Wednesday, September 2, 2026

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းပွဲစဥ်မှဖြစ်စဥ်များအတွက် ပြစ်ဒဏ်များချမှတ်

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က တောင်ဥက္ကလာပမြို့ နယ်ရှိ ပဒေသာကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊...

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊...

ချင်းတွင်းမြစ်အတွင်းပြုပြင်နေသည့် သင်္ဘောတစ်စီးမှမီးခိုးထွက်လာ၍ အချိန်နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း...

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ

​ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင်္ဘောကြီး နှစ်စီးဟာ ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံကုမ္ပဏီ Marisks ကို ကိုးကားပြီး Bloomberg...
HomeMoviesဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး

ဧရာဝတီတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အ.ထ.က(အိုင်သပြု)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တ ရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာ ယီပိတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်နေမှုကို ဧရာဝတီတိုင်းဝန် ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးပြီး ၎င်းကိုယ်တိုင်ဝင်ရောက်၍သန့်ရှင်းရေးပြုလုပ်ပေးကာ စာ သင်ကျောင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေ ကျော်စီးဝင်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့် ကျောင်းခြံစည်း ရိုးပြန်လည်ပြုပြင်ဆောင်နိုင်ရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်နှင့် ရန်ကုန်စီးတီးအသင်းပွဲစဥ်မှဖြစ်စဥ်များအတွက် ပြစ်ဒဏ်များချမှတ်

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်က တောင်ဥက္ကလာပမြို့ နယ်ရှိ ပဒေသာကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် Grand Royal M League 2026-27 ပြိုင်ပွဲ၊ ပွဲစဉ်အမှတ်(၆)၏ ရန်ကုန်စီးတီး FC နှင့် ရှမ်းယူနိုက်တက် FC ပွဲစဉ်တွင်ဖြစ် ပွားခဲ့သောဖြစ်ရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်း ကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ယနေ့ စက်တင်ဘာ ၁ ရက်တွင် ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ ကော်မတီက ပွဲစဥ်ယှဥ်ပြိုင်နေစဥ်အတွင်း ကွင်းလယ်ဒိုင်မှ နှစ်ဖက်အသင်းကစားသမား(၂)ဦးအား အနီကတ်ပြထုတ်ပယ်ခြင်းသည် မှန်ကန်သည်ဟုဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင်နန္ဒကျော်တို့သည်...

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  ထို့ကြောင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးသင့်နေသူများကို ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေ(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၆) လက်မခန့်မြင့်တက်လာပြီး မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း...

ချင်းတွင်းမြစ်အတွင်းပြုပြင်နေသည့် သင်္ဘောတစ်စီးမှမီးခိုးထွက်လာ၍ အချိန်နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း၌ပြုပြင်တည် ဆောက်နေသော သင်္ဘော(၁)စီး၏ ကိုယ်ထည်အ တွင်းမှမီးခိုးများထွက်နေသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နေ့လယ် ၁ နာရီတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်ဖြစ်ပွားသည့်အချိန်မှ မီးငြိမ်းသည့်အချိန်အထိ အချိန်နှစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071