Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsအမေရိက မပြန်ခင် ပရိသတ်ကို...

အမေရိက မပြန်ခင် ပရိသတ်ကို အလွမ်းပြေအနေနဲ့ သီချင်းအသစ်တွေ လက်ဆောင်ပေးသွားမယ့် ခင်ဘုဏ်း

မြန်မာပြည်နဲ့ဝေးကွာပြီး အမေရိကမှာနေဖြစ်တာ ၅နှစ်လောက်ကြာရှိသွားပြီ လို့ အဆိုတော်ခင်ဘုဏ်းကပြောပါတယ်။ မြန်မာပြည်ကို ခေတ္တခဏပြန် လည်ရောက်ရှိနေတဲ့အခိုက် အနုပညာနဲ့ပတ်သက်လို့ ခင်ဘုဏ်းဘာတွေ လုပ်ဖြစ်နေသလဲဆိုတာ မေးမြန်းဖြစ်တော့ . .

“ဒီကြားထဲမှာတော့ ခင်ဘုဏ်းတို့ Back To Millennium ဆိုတဲ့ Concert လေးရှိတယ်။ အဲဒီ Concert လေးတွေ မှာတော့ ခင်ဘုဏ်း KOOK အနေနဲ့ ရွှေထိုက်နဲ့တွဲပြီးတော့ နှစ်ယောက်ဆိုဖြစ်ပါတယ်။ အဓိကကတော့ ခင်ဘုဏ်းသီချင်းလေးတွေ အမ်တီဗီလေးပါတွဲပြီးတော့ တစ်ပုဒ်ချင်းစီတိုင်းကို အရောက်ပေးဖို့ အတွက် ကြိုးစားနေပါတယ်။ ခင်ဘုဏ်း အမေရိကကို မရောက်ခင်လပိုင်း အတွင်း သီချင်းလေးတွေ ပရိသတ်ဆီအရောက်ပေးချင်ပါတယ်”လို့ သူမက ပြောပါတယ်။ ခင်ဘုဏ်းတို့ခေတ်နဲ့ အခုခေတ်မျိုးဆက်သစ်တွေ ခေတ်အပြောင်းအလဲတွေများစွာဖြစ်သွားပြီလို့ မြင်လားလို့   ဆိုတော့ . . .

“နည်းပညာပိုင်းကတော့ တအားကို တိုးတက်သွား ပါပြီ။ နည်းပညာပိုင်းနဲ့ပတ်သက်လို့ကတော့ တကယ်ကိုပိုလည်း ကောင်းလာပါတယ်။ သီချင်းဆိုတာကို ပိုပြီးတော့ အထောက် အပံ့ဖြစ်လာတယ်ပေါ့နော်။Music Creation ပိုင်းတွေလည်း ပိုပြီးတော့ကောင်းလာပါတယ်”လို့ ခင်ဘုဏ်းကဆိုပါတယ်။ နှစ်တွေကြာသွားပေမယ့်လည်း သိပ်ပြောင်းလဲတာမျိုး မရှိဘူး နော်လို့ဆိုတော့ အသက်ကြီးလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပိုလုပ်ဖြစ်သလို အသီးအရွက်တွေ၊ အသီးအနှံတွေ ပိုစားသောက်ဖြစ်တာကြောင့်ပါမှာပါလို့ သူမကပြောပါ တယ်။ နောက်ပြီးခင်ဘုဏ်းက ယောဂကစားဖြစ်တာ ၂နှစ်ခွဲ လောက်ရှိသွားပြီလို့ သိရပါတယ်။ ယောဂကစားနည်းရဲ့ ကောင်းကျိုး တွေကိုလည်း ပြန်လည်ဝေငှပေးပါဦးလို့ဆိုတော့ . . .

“ကောင်းကျိုးတွေများပါတယ်။ ယောဂကစားတာ လူရော၊ စိတ်ရော လန်းဆန်းတယ်။ လူလည်းကျန်းမာသ လို စိတ်ကလည်း ပိုပြီးတော့ လန်းဆန်းလာတယ်။ ကိုယ့် စိတ်ရော၊ လူရော ၂ခုစလုံးကို Balance  လုပ်ပေးတဲ့ အတွက် ယောဂကစားသင့်တယ်လို့ပြောချင်ပါတယ်”လို့ ခင်ဘုဏ်းကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071