Wednesday, June 17, 2026

ရှန်ဟိုင်းရောက် နိုင်ငံတော်သမ္မတထံသို့ မြိုတော်ဝန် လာရောက်...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...
HomeCelebrities' Newsအနုပညာ ပေါ်ပြူလာ လူငယ်နှင့်အောင်မြင်မှု

အနုပညာ ပေါ်ပြူလာ လူငယ်နှင့်အောင်မြင်မှု

ခေတ်တိုင်းလိုလိုပင် အနုပညာလောကထဲကို လူငယ်တွေ တိုးဝင်လာခဲ့ကြပြီး တချို့လူငယ်တွေက ပေါ်ပြူလာဖြစ်ချင်စိတ်နဲ့ ဝင်ရောက်ကြတာမို့ ကြာကြာမခံဘဲ ဆုတ်ခွာပျောက်ကွယ်သွားကြသလို တချို့လူငယ်တွေက အနုပညာရူးသွပ်မှု ဗီဇစိတ်အရင်းခံနဲ့ ဇွဲလုံ့လဝီရိယအပြည့်ထား မဆုတ်မနစ်ကြိုးစားကာ မိမိတို့ ဘဝရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းချီပြီးတော့ အောင်မြင် ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်သွားကြပါတယ်။ ဒါကြောင့်မို့ ပေါ်ပြူလာဂျာနယ် ၂၁ နှစ်ပြည့်နှစ်ပတ်လည်အထူးတင်ဆက်မှုအဖြစ် ‘အနုပညာနဲ့ ပေါ်ပြူလာ၊ လူငယ်နဲ့ အောင်မြင်မှု’ကဏ္ဍလေးကနေပြီးတော့ လူငယ်အနုပညာရှင်များဖြစ်ကြတဲ့ မေသက်ထားဆွေ၊ ဝင်းခန့်မိုးနဲ့ ကောင်းစစ်မင်း တို့ရဲ့ အမြင်ခံယူချက် စကားသံများကို မေးမြန်းကာ ဖော်ပြလိုက်ရပါတယ်။

————————————————————————————————————–

ကောင်းစစ်မင်း

ဇာတ်စတင်ကပြခဲ့ပုံ

ကျွန်တော်က ဇာတ်ထဲမှာပဲ ကြီးပြင်းလာတယ်လို့ ပြောရမယ်။ ဦးလေးဖိုးချစ်ဇာတ်မှာပဲ ငယ်ငယ်က အနေများခဲ့တာ။ တစ်နေ့တော့ မှတ်မှတ်ရရပါပဲ။ ပဲခူးပွဲမှာ ဦးလေးက ကျွန်တော့်ကိုစင်ပေါ်တက်ပြီးကခိုင်းတယ်။ မင်းသား အင်္ကျီတွေကလည်း မရှိသေးဘူး။ အဲဒီတော့ ရှင်ပြုတုန်း က ဝတ်ခဲ့တဲ့အဝတ်အစားတွေ သွား ယူပြီးတော့ အဲဒါကို ပြန်ချုပ်ပြီးတော့ ကရတာ။ ဒါကြောင့် ကျွန်တော် ၄ နှစ်သားကတည်းက ဇာတ်စကခဲ့တာပါ။

ဦးလေးဖြစ်သူ ဖိုးချစ်ရဲ့ ပံ့ပိုးပေးမှု

ဦးလေးကတော့ ပြောပါတယ်။ ကျွန်တော့်ကို ၁ဝ တန်း ပြီးသွားရင် တော့ ကိုယ်ကြိုက်တာကိုလုပ်တဲ့။ သူက အများကြီး ပံ့ပိုးပေးပါတယ်။အက တွေ၊ လူမှုဆက်ဆံရေးတွေ အကုန် လုံး သင်ပေးတယ်။ ကျွန်တော်တို့ရဲ့ အရှေ့မှာ ဦးလေး လုပ်ခဲ့တာတွေက အများကြီးဆိုတော့ ကျွန်တော်တို့က နောက်ကနေပြန် လိုက်ရမှာပေါ့နော်။ ဦးလေးကို မီအောင်လုပ်ဖို့ ဆိုတာ ကတော့ တော်တော့်ကို ခဲယဉ်းပါ တယ်။ ဦးလေးခြေဖျားတောင် မီချင်မှ မီမှာလေ။

အနုပညာပေါ် ခံယူချက်
ကျွန်တော်ကသဘင်မင်းသားတစ်ယောက်ဖြစ်လာရင်ပရိသတ်က ကျွန်တော့်ရဲ့ ထမင်းရှင်၊ ဟင်းရှင်ပါ။ ပရိသတ်လာကြည့်မှ အဆင်ပြေမှာလေ။ ကျွန်တော်တို့က ပရိသတ်တွေ ကို တင်ဆက်ဖို့ အတွက်ကိုလည်း အများကြီးကြိုးစားရမှာ။

အနုပညာလောကထဲကို ပေါ်ပြူလာ ဖြစ်ချင်လို့ ဝင်လာတာလား

ကျွန်တော်ကတော့ သဘင်မင်း သားတစ်ယောက် ဖြစ်ချင်တာပါ။ ငယ်ငယ်တုန်းကတော့ အိပ်မက် ဆို တာ လူတိုင်းမှာရှိကြတာပါပဲ။ ပေါ်ပြူလာဖြစ်ချင်လို့ပဲဖြစ်ဖြစ် ကိုယ့် အိပ်မက်နဲ့ ကိုယ်ကြိုးစားချင်လို့ပဲဖြစ် ဖြစ်ပေါ့လေ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ ဂုဏ်ဆောင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်။

လင်းအက္ခရာ၊ မျိုးမောင်၊ ဇင်မာနွယ်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071