၂ဝ၁၇ ခုနှစ်ရဲ့ ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲမှာ နည်းပညာပိုင်းဆိုင်ရာ ဆုတစ်ဆုဖြစ်တဲ့ တည်းဖြတ်ဆုကိုတော့ ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးတဲ့ ‘ထာဝရအမေ’ ရုပ်ရှင် ဇာတ်ကားနဲ့ တည်းဖြတ်ပညာရှင် အိုဝင်က ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ ခံစား ချက်နဲ့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး တည်းဖြတ်ပညာနဲ့ပတ်သက်ပြီး အခက်အခဲ တချို့ ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။
“‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးတည်းဖြတ်ဆုရရှိခဲ့တဲ့အတွက် ကျွန်တော်တကယ့်ကို ပျော်ရွှင်ရပါတယ်။ ပြောမပြတတ်အောင်လည်း ဝမ်းသာပီတိ ဖြစ်ရပါ တယ်။ ကျွန်တော်ဒီလောကထဲကိုရောက်တာ နှစ်ပေါင်း နှစ်ဆယ်နီးပါးလောက်ရှိပါပြီ။ ဒီနှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ကျွန်တော် ဦးမောင်(စင်ရော်မောင်မောင်)ဆီမှာပဲ ပညာ တွေသင်ပြီး လုပ်ခဲ့တာပေါ့။
ကြော်ငြာဆိုရင်တော့ ကြော်ငြာပေါင်းလေးရာလောက်တော့ ရှိပါတယ်။ Program တွေလည်း အများကြီးပါပဲ။ ရုပ်ရှင်ဇာတ်ကားအနေနဲ့ လေ့လာခွင့် ရခဲ့တာဆိုရင်တော့ ‘ချစ်ခြင်းရဲ့ အခြားမဲ့၊ ‘မမုန်းလေနဲ့ ငပလီ’ ပြီးတော့ ရေခဲတောင်မှာရိုက်တဲ့ ‘လျှိုဝှက်သောနှင်း’။ အဲဒီရုပ်ရှင်ဇာတ်ကားတွေမှာ လက်ထောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ခုဆုရရှိခဲ့တဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားဆက်တုန်းက အခက်အခဲတွေကတော့ ဇာတ်ကားတစ်ကားကိုဆက်တဲ့အခါမှာ အများကြီးကြုံတွေ့ရပါတယ်။ တစ်scene နဲ့တစ် scene ဆက်တဲ့အခါမှာလည်း ဆက်ကြည့်လိုက်တယ်။ မကြိုက်သေးဘူး။ နောက်တစ်ခေါက်ပြန် ဆက်တယ်။ နောက်တစ်ခေါက်ဆက်လည်းမကြိုက်ဘူး။ အဲလိုပှဲခနညန တစှ်ခနညန ကို လေးငါးခြောက်ကြိမ်လောက် ဆက်ကြည့်ရပါတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ကြော်ငြာတည်းဖြတ်မှုတွေလုပ်ဖြစ်နေပြီး နောက်ပိုင်းမှာ ပရိသတ် အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း တည်းဖြတ်ပညာရှင်အိုဝင်က ခုလို ပြောပြခဲ့ပါတယ်။
“လက်ရှိမှာတော့ ကြော်ငြာတွေရှိတယ်။ ပြီးတော့ မဇ္ဈိမအလင်း ဗုဒ္ဓဝင်ရုပ်ရှင် ဇာတ်ကားကို အပြီးသတ်လုပ်ဆောင်နေပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး တော့လည်း အနုပညာအလုပ်တွေကို အကောင်းမွန်ဆုံးဆိုတာထက် အကောင်းဆုံးဖြစ် အောင်လုပ်ဆောင်သွားပါမယ်။ ဆက်လက်ပြီးတော့လည်း အများကြီးကြိုးစားသွားပါမယ်” လို့ပြောပြခဲ့ပါတယ်။
ဓာတ်ပုံ-ဇော်ဝင်းအောင်