Monday, June 15, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsခေါင်းဆောင်မင်းသမီးဟုတ်တာ မဟုတ်တာတွေ ခေါင်းထဲ...

ခေါင်းဆောင်မင်းသမီးဟုတ်တာ မဟုတ်တာတွေ ခေါင်းထဲ မထည့်ဘူး သွန်းဆက်

သရုပ်ဆောင် သွန်းဆက်က  နိုဝင်ဘာလ ၃ ရက်နေ့မှာ ရုံတင်ပြသ လာတော့မယ့်  ‘မယားကြောက်ရွာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ထားပါတယ်။ ဒီရုပ် ရှင်ဇာတ်ကားက သူ့အတွက် ပထမ ဆုံး စတင် ရိုက်ကူးခွင့်ရခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်သလို ပထမဆုံး ရုံ တင်ပြသတဲ့ ဇာတ်ကား ဖြစ်နေကြောင်းကို သွန်းဆက်က…

“ဒီကားက သွန်းဆက် ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံး စစဦးဆုံး ရိုက်ဖူးတဲ့ဇာတ်ကားပါ။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မီးဆိုင်းကြီးတွေ မီးထိုး  တာတွေက ပထမဆုံး မြင်ဖူးတဲ့ကားပါ။ ပြီးတော့ ဒီဇာတ်ကား ကလည်း ပထမဆုံး ရုံ တင်တဲ့ ဇာတ်ကားပေါ့နော်။ ဒါက လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇာတ်ကားပေါ့နော်။ ဗီဒီယို ဇာတ်ကားတွေတောင်မှ အများကြီး မရိုက် ကူးရသေးဘူး။ ၆ ကား ၇ကားလောက်ပဲ ရိုက်ရသေးတယ်။ အဲဒီ အချိန်မှာ ရုပ်ရှင်ဇာတ်ကားတန်းရိုက်ရတာဆိုတော့ လုပ်နိုင်ပါ့မလားဆိုပြီး တွေးပြီး ကြောက်တယ်။ ပါတဲ့ အက်တာကြီးတွေကလည်း မင်းသား မင်းသမီး အကြီး တွေ ပြီးတော့ ဇာတ်ပို့တွေဆိုလည်း တကယ့် ဝါရင့်ဟာသ သရုပ်ဆောင် အကြီး တွေပဲ ပါထားတာဆိုတော့ အားလုံးရဲ့အလည်မှာ ကိုယ်ကဘယ်လို ကြောင်တောင် တောင် ဖြစ်နေမလဲဆိုတာ တွေးတွေးပြီး ကြောက်တာ။ ရုပ်ရှင်ရိုက်နေတဲ့ အချိန်မှာ တအားလည်း ကြောက်တယ်။ ပရက်ရှာတွေ များတယ်။ ဒါပေမဲ့ စီနီယာတွေ အားလုံးက သွန်းဆက်ကို လက်တွဲ ခေါ်ယူကြပါတယ်။ ပညာ တွေလည်း အများကြီးရပါတယ်” လို့ ပြောပါတယ်။  အခု လက်ရှိအချိန်ထိတော့ သွန်းဆက်အနေနဲ့  ရုပ်ရှင်ဇာတ်ကား ၁၉ကားလောက် ရိုက်ကူး ထားပြီးပြီ ဖြစ်ပြီးဇာတ်လမ်းနဲ့ ကာရိုက်တာမျိုး စုံကို သရုပ်ဆောင်ထားတယ်လို့ သွန်းဆက်က ပြောပါတယ်။ သူ့အ နေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သီးသန့် ရိုက်ကူး ထားခြင်း မရှိပေမယ့် Main ကာရိုက်တာ အဖြစ်ရိုက်ကူးရတဲ့ ဇာတ်ကား တွေ ဖြစ်ကြောင်းကို သွန်းဆက်က… “မရှိပါဘူး။ မရှိဘူးဆိုတာကလေ သွန်းဆက် အတွက်လုံးဝ သီးသန့် ကာရိုက်တာရယ်လို့တော့ ရှိတာပေါ့ နော်။ သွန်းဆက်ကလေ ခေါင်းဆောင်ဟုတ်တာ  မဟုတ်တာတွေကို ခေါင်းထဲတအားကြီး  မထည့်ပါဘူး။ သွန်းဆက် အခုရိုက်ကူးထားတဲ့ ဇာတ်ကားကြီးတွေဆိုလည်း ကိုယ်က နေစပြီး ဇာတ်လမ်းစတဲ့ပုံစံမျိုးတွေ အဲဒီလိုမိန်းကာရိုက်တာမျိုးတွေလည်း အများ ကြီးပါပဲ။ ခေါင်းဆောင်ဆိုတာမျိုး နာမည်တွေကိုရှေ့မှာထိုးတာနောက်မှာထိုးတာတွေအဲဒီလိုမျိုးလည်း မရှိပါဘူး”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071