Saturday, June 27, 2026

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...
HomeCelebrities' Newsအနုပညာ အလုပ်တွေ ပြန်...

အနုပညာ အလုပ်တွေ ပြန် မ လုပ် ဖြ စ် ပေ မယ့် အနုပညာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေသူ ခင်လေးနွယ်

 

ခင်လေးနွယ်က အနုပညာ အလုပ်တွေကို လျှော့လိုက်ပြီး နောက်ပိုင်းမှာ စီးပွားရေးဘက်ကိုပဲ အချိန်ပိုပေးဖြစ် နေပါတယ်။ အခုလက်ရှိမှာ သူငယ်ချင်းတွေနဲ့ အတူ Things 4 U Wedding, Event and Party Supply ဆိုင်ဖွင့်လှစ်ထားသလို Kay Fashion & Fabric House ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

“စီးပွားရေးပဲ လုပ်ဖြစ်တော့မယ်ထင်တယ်။ ဇာတ်ကားရိုက်တာကတော့ ပြန်ရိုက်ဖြစ်ဖို့ မသေချာသ လောက်ရှိနေပြီ။ ဇာတ်ကားရိုက်ရင် စီးပွားရေး လုပ်ဖို့အတွက် အချိန်ပေးရတာ ခက်တယ်။ ဇာတ်ကားရိုက်ရင် တစ်ပတ်လောက်က ပေးရမှာပဲ။ ဒီဘက်ကပေးရင် ဒီဘက်ကလွတ်တယ်။ အလုပ်လုပ်တဲ့ အခါ ကျတော့လည်း တစ်ဘက်က ဝေးသွားပြန်ရော။ ဒါပေမဲ့  အနုပညာ မလုပ်ဘူးဆိုပေမယ့် အခုလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက အဆက်စပ်ရှိနေတယ်။ ဒီအနုပညာ အလုပ်လုပ်ခဲ့လို့လည်း ဒီလုပ် ငန်းမှာ အများကြီး အထောက်အကူပြုတယ်။ ဘယ်ဟာမှာ ကိုယ့် အတွက် နစ်နာသွားတာမရှိဘူး။ အကုန်လုံးက ကိုယ့်အတွက် တစ်ထောင့်တစ်နေရာက လိုအပ်နေတာပဲလေ။ အနုပညာ လုပ်ခဲ့ တုန်းက ကိုယ့်ကိုယ်ကူညီခဲ့တဲ့လူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” လို့ ပြောပါတယ်။

ခင်လေးနွယ်က စီးပွားရေးလည်း လုပ်နေသလို စက်ချုပ်သင်တန်းနဲ့ ပန်းအလှဆင်သင်တန်းစတဲ့ လက်မှုပညာသင်တန်းတွေကိုလည်း ဝါသနာပါတဲ့ အတွက် သင်ယူနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီပညာတွေကို သင်ယူဖြစ်ပုံကိတော့ ခင်လေး နွယ်က…

“နဂိုက ကိုယ့်ကိုယ်ကိုယ်ဝါသနာ ပါမှန်းမသိဘူး။ ပွဲတွေပြင်ကြည့်တော့လည်း အသေးစိပ်တွေလုပ်ရတာ ဝါသနာပါတယ်။ အရင်တုန်းက ပန်း ထိုးရတာတွေ စိတ်ကိုမဝင် စားခဲ့ဘူး။ အခုပန်းထိုးသင်တန်းတက်ကြည့် လိုက်တော့ စိတ်ဝင်စားတယ်။creation လုပ်ရ တာလည်း ကြိုက်တယ်။ အမြဲတမ်းလေ့လာ နေမှတတ်တာ။ အမြဲတမ်းလည်း လုပ်ဖြစ်တယ်။ အင်တာနက်တွေကြည့်တယ်။ ပျော်လည်း ပျော် တယ်။ အကျီချုပ်တာကလည်း နဂိုကရည်ရွယ် ချက်က ကိုယ်ဝတ်တဲ့ အင်္ကျီကိုယ်ချုပ်ချင်တယ် ပေါ့။ ကိုယ့်ဘာသာကိုယ် ချုပ်တတ် ရင်ကောင်းမှာ ပဲဆိုပြီး စဉ်းစားပြီး သင်တန်းတက်ချင်တယ် ဆိုပြီး စုံစမ်းတဲ့ အချိန်မှာ ပုံ့က သင်တန်းဖွင့်တာ။ ပုံ့ဆီမှာ တက်တော့ ပိုအဆင်ပြေတာပေါ့။ ကိုယ်အမြဲတမ်း ချုပ်နေတဲ့သူ ဆိုတော့လေ။ လက်မှုပညာဆိုတာ ဘယ် နေရာမှာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ဘယ် အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အရမ်းအထောက် အကူဖြစ်တယ်။ တစ်ချိန်ချိန်ကျရင် အသုံးတည့် လာ မှာပါ။ လောလောဆယ်တော့ ဖက်ရှင်ဆိုင်ဖွင့်ဖို့ သင် တာမဟုတ်ပါဘူး။ဒါပေမဲ့ ဝါသနာပါတယ်။ ကိတ် မုန့်ဖုတ်တာလည်း သွားတက်သေးတယ်။ ဒါပေမယ့် ဝါသနာမပါဘူး”လို့ ပြောပါတယ်။ အခုအချိန်ထိ မမေ့ဘဲ အားပေးကြတဲ့ ပရိသတ်တွေကို အထူး ကျေးဇူးတင်မိပြီး လိုအပ်တာတွေကိုလည်း ဝေ ဖန်ပေးပါလို့ ခင်လေးနွယ်ကဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071