မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၉ ရက်ည ၈ နာရီခန့်က အိုးဝေယာဥ်နှင့် သုံးဘီးယာဥ်တို့တိုက်မိခဲ့ကြောင်း နန်း တော်ရှေ့လူမှုကယ်ဆယ်ရေးဖွဲ့ထံမှ သိရသည်။
အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၁၆ လမ်း တွင်အိုးဝေယာဥ်နှင့် Mobile ဆီရောင်းသုံးဘီးယာဥ်တို့တိုက်ကာ မောင်းနှင်သူ(၂)ဦးလုံးတွင် ထိ ခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့သဖြင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
