Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' Newsအနုပညာလောကမှာခြေလှမ်းသွက်သွက်နဲ့ နေရာယူလာတဲ့လူငယ် မင်းသမီးသစ်လေး...

အနုပညာလောကမှာခြေလှမ်းသွက်သွက်နဲ့ နေရာယူလာတဲ့လူငယ် မင်းသမီးသစ်လေး Alice Ong

လူငယ်တွေကို နေရာပေးသင့်လား၊ မပေးသင့်ဘူးလား။ ဒါက လူကြီးတွေ စဉ်းစားရမယ့် ကိစ္စပါ။ တချို့တွေက လူငယ်တွေကို လက်တွဲခေါ်ကြတယ်။ တချို့တွေက နေရာမပေးကြဘူး။ နေရာပေးတာ၊ မပေးတာတွေ နောက်မှာထား။ သေချာ တာတစ်ခုကတော့ လူငယ်တွေက ယေဘုယျအားဖြင့် ခြုံကြည့်လိုက်မယ် ဆိုရင် ကြိုးစားကြတယ်။ ဖြစ် ချင်တဲ့စိတ်တွေများကြတယ်။ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကလည်း တစ်ပုံတစ်ပင်ကြီးတွေနဲ့။ အဲဒီလို လူငယ်တွေ နယ်ပယ်အသီးသီးမှာ ရှိတတ်ကြပါတယ်။ အနုပညာ လောကမှာတော့ ပိုဆိုး တာပေါ့။ မျိုးဆက်တွေက တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲနေတာ။ ဒီနေ့ ခေတ် အောင်မြင်နေတဲ့ ထိတ်ထိတ်ကြဲ အနုပညာရှင်တွေဆိုတာ တစ်ချိန် က မျက်နှာသစ်လူငယ်တွေအဖြစ်ကနေ တက်လှမ်းလာခဲ့ကြတာပဲလေ။ အခုလည်း အနုပညာနယ်ပယ်မှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ၊ ကြော်ငြာရိုက်ကူးမှုတွေနဲ့ တဖြည်းဖြည်း ဝင်ရောက်လာတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ သရုပ်ဆောင်သစ် မင်းသမီးလေး Alice Ong ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘Dimensions မျက်နှာပြင်များ’ ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး သရုပ် ဆောင်ခဲ့တဲ့ သူကအခုဆို ဇာတ်ကား ရိုက်ကူးမှုတွေ များစွာ ပြုလုပ်ထား ပြီးပါပြီ။

“Dimensions ဇာတ်ကားပြီးတဲ့နောက် Alice က တခြား Production နဲ့ တောက်လျှောက်ရိုက်ကူး ဖြစ်တယ်။ အဲဒီအထဲမှာမှ ပရိသတ်နဲ့လောလော လတ်လတ် တွေ့ရမယ့်ဇာတ် ကားဆိုလို့ရှိရင် ‘အချစ် ဘယ်သူ့ ပုံမှာတုန်း’ ဆိုတဲ့ ဇာတ်ကားပါ။ ကိုပြေတီဦးရယ်၊ မအိန္ဒြာကျော်ဇင်၊ မအေးမြတ် သူ၊ မသင်ဇာဝင့်ကျော်၊ မယုသန္တာတင်တို့ ရှေ့က စီနီယာအစ်မကြီးတွေနဲ့ပေါ့။ အမှန်တကယ် တော့ ‘Dimensions’ မတိုင်ခင် မရှေးမနှောင်း လေးမှာရုံတင်ဖို့ လုပ်ဆောင်ထားတာပါ။ ဒါပေမဲ့ Production ဘက်ရော၊ Cinema ဘက်ကရော အကြောင်းကြောင်းကြောင့် ရက်ခဏ ပြန်ရွှေ့ဆိုင်းလိုက်တာ။ နောက် တစ်ခုကကျတော့ ရှေ့တစ်လ လောက်ပဲရှိ သေးတယ်။ အဲဒီဇာတ်ကား ရိုက်ကူးတဲ့ ဒါရိုက်တာက ဆုံးပါးသွားတာဆိုတော့ ရက် တွေဘာတွေ ပြန်ပြီးတော့ ချိန်နေရတာဆိုတော့ ပရိသတ်တွေဆီ အမြန်ဆုံးတော့ ပြန်ရောက် လာမှာပါ။ အဲဒီ ဇာတ်ကားပြီးတော့ နောက်တစ်ကား က ကိုဒေါင်းရယ်၊ ကိုအောင်လေးရယ်၊ Alice ရယ်၊ အိန်ဂျယ် လမုန်ရယ်ပါ။ Alice တို့အိပ်မက်တွေကို ဘယ်လို မျိုးကြိုးစား ကြတယ်။ လူငယ်တွေရဲ့ အမြင်နဲ့ လူကြီးတွေရဲ့ အမြင်က ကွဲလွဲမှုရှိတယ်။ Alice တို့ အိပ်မက်တွေကို တချို့က အားပေးတယ်။ တချို့က အားမပေးဘူး။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပေါ့ နော်။ အဲဒီဇာတ်ကားလည်းပဲ ရိုက် ကူးပြီးသွားပြီ။ ဆင်ဆာတွေလည်း အကုန်ပြီးသွားပြီ။ ‘အချစ် ဘယ်သူ့ ပုံမှာတုန်း’ ဇာတ်ကားပြီးတဲ့နောက်မှာ ‘လေဆန်ကကြိုး’ ဇာတ်ကားလည်း ပရိသတ်ဆီ ရောက် လာတော့မှာပါ” လို့ Alice Ong က ပြောပါတယ်။

Alice Ong က သူ့ကို ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အခါ လတ်တလောတော့ ဟဲဗီးကာရိုက် တာ မျိုးအတွက် ကမ်းလှမ်းတာမရှိ သေးကြောင်းလည်း ပြောပါတယ်။ သူသရုပ်ဆောင်ချင်တဲ့ပုံစံက…
“တစ်ခုရှိတာက ကိုယ်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာနဲ့ ပရိ သတ်တွေ လက်ခံတဲ့ ကာရိုက်တာနဲ့က တူချင်မှတူမှာပေါ့။ အဲဒီတော့ ပရိသတ်တွေ လက်ခံတဲ့ကာရိုက်တာကို အခုလောလောဆယ်တော့ သရုပ် ဆောင်ဖြစ်တာ များပါတယ်။ Alice သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာက လုပ်ယူ ထားတဲ့ ကာရိုက်တာမျိုးမဟုတ်ဘဲနဲ့ တကယ့်အပြင်မှာ လက်တွေ့ကျတဲ့ ကာရိုက် တာမျိုးကို သရုပ်ဆောင်ချင်တယ်။ ‘Dimensions’ ဇာတ်ကားတုန်းက ကာရိုက်တာ ပုံစံမျိုးကိုလည်း သ ဘောကျတယ်။ ‘လေဆန်ကကြိုး’ ထဲ မှာဆိုရင်လည်း ဘာပဲဖြစ်ဖြစ် တကယ်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ ကိုက်ညီတာပေါ့နော်။ အဲဒီလိုမျိုးဆို တကယ် လည်း ကြည့်ရှုသူတွေအတွက် Message တစ်ခုခုရမယ်။ ဒါက သရုပ်ဆောင်နေတာကြီးပါကွာ ဆို တာမျိုးမဟုတ်ဘဲနဲ့ တကယ့်ကို သဘာဝကျတဲ့ပုံစံမျိုးကို Alice သရုပ်ဆောင်ချင်တယ်” လို့ Alice Ong က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို Digital ရှေ့ပြေးဥပဒေရုံးများအဖြစ် တိုးချဲ့မည်

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ် တိုးချဲ့ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။ ယမန်နေ့က Naypyidaw ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်ခြင်းသည် ရုံးလုပ်ငန်းများတွင် မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်များကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071