Saturday, May 9, 2026

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...
HomeArticlesေက်ာက္တံုးၾကီး တစ္တံုးရွိ၏

ကျောက်တုံးကြီး တစ်တုံးရှိ၏

ငါသည် အဘယ်နည်းဟု ထုံထိုင်းကာ နုံအခဲ့သည်မှာ နှစ် ၅ဝဝဝ လောက်ရှိလိမ့်မည်။ အဖြေမရှိ၊ စဉ်းစားနိုင်စွမ်းလည်းမရှိ၊ နားလည် သိရှိနိုင်ခြင်းလည်း မရှိခဲ့။ ပင်လယ်ကမ်းစပ်၌ ရှိသော ကျောက်တုံးကြီးကို သွားရောက်တွေ့ ဆုံခဲ့သည်။

ကျောက်တုံးကြီးထက်၌ ခဏမျှ နားခဲ့ သည်။ ငါသည် ဤအရာဖြစ်သည်ဟု ကျောက်တုံးကြီးကိုကြည့်၍ ရေရွတ်နိုင်သည်။ ဒါပေမဲ့ ငါမရွတ်ဆိုခဲ့။ ပင်လယ်က ငါ့ကို ခေါ်ငင်သည်။ ငါ့မှာလုပ်စရာတွေ ရှိသေး သည်။ တမာပင်အောက်က ရေအင်တုံကလေး ထဲ ရေထည့်ရဦးမည်။ နို့ပေမယ့် ကျောက် တုံးကြီးအကြောင်းကို ပြောကြည့်ချင်သေး သည်။ ထို့ကြောင့် ငါ မ မနိုင်။ ထို့ကြောင့် ကျောက်တုံးကြီးထဲမှ ကမ္ဘာမြေရဲ့ ဆွဲငင် အားကို ယူနစ်တစ်ခုအဖြစ် သတ်မှတ်လိုက် သည်။ ဤအရာသည် ကြီးမား၍ လေးလံသော ကျောက်တုံးကြီးတစ်တုံးဖြစ်ပါသည်။ ထပ်မံ၍ လေ့လာစရာများ ကျန်ရှိနေပါသေးသည်။

ထို့ကြောင့် ငါဘာမျှမတတ်နိုင်။ တောင် တစ် တောင်၏ အောက်ခြေ၌ နစ်မြှုပ်နေသော ကျောက်တုံးတစ်တုံး အ ကြောင်း ငါဖတ်ရှုခဲ့ဖူး သည်။ သာမန် ကျောက်တုံး တစ်တုံးပါပဲ။ ထို့ကြောင့် ငါဘာမျှ ထပ်၍ မပြောနိုင်။ ငါသိ သည်မှာ ပင်လယ် ကမ်းခြေ က ကျောက်တုံး ကြီးဖြစ်သည်။

ထိုကျောက်တုံးကြီးထက်၌ ကျီးကန်း တစ်ကောင်လာနားကာ တအားအား အော် မြည်နေသည်။ ထို့ကြောင့် ကျီးကန်းသည် အနက် ရောင်ဖြစ်သည်။ ပင်လယ်သည် စိန့် ညို့သည်။ လူသူ မရှိ၊ ရှင်းလင်း တိတ်ဆိတ် သော ညဥ့်နက်နက်ထဲ၌ ကျောက်တုံးကြီးသည် သူ့ဘာသာ ငြိမ်သက်နေမှာပဲ။ ထို့ကြောင့် ငါ ကျောက်တုံးကြီးထံမှ ထွက်ခွာလာခဲ့သည်။ ဒါပေမဲ့ သူဟာ ငါ့ကိုမသိ။ မိုးကုတ်စက်ဝိုင်း ဆိုသည်မှာ ထိုအရာဖြစ်သည်။ ငါမလွန် မြောက်နိုင်။ အဘယ်ကြောင့်ဆိုရသနည်း။ ကျောက်တုံးကြီးသည် ပျင်းရိငြီးငွေ့ ဖွယ်ပင်။ သူသည် တုပ်တုပ်မျှမလှုပ်၊ ကျီးကန်း သည် နောက်ထပ်ရောက်မလာတော့။ ယခု နွေဦး ပေါက်ပြီ။ ပျင်းရိငြီးငွေ့ ဖွယ်ကောင်း သော ကျောက်တုံးကြီးကို အမှတ်ရခြင်းပါပဲ။ ဘာ ဖြစ်လို့ငြိမ် သက်နေရတာလဲ။ ထို့ကြောင့် ငါ့ထံ၌ မေးခွန်းမရှိ။ အချိန်ရလျှင် ဇောက်ထိုး မိုးမျှော်အနေအထားနှင့် ကျောက်တုံး ကြီး အကြောင်း စဉ်းစားကြည့်ပါမည်။ သူဘာ ကြောင့် ဥက္ကာခဲတစ်ခုအဖြစ် အာကာသထဲ လွင့်မျောမသွားဘဲ ကမ္ဘာမြေမှာ ကပ်နေရတာ လဲ။ ကျောက်တုံးကြီးအကြောင်း ငါသိချင်တာ ရှိသည်။ မင်းပြောပြနိုင်မည်လား။ သေချာပါ သည်။ ထို့ကြောင့် ငါမမနိုင်။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071