်က တအားမိုက်တယ်လေ။ ဒီနေ့အထိကို လန်းနေတာပဲ။ သူ့သီချင်းတွေနားထောင်ပြီးတော့ နေခဲ့ရတာလေ။ သူ့ရဲ့  influence  ကြီးကို ကျွန်တော် ပျော်ပျော်ကြီးလက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် Idol သူ ဖြစ်ရတဲ့သူ၊ တကယ်အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို Idol ဖြစ်ရတဲ့အတွက် ကျွန်တော်ပျော်ပျော်ကြီး လက်ခံတယ်”လို့ အစ်ကိုဖြစ်သူ ဂျေမောင်မောင်နဲ့ ပတ်သက်လို့ ဂျေညီညီက ပြောပါတယ်။ အဆိုတော်ကြီးဂျေမောင်မောင်က ဘဝကိုရိုးရှင်းစွာ အနုပညာနဲ့သာနေထိုင် လေ့ရှိပြီး ဘယ်လိုပကာသနမျိုးမှ မက်မောလေ့ရှိသူ မဟုတ်ကြောင်းလည်း သိရပါတယ်။  အဲဒါနဲ့ပတ်သက်ပြီးလည်း ဂျေညီညီက…

“ကိုယ့်အစ်ကိုမို့လို့ ပြောတာမဟုတ်ဘူး။ စိတ်ကောင်းနှလုံးကောင်းအရှိဆုံး၊ ရိုးသားဖြူစင်အ သန့်ရှင်းဆုံးလူသားပဲ။ ပြီးတော့Music Sence တအားကောင်းတယ်။ သူက လုံးဝကို Up Date ဖြစ်နေတယ်။ သူ့လိုလူမျိုးကို အစ်ကိုတစ်ယောက်အနေနဲ့ ရရှိတဲ့အတွက် သိပ်ပျော်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပိုက်ဆံလိုတိုင်း သွားသွားတောင်းနေတော့ ဒီလိုအစ်ကိုမျိုးကို တအားကျေးဇူးတင်တာပေါ့(ရယ်လျက်)၊ တောင်းလိုက်ရင် လည်း ကျွန်တော်ကအချီကြီးပဲတောင်းတာ။ သူကဘာတစ်ခု မှကို မပြောဘူး။ လုံးဝကောင်းတယ်ဗျာ”လို့ အစ်ကိုဖြစ်သူ ဂျေမောင်မောင်နဲ့ပတ်သက်လို့ ပြောပြပါတယ်။ ဂျေညီညီ က အစ်ကိုဖြစ်သူဂျေမောင်မောင်နဲ့ သီချင်းလုပ်ဖို့တော့ အစီအစဉ်မရှိသေးပေမယ့် သူ့အနေနဲ့ ဂျေမိသားစုရဲ့ ပွဲကိုတော့ လုပ်ချင်သေးတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ဂျေ ၅ ပွဲပေါ့။အပြင်အဆိုတော် ဘယ်သူမှ ခေါ်မဆိုဘူး။ အဲဒီအတွက် ကျွန်တော်လ တိုင်းကြိုးစားတယ်။ ထီထိုးတယ် (ရယ်လျက်)၊ ဖျော်ဖြေပွဲလုပ်ဖို့ အတွက် ကျွန်တော် စိတ်ကူးထားတာတွေတော့ရှိတာပေါ့”လို့ ဂျေညီညီက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071