Friday, February 13, 2026

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...
HomeCelebrities' Newsအကောင်းဆုံးဆိုတာ ဘာမဆို လွယ်လွယ်နဲ့...

အကောင်းဆုံးဆိုတာ ဘာမဆို လွယ်လွယ်နဲ့ မရဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က အားပေးစကား ပြောခဲ့ကြောင်း အောင်လ အန်ဆန်းပြော

မွေထိုင်းဟဲဗီးဝိတ် ချန်ပီယံ ကင်မရွန်းနွယ်ဖွား၊ ဟောင်ကောင် နိုင်ငံသား ဂါလာနီရဲ့ စိန်ခေါ်မှုကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံ အောင်လအန်ဆန်းက မြန်မာ့မြေ ပေါ်မှာ နိုဝင်ဘာ ၁၈ရက်ညက ပထ မတစ်ချီနဲ့တင် အနိုင်ယူကာ ချန်ပီယံခါးပတ်ဆုကာကွယ်နိုင်သွားခဲ့ပါ တယ်။ ပြိုင်ပွဲကျင်းပရာ သုဝဏ္ဏ အားကစားကွင်းမှာလည်း ပရိသတ် အပြည့်အလျှံလာရောက် အားပေး ကြ တဲ့ ပရိသတ်တွေ၊ ရုပ်သံကနေ တစ်ခဲနက်ကြည့်ရှု့ အားပေးကြတဲ့ ပရိသတ်တွေ၊ ဝိတ်တန်းမတူညီတဲ့ အတွက် စိုးရိမ်စိတ်နဲ့ နိုင်မှနိုင်ပ မလားလို့ စိတ်ထင့်နေကြတဲ့ ပရိသတ် တွေအတွက် အောင်လက ပထမပိုင်း တစ်ချီ မိနစ်ပိုင်းအတွင်းမှာပဲ ဂါလာနီ ကို သူ့ရဲ့ ချုပ်ကွက်နဲ့ အနိုင်ယူ ခဲ့တယ်။

“ကျွန်တော့်ကို အားပေးတဲ့ သူတွေကို အများကြီး ကျေးဇူးတင် ပါတယ်။ ကွင်းထဲမှာလာရောက်အား ပေးတဲ့သူတွေလည်း အများကြီးရှိ သလို တီဗီကနေ ကြည်ရှုကြသူတွေ လည်း အများကြီးရှိတယ်။ ဖေ့စ်ဘုတ် ကနေလည်း အားပေးတဲ့ သူတွေ လည်းရှိတယ်။ အရမ်းကျေးဇူး တင် တယ်။ တအားချစ်တယ်။ နောက်ပြီး တော့ မြန်မာနိုင်ငံဆိုတာနဲ့ MMA  မှာနာမည်ကြီး နိုင်အောင် ကျွန်တော် ကြိုးစားနေတယ်။ ဒီ့ထက် နာမည်ကြီး နိုင်အောင် ကြိုးစားသွားမယ်။ ကျွန် တော့်ရဲ့ ချန်ပီယံခါးပတ်ကိုလည်း အချိန်တွေ အကြာကြီး ရယူထားနိုင် အောင်ကြိုးစားသွားမယ်လို့ ကျွန် တော် ကတိပေးပါတယ်”လို့ အောင် လအန်ဆန်းက ပြောပါတယ်။ “ပြိုင်ပွဲ မကျင်းပမီ ပထမတစ် ခေါက်တုန်းက လာခဲ့စဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အောင်လအန်ဆန်းကို ဒေါ်အောင်ဆန်းစုကြည် က ဘယ် လို မျိုး အားပေးစကားပြော ခဲ့လဲလို့ဆိုတော့…

“သူပြောတာ က အကောင်းဆုံးဆို တာ ဘာမဆို လွယ် လွယ်နဲ့ မရဘူး။ အ ရမ်း ကြိုး စား ရ တယ်။ တစ်ခုခုကို ရည်မှန်းထား တယ်ဆိုရင် ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားရမယ်။ လွယ်လွယ်နဲ့ ရ တယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး ပေါ့” လို့ အောင်လအန်ဆန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071