အီရန်တောင်ပိုင်း မီနက်ဘ်(Minab) မြို့မှာရှိတဲ့ မိန်းကလေး မူလတန်းကျောင်းကို တို-က်ခိုက်ဖို့ ဆုံးဖြတ်စဉ်မှာ အမေရိကန် စစ်တပ်ဟာ AI စနစ်ပေါ် အလွန်အမင်း မှီခိုခဲ့တယ်လို့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသူတွေကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ တိုက်ခိုက်မှုကို တာဝန်ယူခဲ့တဲ့ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်ဟာ Palantir ကုမ္ပဏီရဲ့ Maven Smart Systems (MSS) မှာ ထည့်သွင်းထားတဲ့ AI စနစ်ကို သုံးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဆိုး ဖြစ်ပွားပြီး နာရီပိုင်းအလိုမှာပဲ ဒီတိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ တာဝန်ဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကောက်ချက်ချခဲ့ပါတယ်။ ဖြစ်စဉ် အခြေအနေတွေကို လေ့လာကြည့်တဲ့အခါ စစ်ဝန်ကြီးဌာနအနေနဲ့ ဒီတိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခုတည်းကြောင့် မဟုတ်ဘဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက် သေးသေးလေးတွေ အစဉ်လိုက် ဆက်တိုက် ဖြစ်ပေါ်ခဲ့တာ ကြောင့်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
အမေရိကန်စစ်တပ်ဟာ ဒီကိစ္စကို တားဆီးနိုင်မယ့် အခွင့်အရေး အများကြီး ရခဲ့ပေမဲ့ အသုံးမချခဲ့ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပင်တဂွန်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စုံစမ်းစစ်ဆေးမှုကို ပြီးစီးလုနီးပါး ဆောင်ရွက်ခဲ့ပေမဲ့ အစီရင်ခံစာကိုတော့ အများပြည်သူသိအောင် အခုထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ဟာ မီနက်ဘ်မြို့က မိန်းကလေး မူလတန်းကျောင်းကို တို-က်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၁၆၈ ဦး အပါအဝင် လူ ၁၇၅ ဦး ေ-သဆုံးပြီး ၉၅ ဦး ဒ-ဏ်ရာရရှိခဲ့တယ်လို့ အီရန်ဘက်က ပြောထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒီတို-က်ခိုက်မှုကို အီရန်စစ်တပ်ကပဲ လုပ်တာပါလို့ နောက်ပိုင်းမှာ စွပ်စွဲခဲ့တာပါ။ ဒါပေမဲ့ တို-က်ခိုက်ခံရတဲ့နေရာမှာ တွေ့ရှိရတဲ့ ဒုံးကျည် အပျ-က်အစီးတွေပေါ်မှာ အမေရိကန် စစ်လက်နက် အမှတ်အသားတွေ ပါဝင်နေတာကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်။
