Friday, September 18, 2026

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...
HomeCelebrities' Newsအဖေ့မေတ္တာကို မျှော်လင့်ခဲ့ရဖူးတဲ့ အခိုက်အတန့်အကြောင်း...

အဖေ့မေတ္တာကို မျှော်လင့်ခဲ့ရဖူးတဲ့ အခိုက်အတန့်အကြောင်း အိုင်ရင်းဇင်မာမြင့်ပြောပြ

တိုက်ဆိုင်မှုရယ်ပဲလားလို့ မပြောတတ်ပါဘူး။ သူမငယ်စဉ်က အဖေ့မေတ္တာငတ်ခဲ့ရတယ်။ ဒါတောင် အမေ့မေတ္တာကို အပြည့်အဝ ရခဲ့တာနော်လို့ အိုင်ရင်းက ပြောပါတယ်။ သူမဖျော်ဖြေခဲ့ရတဲ့ပွဲလေး က ဝိသာခါဖောင်ဒေးရှင်းက ကျင်းပတဲ့ စွန့်ပစ်ခံရင်ခွင်မဲ့ကလေးများ စနစ်တကျပြုစုစောင့်ရှောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲလေးပါ။ အိုင်ရင်းဇင်မာမြင့်ရယ်၊ ဂျူဝယ်ရယ်တို့ သီဆိုဖျော်ဖြေသွားတဲ့ စွန့်ပစ်ခံ ရင်ခွင်မဲ့ကလေးများအကြောင်း သီချင်းလေးဆိုရင် ခံစားဖို့သိပ်ကောင်းလှပါတယ်။

“အဓိကကတော့ ဒီကလေး လေးတွေ နေရာကနေ ခံစားပြီးသီဆိုတာပေါ့နော်။ ဆိုတဲ့အခါ မှာလည်း အဲဒီခံစားချက်ကို ရပါတယ်။ ဆရာစောခူဆဲရေး ထားတဲ့ စာသား၊ အန်တီဝင်းမင်းသစ်ရဲ့ အတွေးအခေါ်တွေ ကလည်း တအားခံစားရတဲ့ အကြောင်းအရာတွေများပါ တယ်။ ကိုယ်ကိုယ်တိုင် မိစုံ၊ ဖစုံနဲ့ နေရတဲ့သူတစ်ယောက် ဖြစ်တာတောင်မှ ဒီလိုခံစားချက်ကြီးရှိပါတယ်” လို့ အိုင်ရင်း ဇင်မာမြင့်က ပြောပါတယ်။ အိုင်ရင်းတို့ နယ်ဘက်တွေ သွားရောက်ဖျော်ဖြေရတဲ့အခါမှာရော အဲဒီလို ကလေး ငယ်လေးတွေ တွေ့ဖြစ်လား၊ စိတ်ဓာတ်ခွန်အားတွေ ပေးရတာမျိုးရှိခဲ့လားလို့ သူမကို ဆက်လက် မေးတဲ့ အခါ …

“အချိန်ပေးနိုင်တဲ့နေရာမျိုးဆိုရင်တော့ အိုင်ရင်းတို့ မေတ္တာပြဖြစ်ပါတယ်။ အချိန်ကပ်နေတဲ့ နေရာမျိုးဆိုရင်တော့ သိသာ၊ သိသော်လည်း မသွားလိုက်ရဘဲနဲ့ ပြန်ခဲ့ရတဲ့အချိန်မျိုးတွေလည်းရှိပါတယ်။ တကယ်တမ်းတော့လည်း လူကိုယ်တိုင် မသွားနိုင်ရင်တောင်မှ ကိုယ့်စိတ်ထဲက ကိုယ်ချင်းစာ တယ်ပေါ့နော်။ ကိုယ်ကိုယ်တိုင်တောင်မှ အဖေက ၆ တန်း နှစ်က ပြီးဆုံးသွားတဲ့အခါမှာ အဖေ့မေတ္တာကို ငတ်တယ်။ အမေကနေပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးတာတောင်မှ အဖေ့ မေတ္တာကို မျှော်လင့်သေးတာပဲ။ အခုလိုမျိုးငယ်ငယ်လေးကတည်းက မိဘမေတ္တာ ဘာမှန်းမသိတဲ့ ကလေးလေးတွေအတွက် တကယ်ကို ကိုယ်ချင်းစာပါတယ်ရှင့်”လို့ အိုင်ရင်းဇင်မာမြင့်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071