Monday, June 23, 2025

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင်...

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး...

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...
HomeInternationalဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်း

မေ ၁၅

သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေရန် ရည်ရွယ်၍ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အယ်လ်ဘနီးစ်သည် မေလ ၃ ရက် ရွေးကောက်ပွဲတွင် ထူးထူးခြားခြား အနိုင်ရရှိပြီးနောက် ၎င်း၏အစိုးရသစ်၏ ဒုတိယသုံးနှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မြို့တော် ဂျကာတာသို့ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

“သြစတေးလျအတွက် အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် အင်ဒိုနီးရှားကို လာရခြင်းဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတပရာဘိုဝို ဆူဘီယန်တိုနှင့် တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဩစတြေးလျ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် လုံခြုံရေးပြဿနာအဖြစ် ပေါ်ပေါက်ခဲ့သည့် အင်ဒိုနီးရှား အရှေ့ပိုင်းပြည်နယ် ပါပူဝါတွင်  တာဝေးပစ် စစ်လေယာဉ်များ အခြေစိုက်ရန် ရုရှားက အင်ဒိုနီးရှားကို ပြောကြားခဲ့သည်အပေါ်တွင် အယ်လ်ဘန်နီးစ်က မီဒီယာများတွင် မှတ်ချက်ပေးခြင်း မရှိကြောင်းသိရသည်။ ရုရှားအခြေစိုက်စခန်းများကို ခွင့်ပြုမည်မဟုတ်ဟု အင်ဒိုနီးရှားက သြစတြေးလျကို ပြောကြားထားသည်။

“ လူ့သမိုင်းမှာ ဖွံ့ဖြိုးမှုအလျင်မြန်ဆုံးနှုန်းနဲ့ ကြီးထွားလာနေတဲ့ ဒေသဖြစ်ပြီး အင်ဒိုနီးရှားဟာ အဲဒီတိုးတက်မှုအတွက် အဓိကကျပါတယ်” ဟု အယ်လ်ဘန်နီးစ်က ပြောကြားခဲ့သည်။ “လာမည့် ဆယ်စုနှစ်ကုန်တွင် အင်ဒိုနီးရှားသည် ကမ္ဘာ့ငွေကြေးစီးပွားရေးအကြီးဆုံး ၅ ခုအထဲသို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

ဆူဘီယန်တို သည် အင်ဒိုနီးရှား၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် နှင့် ပစိဖိတ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး ဘက်စုံတိုးတက်ရေး အတွက် ဩစတြေးလျကို အသိအမှတ်ပြုကျေးဇူးတင် ချီးကျူးခဲ့သည်။

အသစ်ရွေးကောက်ခံရသော သြစတေးလျနိုင်ငံ ဝန်ကြီးချုပ်များသည် ပုံမှန်အားဖြင့် အာရှဒေသသို့ ခရီးသွားပြီး အများအားဖြင့် အင်ဒိုနီးရှားကို သွားရောက်ကြသည်။

၂၀၂၂ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ၎င်း၏ပထမဆုံး အင်ဒိုနီးရှားခရီးစဉ်တွင် အယ်လ်ဘန်နီးစ် သည် ဒေသခံသြစတြေးလျလူမျိုးများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် တောင်ဆူလာဝေစီ ပြည်နယ်၏မြို့တော် မကာဆာသို့လည်း သွားရောက်ခဲ့သည်။

ပထဝီဝင်အနေအထားအရ အနီးကပ်တည်ရှိနေခြင်းကြောင့် အင်ဒိုနီးရှားနှင့် ဩစတေးလျသည် ယဉ်ကျေးမှုနှင့်လုံခြုံရေး၊ ကာကွယ်ရေးအပါအဝင် အချင်းချင်းနီးစပ်သည့် ဆက်ဆံရေးများကို ရှေးပဝေသဏီကတည်းက ထိန်းသိမ်းလာကြသည်။ ထိုသို့တည်ငြိမ်သော ဆက်ဆံရေးရှိနေသော်လည်း၊ နှစ်နိုင်ငံသည် ဒေသတွင်း၌ အမေရိကနှင့်တရုတ်တို့၏ ယှဉ်ပြိုင်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွင် မတူညီသော လမ်းကြောင်းများကို ရွေးချယ်ထားကြသည်။

အိမ်နီးချင်းနှစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် ပိုမိုရှုပ်ထွေးသော ပူးပေါင်းလုပ်ဆောင်မှုများနှင့် လေ့ကျင့်ခန်းများကို ခွင့်ပြုပေးမည့် သမိုင်းဝင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (DCA) ကို လက်မှတ်ရေးထိုးခဲ့သည်။ ကင်ဘာရာသည်အဆိုပါ သဘောတူညီချက်ကို နှစ်နိုင်ငံဆက်ဆံရေးတွင် “အနက်ရှိုင်းဆုံးနှင့် အထင်ရှားဆုံး” ကာကွယ်ရေးသဘောတူညီချက်အဖြစ် ချီးကျူးခဲ့သည်။

“ဒါက ကျွန်တော်တို့ရဲ့ နိုင်ငံနှစ်နိုင်ငံကြား စီးပွားရေးသာယာဝပြောမှုကို တည်ဆောက်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံအဆင့်နဲ့ ဒေသတွင်းလုံခြုံရေးကို မြှင့်တင်နိုင်မှာပါ” ဟု ဩစတေးလျ ဝန်ကြီးချုပ် အယ်လ်ဘန်နီးစ်က ပြောကြားခဲ့သည်၊ “လွမ်ဘုတ်သဘောတူစာချုပ်ကိုအခြေခံထားပြီး သမုဒ္ဒရာ ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နှင်းရေးအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်” ဟုလည်းထပ်မံပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် အယ်လ်ဘန်နီးစ်သည် သောကြာနေ့နံနက်တွင် ရောမမြို့သို့ သွားရောက်မည်ဖြစ်သည်။

Ref:  အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင် ငြိမ်းချမ်း​ရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌလည်း တက်ရောက်မည်ဟုသိရသဖြင့် ဖိုရမ်နှင့်ပတ်သက်ပြီး NSPNC အတွင်း​ရေးမှူးအား ​ပေါ်ပြူလာနယူးစ်က ဆက်သွယ်​​မေးမြန်းထားသည်များကို ​ဖော်ပြသွားပါမည်။ Q. ငြိမ်းချမ်း​ရေးအတွက် ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ဖို့ လိုအပ်ချက်များက ဘာတွေပါလဲ။ လက်ရှိအခြေအနေနှင့် ထပ်လုပ်ကြမည့် အချက်များက ဘာပါလဲ A. လိုအပ်ချက်​တွေက လုပ်ဆောင်ချက်တွေပွင့်လင်းမြင်သာမှု (Transparency)၊ အပြောနဲ့ အလုပ်တူညီမှု (Consistency)၊...

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး ၅ ဦး‌ေ-သဆုံးခဲ့

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍ ကူးစက်မှု ၂၉,၅၁၅ ခုအထိရှိလာကြောင်းသိရသည်။ တနင်္ဂနွေတစ်ရက်တည်း၌ပင် ကိုဗစ်ကူးစက်လူနာ ၃၆ ဦးအထိရှိခဲ့ပြီး ယခုနှစ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၃၃ ဦးနှင့် ‌ေ-သဆုံးသူ ၁၆ ဦးရှိကြောင်းလည်းပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံအများအပြား၌ ကိုဗစ်ကူးစက်မှုအသစ်များ မြင့်တက်လာနေချိန်တွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ပြည်သူများကို မလိုအပ်ဘဲ အဆိုပါနေရာများသို့ ခရီးသွားခြင်းမှရှောင်ကြဉ်ရန် တို-က်တွန်းထားသည်။ ဒါကာကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနကမူ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် နိုင်ငံအဝင်အထွက်နေရာများအားလုံးတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းအစီအမံများကို...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။ “ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင် များထံမှ သိရသည်။ ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071